အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သမိုင်းကြောင်း
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့(International Women’s Day )ဟာ မတ်လ၈ရက်နေ့မှာ ကျရောက်ပြီး ကမ္ဘာအရပ်ရပ်မှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ ဒီနေ့ကိုကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များနဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေခံကဏ္ဍများမှာ ပိုမိုတိုးတက်ခွင့်ရရှိရန်အတွက် အရေးကြီးသောနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day )ဖြစ်ပေါ်လာပုံကတော့ ၁၉၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က အလုပ်သမားအမျိုးသမီးများ ၁၅,၀၀၀ ကျော်ဟာ အလုပ်ချိန် လျှော့ချပေးဖို့၊ လစာတိုးပေးဖို့နဲ့ အမျိုးသမီးများမဲပေးပိုင်ခွင့်ရရေးတို့အတွက် တောင်းဆိုဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ပြီး ဒီလှုပ်ရှားမှုဟာ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီး အရေးလှုပ်ရှားမှုတွေရဲ့ အဦးအစ ဖြစ်ခဲ့ပါတယ်။
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025
- တပြိုင်တည်း တိုက်ပွဲနှစ်ရပ် ဆင်နွဲနေရတဲ့ အမျိုးသမီးများ - 09/07/2025