စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၃ရက်အတွင်း အမျိုးသမီး ၈ ဦးသေဆုံး
ညီထွေး
နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲမှုတိုက်ခိုက်မှုတွေ့ကြောင့် ဇွန်လ ၇ ရက် ဇွန်လ ၉ ရက်အထိ ၃ ရက်အတွင်း အမျိုးသမီး ၈ ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့ရသူတွေဟာ စစ်ကိုင်းတိုင်း ၁ ဦး၊ မန္တလေး၂ ဦး၊ တနင်္သာရီ ၁ ဦး၊ ရခိုင်က ၃ ယောက်နဲ့ ကရင်ပြည်နယ်မှာ ၁ ယောက် စုစုပေါင်း ၈ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးသေဆုံးမှုတွေဟာလစဥ်မြင့်တက်နေပြီး လူသားဖြစ်တည်မှုကိုခြိမ်းခြောက်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကအတွင်းရေးမှူး ၂ မယာဥ်မျိုးလှိုင် ပြောဆိုထားတယ်။ တိုက်ပွဲနဲ့မဆိုင်ဘဲ အခုလို သေဆုံးကြရတာဟာ တရားမျှတမှုလုံးဝမရှိဘဲ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့ အမျိုးသမီး အရေးတက်ကြွလှုပ်ရှာသူတစ်ဦးကပြောကြပါတယ်။
စစ်ကောင်စီဟာအပစ်အခတ်ရပ်စဲရေးကြေငြာထားချိန်မှာပဲ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာတွေ့ရပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025