ကြင်ဖော် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ (၂)
ကျမတို့ရဲ့ လူ့အဖွဲ့အစည်းတွေမှာ မျိုးဆက်ပွားခြင်း (ကလေးမွေးခြင်း) က မိန်းမတစ် ယောက်ရဲ့ အကြီးဆုံးတာဝန်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး အိမ်ထောင်တစ်ခုမှာ မဖြစ် မနေ လုပ်ရမယ့်အရာလို့ ယူဆလက်ခံထားကြတာကို တွေ့ရပါတယ်။
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ကြင်ဖော်” ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ ဆက်လက်ပြီး သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။










