Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီ ၂၄ မှ ဧပြီ ၃၀ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော် ပြပေးလိုက်ရပါတယ်။  

  • ပြည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ ၄ ဦးကို သာယာ၀တီထောင်သို့ ရွှေ့ပြောင်း

ပြည်အကျဉ်းထောင်ကနေ ထောင်မှူးနဲ့အဆင်မပြေတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဦးနဲ့ အမျိုးသားအကျဉ်းသားတစ်ချို့ကို ဧပြီလ (၂၄) ရက်နေ့က ထောင်ရွှေ့ပြောင်းလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသူတွေဖြစ်တဲ့ ဒေါ်မာမာအေး၊ ဒေါ်စာဥ ၊ ဆုဝေဖြိုးနဲ့  မပြည့်ပြည့်ဝင်းတို့ကိုထောင်အာဏာပိုင်တွေက သာယာ ဝတီထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေထဲက တစ်ယောက်ဟာ ကျန်းမာရေးမကောင်းဘူးလို့လည်းသိရပါတယ်။

အမျိုးသမီးထောင်မှာရှိတဲ့အခန်းနဲ့လူဦးရေမမျှတာကြောင့် အခန်းတစ်ခန်းမှာရှိသင့်တဲ့ ပမာဏထက်များစွာပိုနေတာ၊ မီးပျက် တာ၊ ခြင်ကိုက်တာ၊ ရာသီဥတုပူပြင်းတာတွေကြောင့် ထောင်သားတွေ ကျန်းမာရေးချို့တဲ့နေကြတယ်လို့ ပြည်ထောင်က လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကပြောပါတယ်။

Source – DVB

  • ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၄ ဦးမှာ ကင်ဆာရောဂါသည် သက်ကြီးအမျိုးသမီးလည်းပါဝင်

ပြည်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကိုပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူလေးဦးထဲမှာ ကင်ဆာရောဂါ သည် သက်ကြီးအမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။

အသက်၆၀အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်မာမာအေးဟာ ရင်သားကင်ဆာဝေဒနာခံစားနေရတာဖြစ်ပါတယ်။

ဒေါ်မာမာအေး၊ မဆုဝေဖြိုး၊ မပြည့်ပြည့်ဝင်းနဲ့ ဒေါ်စာဥတို့ဟာ ပြည်ထောင်မှာ ထောင်တွင်းဖိနှိပ်မှုတွေကို ဆန့်ကျင်တောင်းဆို မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပြောင်းရွှေ့ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဒေါ်မာမာအေးဟာ ပေါင်းတည်အကျဥ်းထောင်အတွင်း ရှိနေချိန်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှု မရရှိသလို အမှုရင် ဆိုင် ဆဲကာလမှာလည်း ရှေ့နေလိုက်ပါခွင့်မရရှိဘဲ အကျဥ်းသားအခွင့်အရေးပါ ဆုံးရှုံးခဲ့ရတယ်လို့ သူနဲ့ရင်းနှီးတဲ့ရှေ့နေတစ်ဦးက ဆို ပါတယ်။

စစ်ကောင်စီက၂၀၂၁ ခုနှစ်၊ ဇွန်လက သားဖြစ်သူကိုလာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် မိခင်ဖြစ်သူ ဒေါ်မာမာအေးကို ဖမ်းဆီးကာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊မတရားသင်းပုဒ်မ ၁၇(၁)နဲ့တရားစွဲပြီး ခုခံချေပခွင့်မရဘဲ စစ်ကောင်စီ တရားရုံး က ထောင် ငါးနှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Source – မြေလတ်အသံ

  • ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ ဝမ်းနည်းကြောင်း Profile ချိန်းသူနဲ့ Post Share သူ အမျိုးသမီးသုံးဦး ဖမ်းဆီးခံရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ပြည်သူအစုလိုက် အပြုံ လိုက် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းအနက်ရောင် Profile ချိန်းကာ Post Share ခဲ့တဲ့ အမျိုးသမီးသုံးဦးကို စစ်ကောင်စီ က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ သံဖြူဇရပ်မြို့နေတစ်ဦး၊ ကျိုက်ထိုမြို့နယ် ၊ ကျိုက်က္ကသာရွာနဲ့ ကျိုက်ထိုဖက္ကလိပ်အောင်ခန်း(၂)ရပ် ကွက်မှ နှစ်ဦးတို့ဖြစ်ပါတယ်။

သံဖြူဇရပ်မြို့နေအမျိုးသမီးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လမှာ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီး ခံခဲ့ရပြီး စစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပြီး ယခုအခါဒုတိယအကြိမ်မြောက် ထပ်မံဖမ်းဆီးခံရတာ လည်းဖြစ်ပါတယ်။

Source – လဂွန်းအိမ်စာစဉ်

  • စစ်ကောင်စီက မဲကနယ်ဒေသအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့်  အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ဒေသကို စစ်ကောင်စီ တပ်က ဧပြီ ၂၅ က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်  ဒေသခံလေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အပြင်ကွင်းကလေးကျေးရွာ(ခ) နို့ဖိုးထီးမူးထကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နို့ဖိုးထီးမူးထကျေးရွာမှ အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး ယာယီတဲအချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း  စစ်ကောင်စီတပ်က မဲကနယ်ဒေသအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

Source – Mizzima

  • သံတောင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ အဖွားအိုတစ်ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး( KNU)၍ တပ်မဟာ (၂)နယ်မြေ၊ တောင်ငူခရိုင်၊ ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃)မိုင်မှာ စစ် ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဘက် ၁၂၀ မမ အမျိုးအစားလက်နက်ကြီးခုနှစ်လုံးခန်းကို ဧပြီလ(၂၅)ရက်နေ့ကပစ်ခတ်ခဲ့တာတာဖြစ်ပြီး အဲဒီ လက်နက်ကြီးကျည်တွေဟာ သံတောင်မြို့၊ဒေမူးလောရပ်ကွက်နဲ့ အိုပီကုန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အိမ်နှစ်လုံးခေါင်းမိုးပြိုကျပျက်စီးခဲ့ပြီး ဒေမူးလောကျေးရွာနေ အသက် ၆၀ အရွယ် အဖွားတစ်ဦး ပေါင်မှာ ထိခိုက်ဒဏ်ရာရခဲ့ကာ တောင်ငူဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။

Source – Mizzima

  • ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ သတင်းပေးတွေထဲမှာ အမျိုးသမီးတစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ကို သတင်းပေးခဲ့တဲ့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိပြီဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန် ကြီးဌာန(MOHAI)က ကြေညာပါတယ်။

ဒီအမျိုးသားနဲ့အမျိုးသမီးတို့အပြင် စစ်ခေါင်းဆောင်၊ စစ်တပ်ကိုအမာခံထောက်ခံသူလို့ ဒေသခံတွေကြားနာမည်ကြီးတဲ့ ပျူစော ထီး လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဥူးဝါသဝနဲ့ဒေါ်နွဲ့ယဥ်ဆိုသူ အမျိုးသမီးတို့ကိုလည်း ကန့်ဘလူမြို့နယ်၊ပြည်သူ့ရဲတပ်ဖွဲ့ ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။

Source – BBC

  • သီပေါမြို့မှ အသက် ၂၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီး ထောင်ဒဏ် ၁၂နှစ် မတရားချမှတ်

တော်လှန်ရေးအင်အားစုတွေကို ငွေလှူဒါန်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ထောင် ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့မှ နန်းမိုးဟိဏ်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုကာ ဧပြီ ၂၈ရက်နေ့က ကျောက်မဲခရိုင်တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

နန်းမိုးဟိဏ်းကို ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Source – People Spring

  • စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရှမ်းကိုးရွာဒေသခံအမျိုးသမီးတချို့ကို ငွေနဲ့ပြန်ရွေးခိုင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့  ရှမ်းကိုးရွာ ဒေသဖက်မှာစစ်ကောင်စီတပ်က ဒေသခံအချို့ကိုဖမ်းဆီးကာ ငွေနဲ့ပြန်လည် ရွေးယူခိုင်းနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဒေသခံတစ်ဦးထံက လက်နက်သေနတ်တစ်လက်ကို တွေ့ရှိခဲ့တာကြောင့် ခမောက်ကြီးမြို့နယ်အမှတ်(၄)ရက်ကွက်၊ ရှမ်းကိုးရွာ ရွာချင်းဆက်လမ်း၊ မာရမ်းကျေးရွာ၊ ဆိပ်ဖူးကျေးရွာ၊လုံဖောရွာ၊ အေးချမ်း သာရွာစတဲ့ ကျေးရွာတွေက အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးလေးဦးကို ဖမ်းဆီးခဲ့ပါတယ်

Author:

Related Articles