သံတွဲမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲ၊ အမျိုးသမီး ၃ ဦးသေဆုံး
သန့်ရှင်းထွန်း
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် နေတဲ့ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်တွေဟာ ဇွန်လ ၇ ရက် ည ၁၀ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တယ်လို့ ကျောက်ကြီးရွာက စစ်ဘေးရှောင်တွေက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ အသက် ၄၈ နှစ်၊ အသက် ၄၃ နှစ်နှင့် အသက် ၁၂ နှစ်အရွယ်တွေ ဖြစ်ကြပြီး သေဆုံးခဲ့တဲ့ အမျိုးသားကတော့ အသက် ၄၂ နှစ်ဖြစ်ပါတယ်။

“အပစ်ရပ်ထားပေမယ့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက အမြဲလိုလိုရှိနေပါတယ်။ အဲဒီလို ဗုံးကြဲလို့ သေ ဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ များတာတွေ့ရတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကို မရပ်နိုင် သရွေ့ နောက်ထပ်ထိခိုက်မှုတွေက ဆက်ရှိနေမှာပါ။ လေကြောင်းတိုက်ခိုက်မှုရပ်ဖို့ ပြောနိုင်တဲ့သူတွေ ပြောပေးဖို့ လိုပါမယ်” လို့ ရခိုင်အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာခံ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီအထဲက ၆ ဦးဟာ စိုးရိမ်ရ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလက အမျိုးသမီး ၈၁ ဦး သေဆုံးခဲ့ပြီးတော့ ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ထုတ်ပြန်ထားပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025