ငြိုး – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ကလေးထိန်းတဲ့အလုပ်တွေ၊ အိမ်ထောင်မှုတွေဆိုတာက မိန်းမတွေရဲ့ အလုပ်ဖြစ်တယ်၊ ယောကျာ်းတွေနဲ့မဆိုင်ဘူးဆိုတဲ့ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ဂျန်ဒါခွဲခြားသတ်မှတ်ချက်တွေ၊ ပုံစံခွက်တွေကို ဒီဇာတ်လမ်းတွဲထဲမှာ အများကြီးတွေ့ရမှာဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့  “ငြိုး ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲက အဓိကဇာတ်ဝင်ခန်းလေးကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။