တရားမျှတမှု ဆောင်းကြည်းပေးပါ
🔳 ရိုက်ကူး/တည်းဖြတ် – ညီထွေး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဖားပြိုရွာက စတုတ္ထတန်းကျောင်းသူတဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့အမှုဟာ ၃လကြာတဲ့အထိ ထူးခြားမှု မရှိသေးလို့ တရားမျှတမှုဆောင်ကြည်းပေးဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ညက အသက် ၉ နှစ်အရွယ်၊ စတုတ္ထတန်းကျောင်း သူမအိအိဆန်းဟာ ညဖက်အိမ်သာသွားစဥ် တရွာထဲသား မောင်လှသန်းဆိုက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ”
“အိမ်မှာလည်းမနေရဲတော့ဘူး။ အိပ်လည်း မအိပ်ရဲတော့ဘူး။ လူတွေရှိတဲ့အချိန်မှ နေရဲတယ်။ အဲဒီလောက်အထိ ကြောက်သွားတာ။ ကျမမှာ ရှာစားရတယ်၊ တောင်တွေကို သွားရတယ်၊ အခု မသွားရဲတော့ဘူး၊ ငတ်ရင်လည်း ဒီအတိုင်းနေရတော့မယ်၊ ရှာလို့ မစားရဲတော့ဘူး၊ လူတွေကိုလည်း မယုံတော့ဘူး” လို့ မအိအိဆန်းရဲ့ မိခင်ဒေါ်ဆန်းဆန်းကြည်က ပြောပါတယ်။
ဒီအမှုပြီးဆုံးသွားရင်လည်း မအိအိဆန်းရဲ့ မိခင်စိတ်ထဲ စွဲကပ်ကျန်နေခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ကုသပေးဖို့ လိုအပ်မယ်လို့ဆိုပါတယ်။
- နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး - 08/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 06/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 29/11/2025











