ယဉ်တစ်ကိုယ်မယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
“အမျိုးသမီးတွေအတွက် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု၊ တန်ဖိုးတွေဆိုတာ ခန္ဓာကိုယ်လှမှဆိုတဲ့ မှားယွင်း တဲ့ အတွေးအခေါ်တွေကို လူ့အဖွဲ့အစည်း အတွင်းမှာ စိမ့်ဝင်သွားအောင်နဲ့ အသားကျသွားအောင် ထပ်ပြီး လက်ဆင့်ကမ်း ထည့်သွင်းပေးလိုက်သလို ဖြစ်စေပါတယ်။”
—-
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ မြို့မငြိမ်းရေးစပ်ထားပြီး ခင်မောင်တိုးသီဆိုထားတဲ့ ” ယဉ်တစ်ကိုယ်မယ် ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။





