မြောက်ဦး လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာရခဲ့သူတွေထဲက ကလေးတစ်ဦးနဲ့ အမျိုးသမီးတဦးထပ်မံသေဆုံး

သန့်ရှင်းထွန်း

မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေထဲက ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၁၄ဦးရှိသွားပြီးဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက် ည ၁၁ နာရီကျော်ကလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငါးဦး၊အမျိုးသမီးလေးဦးနှင့် အမျိုးသား အမျိုးသားသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ ကလေး၊ အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသားအပါအဝင် စုစုပေါင်း ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဒဏ်ရာရသူတွေထဲက အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဟာ ဩဂုတ် ၂၆ ရက်၊ ညနေ ၄ နာရီမှာ ထပ်မံသေဆုံးခဲ့ရကြောင့် သေဆုံးသူစုစုပေါင်း ၁၄ဦးရှိသွားပြီးလို့ တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“နောက်ထပ်မဖြစ်ဖို့လည်းမျော်လင့်ပါတယ်။ကိုယ်ခံစားရသလိုသူများတွေကိုလည်းမခံစားစေချင်ဘူး။အတတ်နိုင်ဆုံးကာကွယ်ပေးစေချင်တယ်။”လို့ သေဆုံးသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အပြစ်မဲ့အရပ်သား အာရက္ခပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ နေ့စဉ် ရက်ဆက် ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်တွေကိုပြင်းထန်စွာရှုတ်ချပြီး ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းဆီကို ပေးပို့သွားမယ့်အပြင် မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေကိုဆက်လက် လုပ်ဆောင်သွားမယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

Author: