Home သတင်း ကရင်နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ဒေါက်တာ ဘလူးမင်းနိုက်ဇန် ကွယ်လွန်

ကရင်နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ဒေါက်တာ ဘလူးမင်းနိုက်ဇန် ကွယ်လွန်

HI

အမျိုးသမီးနိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးတွေမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ကရင်နိုင်ငံရေးအမျိုး သမီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Dr .P’Doh Naw Blooming Night Zan (ဒေါက်တာ ဘလူးမင်းနိုက်ဇန်) ဟာ မနေ့က ဖေဖော်ဝါရီ  ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

“ကွယ်လွန်ရတဲ့အကြောင်းအရင်းက ကျမတို့ သိသလောက် သူအောက်ဆီဂျင်ကျတယ်။ သွေးအားလဲ ၇ ရာခိုင် နှုန်း ပဲကျန်တယ်လို့ကြားရတယ်။ ပြီးတော့အဆုတ်လည်း မကောင်းတော့ဘူးလို့လဲသိရပါတယ် “လို့ နီးစပ်သူ တစ်ဦးကပြောပါတယ်။  

အသက် (၇၀) ရှိပြီဖြစ်တဲ့ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ဟာ ကရင်အမျိုးသမီးခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်အရေးကို ဆယ်စုနှစ် ၃ ခုကျော် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သလို လက်ရှိမှာ KNU ကေအဲန်ယူဗဟိုတရားသူကြီး -၂ တာဝန်နှင့် KNU ကေအဲန်ယူ-လူ့အခွင့်အရေး ကော်မတီ ဥက္ကဌ တာဝန်ယူထားသူတစ်ဦးလည်းဖြစ်ပါတယ်။

အိမ်ထောင်မရှိ လူလွတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ပဒိုနော်ဘလူးမင်းနိုက်ဇန်ဟာ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင် တက္ကသိုလ် ပထမနှစ် တက်ရောက်စဉ် ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တာကြောင့် ကျောင်းထွက်ခဲ့ရပြီး ၁၉၈၈ ခုနှစ် ကျောင်းသားအရေးအခင်းစတင်ချိန်တွင် တော်လှန်ရေးနယ်မြေကိုအပြီးအပိုင် အခြေချခဲ့သူဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO ဗဟိုအမြဲတမ်းကော်မတီဝင်အဖြစ် ဝင်ရောက် အရွေး ခံခဲ့ပြီး တွဲဖက်အတွင်းရေးမှူး (၂ ) တာဝန်ကို နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ကရင်လူမျိုးတွေရဲ့ နိုင်ငံရေးသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေး ၊ ကရင်ဒုက္ခသည်အရေးတွေမှာ တက်တက်ကြွကြွဆောင်ရွက်ခဲ့သလို နိုင်ငံရေး၊ တိုင်းရင်း သားအရေးတွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာစေဖို့ မျှော်လင့်သူဖြစ်တယ်လို့ ဆိုပါတယ်။

 “သူပြောခဲ့တာရှိတယ်၊သူကတော့ KWO ထဲမှာ ပါဝင်ပြီး လုပ်တာကနေ အခုတော့အခြား KWO ခေါင်းဆောင် တွေ၊အခြားဝန်ထမ်းတွေလည်း ပိုပြီးတော့ များလာတယ်။ ရှေ့ဆက်ပြီးတော့ အမျိုးသမီးတွေက နိုင်ငံရေးအတွင်း မှာ  ပိုပြီးတော့ပါဝင်လာနိုင်မယ်၊ KNU ထဲမှာလည် အမျိုးသမီးတွေ ပိုပြီးတော့ ပါဝင်လာနိုင်မယ်လို့ ပြောခဲ့တာရှိ တယ်” လို ယင်းနီးစပ်သူကဆက်ပြောခဲ့ပါတယ်၊

ဒါ့အပြင်  ဒေါက်တာဘလူးမင်းနိုက်ဇန်က မြန်မာ့အမျိုးသမီးသမဂ္ဂ -BWU ကပြုလုပ်တဲ့ အမျိုးသမီးရေးနဲ့ တိုင်း ရင်းသားရေးလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပြီး ဆရာမကြီးဆုံးပါးမှုက အမျိုးသမီးနဲ့ နိုင်ငံ ရေးလှုပ်ရှားသူတွေအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့  BWU ရဲ့ အထွေထွေအတွင်းရေးမှုး ( ၂ ) မယဉ်မျိုး လှိုင်က ပြောပါတယ်။

 “ဆရာမကြီး ရှိစဉ်ကာလက အများကြီးသင်ယူလေ့လာခဲ့ရတယ်၊ ဒီလိုဆုံးရှုံးမှုကြားတဲ့အခါ ဝမ်းနည်းရတယ်။ ဆရာမတို့ မြင်ချင်တဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားရေး၊ နိုင်ငံရေးနဲ့ အမျိုးသမီးရေးတွေကို ရောက်အောင်သွားဖို့ တာဝန်ပိုရှိလာတယ်လို့ ခံစားရတယ်”လို့ မယဉ်မျိုးလှိုင်ကပြောပါတယ်။

Author:

Related Articles