တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ (၆) ရက်နေ့ကနေ ၁၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာ တွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

ဝန်းသိုတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးနှင့်အမျိုးသမီးများအပါအဝင် ၃၀ နီးပါးသေဆုံး

စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နန်းခမ်းကျေးရွာဆေးရုံရှေ့နဲ့ ကျောင်းဟောင်းပတ်ဝန်းကျင်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူအများအပြားထိခိုက်သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် ၃၀ နီးပါးသေဆုံးပြီးကျေးရွာ ဆေးရုံဆောင်တွေ၊ လူအိမ်တွေနဲ့ တခြားအဆောက်အအုံတွေလည်း ပျက်စီးသွားတယ်လို့ဆိုပါတယ်။

တရွာလုံးရစရာမရှိတဲ့ အခြေအနေဖြစ်ပြီး အလောင်းမကောက်နိုင်သေးတာတွေလည်းရှိသလို သေဆုံးသူ ၅၀ ကျော်ရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်ကဆိုပါတယ်။

Source – DVB

စစ်ရှောင်စခန်းမှမိန်းကလေးငယ် ၃ ဦးအား ဖမ်းဆီးသတ်ဖြတ်သူကိုသေဒဏ်စီရင်

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ဂျေယန်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အသက် (၁၀)နှစ်နဲ့ (၁၁)နှစ်အရွယ် မိန်းကလေး ငယ်သုံးဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့တရားခံအုန်ဆောင်းဒွဲအောင်ကို KIO တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။

တရားခံအုန်ဆောင်းဒွဲအောင်ကို ပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၁၀ နှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ ၊ လူသတ်မှုရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁(ခ) အရသေဒဏ်တို့ ချမှတ်ခဲ့ပြီး နောက် အပြီးသတ်အမိန့်အနေနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

တရားခံဖြစ်သူဟာ စစ်ရှောင်စခန်းကမိန်းကလေးငယ်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုထံ ဆက်သွယ်ကာ  တရုတ်ငွေ ယွမ် ၃၀၀, ၀၀၀ နဲ့ ပြန်လည်ရွေးယူရန် ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက် မိန်းကလေး ငယ်တွေကိုသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Source – Mizzima

မန္တလေးနဲ့ စစ်ကိုင်းမှာ ဗလီကိုးလုံးပြိုကျမှုကြောင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီး ၉၀ ဦးကျော်ထိခိုက်သေဆုံး

မန္တလေးနဲ့ စစ်ကိုင်းမှာငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားဝတ်ပြုကျောင်း ဗလီကိုးလုံး ပြိုကျပျက် စီးမှုမှာအမျိုးသမီး ၉၀ ဦးကျော်အပါအဝင် အစ္စလာမ်ဘာသာဝင်စုစုပေါင်း ၂၃၅ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ် ဆယ်ရေးလုပ်နေတဲ့ အစ္စလာမ်အဖွဲ့တွေကပြောပါတယ်။    

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၅၀၀ ဦးသေဆုံးခဲ့တယ်လို့ ပြောထားပေ မယ့် တကယ့်မြေပြင်စာရင်းတွေနဲ့တော့ ကွဲလွဲနေတာဖြစ်ပါတယ်။ ဗလီကိုးလုံးပြိုကျမှုမှာပဲ အစ္စလာမ်ဘာသာဝင် ၂၅၀ နီးပါးသေဆုံးထားတာလို့ဆိုပါတယ်။    

ဗလီတွေဟာ သက်တမ်းကြာရှည်ပြီဖြစ်တဲ့ ဗလီတွေဖြစ်ပြီးငလျင်လှုပ်တဲ့အချိန်ကထောင်နဲ့ချီတဲ့ အစ္စလာမ်ဘာ သာဝင်တွေ ဝတ်ပြုဘုရားရှိခိုးနေချိန်ဖြစ်ပါတယ်။

သေဆုံးရသူအများစုဟာ ပထမငလျင်လှုပ်တဲ့အချိန်မှာပိတ်မိ၊ ဖိမိနေတဲ့ကျန်ရစ်နေသူတွေကိုကယ်ထုတ်ဖို့ဝင် သွားရင်း ဒုတိယငလျင်ကြောင့် ထိခိုက်သေဆုံးရတာများပါတယ်။

Source – HI

ငလျင်ဒဏ်သင့် Sky Villa ကွန်ဒိုမှ အမျိုးသမီးနှင့် ကလေးရုပ်အလောင်း ၁၀ လောင်းထပ်မံရှာတွေ့

မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုအဆောက်အအုံပြိုကျမှုမှာ ရှာဖွေကယ် ဆယ်ရေးလုပ်ဆောင်ရာ ဧပြီ ၇ ရက်နေ့လယ်မှာတော့ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် ရုပ်အလောင်း ၁၀ လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Sky Villa အဆောက်အအုံပြိုကျမှုမှာပိတ်မိနေသူတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ် ဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံက Blue Sky Rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဧပြီ ၇ ရက်က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်စဉ် အမျိုးသမီး ၈ ယောက်နဲ့ ကလေးငယ် ၂ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကိုရှာဖွေ တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မနက်ပိုင်း ရှာဖွေကယ်ဆယ်ရေးမှာ အမျိုးသမီးအလောင်း ၆ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နေ့လယ် ၁၂ နာရီနောက်ပိုင်း ဆက်လက်ရှာဖွေရာမှာတော့ အမျိုးသား (ကလေး) တစ်ယောက်၊ အမျိုးသမီး (ကလေး) တစ်ယောက်နဲ့ အမျိုး သမီး ၂ ယောက်ကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒို ပြိုကျမှုကနေ ဒီကနေ့ ဧပြီ ၇ ရက် နေ့လယ်အထိ သေဆုံးသူ ၆၀ ကျော်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ရဲ့ စာရင်းတွေအရသိရပါတယ်။

Source – DVB

ဆယ်ကျော်သက်ကလေးနဲ့ အစ်မကို ပစ်သတ်ခဲ့တဲ့ မန္တလေးPDF ရဲဘော်ကိုဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှု စတင်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကံတောင်ရွာက ဆယ်ကျောက်သက်ကလေးတစ်ဦးနဲ့ အစ်မဖြစ်သူတို့ကို သေနတ်နဲ့ ပတ်ခတ်ခဲ့တဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY- PDF)က ရဲဘော်စိုးကြီးကို ဖမ်းဆီးထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ညက စဉ့်ကူမြို့နယ် ကံတောင်ကျေးရွာ ရွှေကံ့ကော်ရပ်ကွက်မှာရှိနေတဲ့ မသီတာစန်း(၂၈) နှစ်နဲ့ မောင်လှိုင်ဝေလင်း(၁၄) နှစ် တို့ကို MDY PDF ရဲဘော်စိုးကြီး (ခ) ကိုကိုစိုးကသေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး မောင်လှိုင်ဝေလင်းဟာ နေရာမှာတင်သေဆုံးခဲ့ကာ မသီတာစန်းကပေါင်နဲ့ ခြေသလုံးကျည်ထိဒဏ်ရာတွေနဲ့ မိုး ကုတ်ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။

အဲဒီပစ်ခတ်ပစ်မှုကြောင့် မသီတာစန်းနဲ့ မောင်လှိုင်ဝေလင်းတို့ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးကျော် (၄၃) နှစ်ဟာလည်း အခင်းဖြစ်နေရာမှာပဲ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Source – Burma VJ

စစ်ကိုင်းမြို့ ငလျင်ဒဏ်သင့် အမျိုးသမီး ၅၀၀ ခန့်ကိုကုလထောက်ပံ့သည့် ပစ္စည်းများလှူဒါန်းပေး

စစ်ကိုင်းမြို့ငလျင်ဒဏ်သင့် အမျိုးသမီး ၅၀၀ ခန့်ကို ကုလသမဂ္ဂမှ ထောက်ပံ့တဲ့ပစ္စည်းတွေသွားရောက်လှူဒါန်းခဲ့ တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ရက်မှ ၈ ရက်အထိ  စစ်ကိုင်းမြို့၊ ရွာထောင် ရပ်ကွက်ရှိ အမျိုးသမီး ၅၀၀ ခန့်အတွက် ကုလသမဂ္ဂမှ ထောက် ပံ့တဲ့မိန်းကလေးသုံး ပစ္စည်း ၁၂ မျိုးပါဝင်တဲ့  Dignity Kit ကျောပိုးအိတ် အလုံး ၅၀၀ ကို S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂကအနေနဲ့ အသက် ၁၅ နှစ်မှ ၄၉ နှစ် အတွင်းရှိ အမျိုးသမီးတွေကိုထောက်ပံ့ခိုင်းခြင်းဖြစ်ပြီး ပစ္စည်း မလုံလောက်သော်လည်း ကုလသမဂ္ဂက ထပ်မံလှူဒါန်းရန် အစီအစဉ် ရှိ၊ မရှိ မသိသေးဘူးလို့ဆိုပါတယ်။

Source – Myanmar Press Photo Agency

စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၇၀ကျော် သေဆုံး

အင်အားပြင်းငလျင်ကြောင့် ပြည်သူတွေဘေးသင့်နေချိန်မှာ စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက် ခိုက်မှုကြောင့် ကလေးငယ်ခြောက်ဦးအပါအဝင် အရပ်သားပြည်သူ ၇၀ကျော်အသက်ဆုံးရှုံးခဲ့ရတယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်အပြီး တစ်ပတ်အတွင်းစစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက် ကြီးတိုက်ခိုက်မှု (၉၂) ကြိမ် ပြုလုပ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် (၁၈)နှစ်အောက် ကလေးငယ်ခြောက်ဦး၊ အမျိုးသမီး ၃၀  အပါအဝင်အရပ်သားပြည်သူ (၇၂) ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။

ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှု ၁၈ ကြိမ်နဲ့ မန္တလေး တိုင်းအတွင်းလည်း ၁၈ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။

Source – People’s Spring

စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီး ကျူးလွန်သူတွေကိုရာထူးချအရေး ယူခဲ့

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်  ဇေကမ္ဘာ ဝန်းထဲက စကြာမင်းတိုင်းရင်းဆေးစက်ရုံမှာ အမှိုက် စွန့်ပစ် လို့ ဆိုတဲ့အကြောင်းပြချက်နဲ့  အမျိုးသမီးအလုပ်သမားအားလုံးကို  တစ်ဦးချင်း လုံချည်လှန်ပြီး ဓမ္မတာလာ၊ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ်အလုပ်သမားရုံးက ဝင်ရောက်စစ်ဆေးခဲ့ပြီး ကျူးလွန်သူတွေကိုရာထူးချအရေးယူခဲ့တယ် လို့ သိရပါတယ်။

စက်ရုံမှူးတစ်ယောက်၊လက်ထောက်မန်နေဂျာ၊ စူပါဗိုက်စာတစ်ယောက်နဲ့ လက်ထောက်စူပါဗိုက်စာတစ်ဦး စုစု ပေါင်း ၅ ဦးကို ၃လတိတိရာထူးတစ်ဆင့်ချလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စကြာမင်းစက်ရုံမှာ အမျိုးသမီးအလုပ်သမားအားလုံး ၄၀ ကျော်ရှိတာဖြစ်ပြီး  အလုပ်သမားအားလုံးကို  တစ်ဦးချင်းစီ လုံချည်လှန်ပြီး  အတွင်းခံမှာဓမ္မတာလာ၊ မလာကို ကြည့်ရှု စစ်ဆေးခဲ့တာဖြစ်သလို  စစ်ဆေးသူဟာ  အမျိုးသမီးဖြစ်ပေမဲ့လည်း  CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာကြောင့် ကျေနပ်မှုမရှိတဲ့ အလုပ် သမားတွေက  သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့  အရေးယူပေးစေဖို့ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Source – Myanmar Labour News

Author: