မြန်မာပြည်ရဲ့ အရှိန်ပြင်းပြင်းနဲ့ ရိုက်ခတ်လျက်ရှိတဲ့ နိုင်ငံရေး လှိုင်းလုံးဒဏ်တွေကို ကြံ့ကြံ့ခံကျော်ဖြတ်နေကြရတဲ့ အမျိုးသမီးပေါင်းများစွာထဲမှာ မယ်းသီတာတစ်ဦးလည်း ပါဝင်ပါတယ်။ ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် တစ်ဦးဖြစ်သူ မယ်းသီတာဟာ လက်ရှိ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကို ခံထားရသူပါ။ သူမဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲကနေ အများမဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးရပ် ကျေးအုပ်ချုပ်ရေးမှုး တစ်ဦးလည်း ဖြစ်ပါသေးတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ဖို့ ဒီမိုကရေစီနည်းအရ ရွေးချယ်ခံခဲ့ရပေမယ့် ရှေးရိုးစွဲ အယူအဆနဲ့ ကျား-မ ခွဲခြားမှုတွေ ကြီးစိုးလျက်ရှိနေသေးတဲ့ မြန်မာပြည်တွင်းက သူမရဲ့ ရပ်ရွာဒေသမှာတော့ အမျိုးသမီးဖြစ်နေခြင်းကြောင့်နဲ့ပဲ များပြားတဲ့ အခက်အခဲတွေနဲ့ တိုက်ခိုက်ခြင်းတွေကို ခံခဲ့ရပါတယ်။ အမျိုးသမီးအုပ်ချုပ်ရေးမှူး ရှိနေတဲ့ဒေသဟာ ဘုန်းကံနိမ့်တယ်၊ ကံဆိုးမှုတွေကျရောက်နိုင်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြားထဲကနေပဲ သူမဟာ ရပ်ရွာအတွက် မြင်သာတဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သူမရဲ့ အမျိုးသမီးအရေးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာတော့ စစ်ကောင်စီဟာ သူမကို ဖမ်းဆီးဖို့အတွက် ၀ရမ်းထုတ်ခဲ့ပြီး သူမပိုင်ဆိုင်တဲ့ အိမ်ကိုလည်း ချိတ်ပိတ်သိမ်းယူခဲ့ပါတယ်။
သူမရဲ့ ခင်ပွန်းဖြစ်သူဟာလည်း NLD ပါတီဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အာဏာသိမ်းစစ်ကောင် စီက ပုဒ်မ (၄) ခုနဲ့ မတရားစွဲဆိုပြီး ဖမ်းဆီးချုပ်နှောင် အကျဥ်းချခြင်းကို ခံခဲ့ရပါတယ်။ မယ်းသီတာဟာ တစ်ဦးတည်းသောသားငယ်လေးနဲ့အတူ စစ်ကောင်စီရဲ့ လက်ကနေ လွတ်မြောက်အောင် ထွက် ပြေးပုန်းရှောင်ခဲ့ရပြီး လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ နယ်စပ်မြို့တစ်နေရာမှာ အမျိုးသမီးရေး တက်ကြွလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။
- ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး - 14/03/2025
- မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင် ထိုင်းမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့် - 13/03/2025
- တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ - 12/03/2025