“ခြေထောက်ကို ကြည့်တဲ့အချိန်တိုင်း ကျမစိတ်ပျက်မိတယ်”
ရိုက်ကူး/တည်းဖြတ် – ညီထွေး
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနောက်ဆက်တွဲ အကျိုးဆက်အဖြစ် မြေမြုပ်မိုင်း၊ စစ်ကျန်လက်နက်နဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ဦးရေလည်း တနေ့တခြားတိုးလာနေသလို တိုးလာလျက်ရှိပါတယ်။
ရခိုင်ပြည်အတွင်း မသန်စွမ်းအရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ အခုအချိန်အထိ ကိုယ်လက်အင်္ဂါဆုံးရှုံးသွာသူ ၁၀၀၀နီးပါးရှိနေတာကို တွေ့ရပါတယ်။ သူတို့တွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နေကြရပါတယ်။ အဲဒီထဲမှာ ခြေထောက်ကို ကြည့်တဲ့အချိန်တိုင်း ကျမစိတ်ပျက်မိတယ်”ဆိုတဲ့ ခြေတဖက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ်၊မခိုင်စိုးအေး တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။
သူမခြေထောက်တစ်ဖက်ဆုံးရှုံးသွားတဲ့အခါ လူမှုဘဝရပ်တည်းရေးမှာ ဘယ်လို အခက်အခဲတွေ ဖြစ်နေလဲဆိုတာကို ရိုက်ကူးဖော်ပြပေးထားပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025