ပေါက်တောတွင်  ၉ နှစ်သမီးကို သင်္ကန်းဝတ်တစ်ဦးက မုဒိမ်းကျင့်

သန့်ရှင်းထွန်း

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် အသက် ၉ နှစ်အရွယ် ဘကကျောင်းသူတစ်ဦးကို သက်ကြီးပိုင်း သင်္ကန်းဝတ်တစ်ဦးက မုဒိမ်းကျင့်မှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

 ဇူလိုင် ၂၈ ရက်မနက် ၁၀နာရီကျော်ခန့်က ရွာရှိဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ထီးဝင်ယူတဲ့ ဘက ကျောင်းသူကို  စစ်လာရှောင်နေတဲ့ အသက် ၆၉အရွယ် သင်္ကန်းဝတ်က မုဒိမ်းကျင့်ခဲ့တာလို့ မိန်းကလေးငယ်ရဲ့ မိခင်က ပြောပါတယ်။

မုဒိမ်းကျင့်ခဲ့တဲ့ သင်္ကန်းဝတ်ဟာ စစ်တွေမြို့ကနေ ဟင်းခရော်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ စန္ဒိမာ (ခ) စိန်လှထွန်း ၆၉နှစ်လို့ သိရပါတယ်။

“ရခိုင်မှာ သက်ငယ်မုဒိမ်းတွေ အဖြစ်များလာတာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကပါ။ တရားဥပဒေ စိုးမိုးမှု အားနည်းချိန် ပိုဆိုးလာတယ်လို့ ဆိုရပါမယ် ထိရောက်တဲ့တရားစီရင်ရေးတွေဖြစ်ဖို့လိုပါတယ်”လို့ ရခိုင်ပြည်နယ်အခြေစိုက် အမျိုးသမီးအရေးလှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်တွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Arakan Princess Media ကတော့ မုဒိမ်းကျင့်ခံတဲ့ကျောင်းသူ ကို ဆေးစစ်ထားပြီး ပြစ်မှုကျူးလွန်သူ စန္ဒိမာ (ခ) စိန်လှထွန်း ကို သက်ဆိုင်ရာ ULA/AA ရဲဌာနက အမှုအမှတ်(ပ) ၁၇/၂၀၂၅ ၊ ပြစ်မှုပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

Author: