Home ဗီဒီယို လုပ်ငန်းခွင် အန္တရာယ်ကြားက အလုပ်ကြမ်းသမား အမျိုးသမီ;

လုပ်ငန်းခွင် အန္တရာယ်ကြားက အလုပ်ကြမ်းသမား အမျိုးသမီ;

အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်ဖြစ်တဲ့ ကုန်ဈေးနှုန်းကြီးမားမှုနဲ့ မြန်မာစစ်တပ်နဲ့ရက္ခိုင့်တပ်တော် (AA)တို့အကြား ပြန် လည်ဖြစ်ပွားလာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေဟာ စားဝတ်နေရေး ကျပ်တည်းလာကြပါတယ်။

အဲဒီလို အဆင်မပြေသူတွေထဲမှာ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ အခြေခံအလုပ်သမားတွေ ရှေ့ဆုံးကပါဝင်နေပြီး အဲဒီ အခြေခံ အလုပ်သမားတွေထဲမှာ အသက် ၂၈ နှစ်အရွယ် မဖြူမလည်း အပါအဝင်ပါ။

အသက် ခြောက်ဆယ်ကျော်အရွယ် မိဘနှစ်ပါးနဲ့ သုံးနှစ်အရွယ်သားလေးတစ်ဦးရဲ့မိခင်ဖြစ်တဲ့ မဖြူမဟာ စစ်တွေမြို့က ပုဂ္ဂလိ က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီလိုအလုပ်ကြမ်းထွက်လုပ်ပေမယ့် သူ့မိသားစု အတွက် စားဝတ်နေရေးဟာ အဆင်မပြေသေးဘဲ လိုအပ်တဲ့ငွေတွေကို တခြားသူတွေဆီက ချေးငှားစားနေရပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲ့ အလုပ်ကြမ်းစလုပ်တဲ့အခါ လက်တွေပေါက်ပြီး ထမင်းကိုလက်နဲ့မစားနိုင်အောင် ခံစားခဲ့ရပေမယ့် တခြားအလုပ်တွေဟာ ဝင်ငွေနည်းတာကြောင့် ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်ခဲ့တယ်လို့ သူကဆိုတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နှင့် ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်ဈေးနှုန်းတွေဟာ တဟုန်ထိုးတက်နေပြီး လက်ရှိ မဖြူမ တစ်နေ့ရတဲ့ လုပ်အားခငွေဟာ သူတို့မိသားစုအတွက် တစ်ရက်စာ မဖူလုံတော့ဘူးလို့လည်း ဆိုပါတယ်။

အမျိုးသားတွေနဲ့တန်းတူ အလုပ်ကြမ်းထွက်လုပ်နေရတဲ့ မဖြူမဟာ သူ့သားလေးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တဲ့ အတွက် အမေလိုမဆင်းရဲရအောင် သားလေးရဲ့ပညာရေးကို ရုန်းကန်ပြီး သင်ပေးသွားမယ်လို့ ဆိုတယ်။

Author:

Related Articles