တောတောင်အထပ်ထပ်ဆီက ထမင်းတနပ်

 —

 ရိုက်ကူး၊တည်းဖြတ်- ညီထွေး

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေဟာ ရိက္ခာအထောက်အပံ့မရတာတွေကြောင့်အသက်ရှင်ရပ်တည်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။

အဲ့ရုန်းကန်မှုတွေထဲမှာ တောတောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး ဝမ်းရေးအတွက် တနေကုန်တောတက်မျှစ်ချိုးနေကြရတဲ့ စစ်ဘေးရှောင်မိခင်တွေလည်းရှိပါတယ်။

 ” အလုပ် လုပ်လို့မရဘူး။ အဆင်မပြေဘူးဆိုရင်စိတ်ညစ်ရတယ်။ မခံစားနိုင် ဘဝတွေကို။ စစ်ဘေးရှောင်ဘဝတွေကိုလည်း ညစ်ညူးနေပြီးဒီပြသနာတွေကိုလည်း ပြီးဆုံးသွားစေချင်ပြီ” စစ်ဘေးရှောင်မိခင်တဦးပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ကလည်းမြန်မာနိုင်ငံအတွင်း လူ ၃ ဦးမှာ ၁ဦးနှုန်းဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Author: