ဗုံးစထိမှန်တဲ့ အမျိုးသမီတဦး ဆေးကုသခွင့်ကောင်းကောင်းမရသဖြင့် သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲစဥ် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဆေးကုသခွင့်ကောင်းကောင်းမရသဖြင့် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဇွန်လ၁၇ရက်နေ့က ကျောက်ကြီး ရွာသားတဦးက ဇွန်လ၁၇ရက်နေ့က ပြောပါတယ်။

ဗုံးစထိမှန်ခဲ့တဲ့ ကျောက်ကြီးရွာသား ဒေါ်တင်ဝင်း ၄၂နှစ်ဟာ ဇွန်လ ၁၄ ရက်က ဆေးကုသမှုခံနေစဥ် ထပ်မံ သေဆုံးသွားခဲ့သဖြင့် အရင်သေဆုံးခဲ့တဲ့ အမျိုးသမီး ၃ဦးနှင့်ဆိုလျှင် စုစုပေါင်း ၄ဦးသေဆုံးခဲ့တယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။

” ခြေထောက်နဲ့ မျက်နှာအကုန်လုံး ဒဏ်ရာသွားတာ။ ဒဏ်ရာလည်း ပြင်းတော့ တစ်ပတ်လောက်ပဲ ဆေးကုသမှုပေမယ် ဆေးဝါးကရီယာမပြည်စုံတော့ အဲဒီမှာ သေဆုံးသွားခဲ့တာ” လို့ ၎င်းကဆိုပါတယ်။

ဇွန်လ ၇ ရက် ကျောက်ကြီးကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဥ်မှာ အစောပိုင်းက အမျိုးသမီး ၃ဦးသေဆုံးခဲ့ရာ အခုဒေါ်တင်ဝင်းထပ်မံသေဆုံးသဖြင့် အမျိုးသမီး ၄ သေဆုံးခဲ့ပြီး အမျိုးသား၁ယောက်အပါအဝင်စုစုပေါင်း အရပ်သား ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ရှိမြို့အတော်များများကို လက်လွတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဆေးရုံ၊ဆေးခန်းတွေကိုပါပစ်မှတ်ထားဗုံးကြဲမှုတွေ့ကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ အချိန်မှီဆေးကုသခွင့်မရကြလို့ သေဆုံးကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်ကြောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊သက်ကြီးရွယ်အိုအပါအဝင် အရပ်သားတွေဟာ မိုးထဲလေထဲမှာ ဖြစ်သလိုနေထိုင်နေရပြီး နေရပ်မပြန်နိုင်သေးကြောင်းသိရပါတယ်။

နောက်ဆုံးသတင်းများအရ ကျောက်ကြီးရွာဗုံးခံရမှု ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော်ခန့်ရှိပြီး ဆေးဝါးကုသဖို့ ငွေးကြေးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Author: