မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီအပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ ဖြိုးကြီးနဲ့ အနဂ္ဂတို့ သီဆိုထားတဲ့ “မိန်းမယူရင် စဥ်းစားဖို့လိုတယ်” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာဆိုရင် ဟာသအငြိမ့်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ စတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက ဇာတ်ဝင်ခန်းတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူ အပြောအဆိုတွေကို ဂျန်ဒါရှုထောင့်ကနေ သုံးသပ် review လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။