မိန်းမအထာ – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
“ကောင်းမြတ်တဲ့အမူအကျင့်တွေမရှိဘဲ မိန်းမဆန်နေရင် ယောင်္ကျားအင်္ဂါကိုဖြတ်ပြီး မိန်းမအဖြစ်ပြောင်းနေလိုက်တော့လို့ ပြောတာမျိုးဟာ အမျိုးသမီးအားလုံးကို ဖြစ်တည်မှုမကိုနိမ့်ချတာအပြင် စော်ကားတဲ့အထိ သက်ရောက်သွားပါတယ်။”
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ ဇွဲသက်ပိုင်နဲ့ ft.Lan Bar တို့သီဆိုထားတဲ့ “မိန်းမအထာ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။











