ပိတ်လှောင်ခံ အမျိုးသမီးတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ပွင့်လာချိန်..
ရိုက်ကူးတည်းဖြတ် – ညီထွေး
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မွတ်ဆလင်၊ ဟိန္ဒူ၊ မြို စတဲ့ လူမျိုးစုတွေကို ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာခရီးသွားလာခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေပေးထားတယ်လို့ ဒေသခံအမျိုးသမီးတွေဆီက သိရပါတယ်။
ဒုက္ခသည်စခန်းမှာ အကူအညီအထောက်အပံ့မရတာ ၃ နှစ်လောက်ရှိပြီးဆိုပေမဲ့ အဲဒီစခန်းမှာ နေထိုင်တဲ့ ကလေးတွေ၊ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေဟာ လွတ်လပ်စွာခရီးသွားလာခွင့်ရလို့ ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။
မြို့ထဲမှာ လွတ်လပ်စွာ သွားလာခွင့်ရတော့ အကူအညီထောက်အပံ့မရရင်လည်း အလုပ်တွေလုပ်လို့ရလို့ ပျော်ရွင်ရတယ်လို့ လွတ်လပ်စွာသွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ရလာတာနဲ့ပတ်သက်လို့ မြေပုံမြို့က ဒေါ်အာရှား ၅၀နှစ် က ပြောပါတယ်။
“အရင်က ဘုရားမှာဆုတောင်းတယ် ရခိုင်ရွာတွေမှာ ဘယ်အချိန်သွားလို့ရမလဲလို့။ အရင်ခါ ကျမတို့ကို ကြက်တွေကို ဖမ်းထားသလို ဖမ်းထားတယ်လေ ဘာနေရာကိုမှ မသွားရဘူး” ၎င်းကဆိုပါတယ်။
- အိမ်တွင်းငရဲခန်းများအလွန် - 05/11/2025
- မိန်းမပါးစပ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 28/10/2025
- အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ်နဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုထားမလား - 23/10/2025





