အွန်လိုင်းပေါ်မှတစ်ဆင့် နှောင့်ယှက်မှုတွေ ကြုံတွေ့ခံစားနေရသူများအတွက်“အွန်လိုင်းအရေးပေါ် ဝန်ဆောင်မှု “Stop Online Harm” Program Lead Hetty နှင့် အင်တာဗျူး

Stop Online Harm အနေနဲ့ ဘယ်လို ဝန်ဆောင်မှုတွေ၊ အကူအညီတွေရယူနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ Program Lead  (ပရိုဂရမ် ဦးဆောင်သူ) တစ်ဦးဖြစ်တဲ့ Hetty ကို HI ကဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးကို ကျမတို့လက်ထက်မှာ အဆုံးသတ်ချင်ပြီ

“ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”

သန္ဓေတားဆေးများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မြို့ပြတွေပါခက်ခဲနေ

“ကိုယ်လုပ်သမျှ အရာမထင်တော့တဲ့ကာလမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းထားဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ ခေါ်ပြီး မနိုင်ဝန်ထမ်းမယ့်အတူတူ ငါတို့တော့ ကလေးထပ်မယူတော့ဘူးလို့ မိန်းမနဲ့လည်း တိုင်ပင်ထားတယ်၊ သူလည်း ဆေးထိုး ဆေးသောက်မလုပ်ချင်ဘူးဆိုတာနဲ့ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် ”

စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း အမျိုးသမီးထုရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အခြေအနေများနဲ့ပတ်သက်ပြီး Jue Jue’s Safe Spaceမှ မဂျူးဂျူးမင်းသူနှင့် အင်တာဗျူး

ကျွန်မတို့မြန်မာပြည်မှာ စိတ်ကျန်းမာရေးကို ပိုအားစိုက်လာတာနဲ့အမျှ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့  ဗဟုသုတတွေလည်း တွင်ကျယ်လာတယ်။ အမြင်တွေလည်း ပွင့်လင်းလာတယ်။ သို့သော် စိတ်ကျန်းမာရေး ကုစားဖို့အတွက် လိုအပ်တဲ့အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို အသုံးပြုဖို့လိုတယ်။ သူတို့ရဲ့  ဝန်ဆောင်မှုကို အသုံးပြုဖို့လိုတယ်။

တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များ

နိုဝင်ဘာ ၁၁ရက်ကနေ ၁၇ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။

ရခိုင်စစ်ရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ တိုက်ပွဲကာလတစ်နှစ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ငါးသိန်းငါးသောင်းကျော်(၅၅၀,၀၀၀)ကျော်ရှိနေပြီး အဲဒီအထဲက သုံးသိန်းခြောက်သောင်းနီးပါး(၃၅၇,၀၀၀)ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ တုံ့ပြန်နိုင်ဖို့ အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ပေးနေသူ  

“မိန်းကလေးဆိုတာ အချိန်တန်လို့ယောကျာ်းယူရင် လုံခြုံပြီလို့ထင်တာ အဲ့လိုအတွေးလောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။ မိန်းကလေးတယောက်က သူ့ကိုယ်သူကာကွယ်နိုင်ရင် ပိုလုံခြုံမယ်ဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိမနေဘူး။ အဲ့ကြောင့် ညီမဒီသင်တန်းတက်ချင်တာ။ ဘာတွေပြောင်းသွားလဲဆိုတာ မိဘတွေကိုပြချင်တယ်။”လို့ မိဆုက ဆိုပါတယ်။