Home ပေးစာ ပေးစာ/ပြန်စာကဏ္ဍ

ပေးစာ/ပြန်စာကဏ္ဍ

ပရိသတ်များအားလုံး မင်္ဂလာပါရှင်

HI က တင်ဆက်သော အကြောင်းအရာများကို စာဖတ်ပရိတ်သတ်များအလွယ်တကူ ဖတ်ရှုနိုင်ဖို့ အစဉ်အမြဲကြိုးစားလျက်ရှိပါ တယ်။ HI က ထုတ်လုပ်နေတဲ့ သတင်း၊ သတင်းဆောင်းပါး၊ သတင်းရုပ်သံ/ပေါ့ကတ်နဲ့ အမျိုးသမီးပညာပေးကဏ္ဍတွေကို HI ရဲ့ Website ၊ Facebook Page ၊ YouTube နဲ့ Twitter တို့ကနေ ပုံမှန်တင်ဆက်ပေးနေခဲ့ပြီး ယခုနှစ်မှာတော့ Telegram channel ကိုလည်း အသစ် ထပ်မံဖွင့်လှစ်ကာ တင်ဆက်လျှက် ရှိနေပါတယ်။

ဒါ့အပြင် HI ရဲ့ အစီအစဉ်သစ်တစ်ရပ်ဖြစ်တဲ့ HI ပေးစာ/ပြန်စာကဏ္ဍ အသစ်ကိုလည်း ထပ်မံဖွင့်လှစ်လိုက်ကြောင်း သတင်း ကောင်းပါးလိုက်ရပါတယ်။

HI ပေးစာ/ပြန်စာကဏ္ဍ မှာတော့ အနယ်နယ်အရပ်ရပ်က အမျိုးသမီးတွေ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေအပြင် နှိပ်စက်ခံရမှု ၊ အိမ်တွင်းအကြမ်းဖက်ခံရမှု၊ လိင်အကြမ်းဖက်ခံရမှု စတဲ့ မတရားမှုတွေ ကြုံတွေ့လာရပါက HI ပေးစာ/ပြန်စာ ကဏ္ဍ ကိ သတင်းပေးချင်တာဖြစ်ဖြစ် ရင်ဖွင့်ချင်တာဖြစ်ဖြစ် ဆက်သွယ်ပေးပို့နိုင်ပါပြီရှင်။

HI ပေးစာ/ပြန်စာကဏ္ဍကို ဆက်သွယ်ရင်ဖွင့်ချင်တယ်ဆိုရင်ဖြင့် အသံဖိုင်ဖြစ်စေ စာနဲ့ဖြစ်စေ HI ရဲ့ ဖေ့ဘွတ်မက်ဆင်ဂျာ ကနေပေးပို့လို့ရသလို HI အီးမေးလ်ဖြစ်တဲ့ [email protected] ကို လိပ်မူပေးပို့လို့ရပြီဖြစ်ပါတယ်ရှင်။

Author:

Related Articles