မိန်းမပါးစပ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “မိန်းမပါးစပ်” ဆိုတဲ့ ဟစ်ဟော့ သီချင်း ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
***********
ကျမတို့ လူမှုအသိုင်းအဝိုင်းမှာ ယောက်ျားစကား၊ ယောက်ျားကတိဆိုတာမျိုးတွေနဲ့ ယောက်ျားဆိုတာ တည်ကြည်ဖြောင့်မတ်တယ်လို့ အပြုသဘောဆောင် ပုံဖော်သတ်မှတ်ကြပါတယ်။ မိန်းကလေးတွေကိုတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စကားအမျိုးမျိုးပြောတတ်သူတွေ၊ ကတိမတည်သူတွေအဖြစ် အနှုတ်လက္ခဏာဆန်ဆန် ဖော်ပြလေ့ရှိပါတယ်။ ဒါကြောင့် “မိန်းမပါးစပ်” လို့ မဆီမဆိုင်သုံးနှုန်းမှုရဲ့ နောက်ကွယ်မှာ ဂျဲန်ဒါဖိနှိပ်မှုတွေ၊ လိင်ခွဲခြားဆက်ဆံတဲ့အတွေးအခေါ်တွေ တွဲလျက် ကပ်ပါနေတာကို သတိချပ်ရမှာ ဖြစ်ပါတယ်။
- အိမ်တွင်းငရဲခန်းများအလွန် - 05/11/2025
- မိန်းမပါးစပ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 28/10/2025
- အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်နဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုထားမလား - 23/10/2025










