Home ဆောင်းပါး ပေးဆပ်မှုကြီးခဲ့တဲ့တော်လှန်ရေးမိခင်တွေ

ပေးဆပ်မှုကြီးခဲ့တဲ့တော်လှန်ရေးမိခင်တွေ

ရှင်ငြိမ်း။ ။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေနဲ့ ဆူညံသွားပါတယ်။ အချိန်က အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ဖြစ်လို့ ထောင်ဝင်စာပို့မယ့်သူ၊ အမှုအတွက်လာ ရောက်သူတွေ အများအပြားရှိနေတဲ့ အချိန်လည်းဖြစ်တယ်။

ထောင်ဝင်စာဌာန ဗုံးစပေါက်တော့ အခန်းထဲမှာရှိနေတဲ့သူတွေဟာ ဝရုန်းသုန်းကားနဲ့ ပြေးလွှားနေချိန် ထောင်ဝန် ထမ်းတွေက သေနတ်နဲ့ရမ်းသမ်းပစ်တာတွေနဲ့ ဗုံးထပ်မံပေါက်ကွဲတာတွေကြောင့် ပေါက်ကွဲသံ၊ ပစ်ခတ်သံတွေနဲ့ ဆူညံသွားတာပါ။

ဒီပေါက်ကွဲမှုမှာ အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန် ထားပါတယ်။ ဒီထဲမှာ အသက်ဆုံးရှုံးရသူ အများစုကတော့ မိခင်တွေပါပဲ။

သေဆုံးသူတွေထဲမှာ နိုင်ငံရေးအမှုနဲ့ အကျဉ်းကျနေတဲ့ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း၊ နိုင်ငံရေးတက် ကြွလှုပ်ရှားသူ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်စ်နဲ့ ဗကသကျောင်းသားဖြစ်တဲ့ ကိုဟိန်းမင်းထက်တို့ရဲ့ မိခင်တွေ ပါဝင် ခဲ့တယ်။

ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ မိသားစုဝင်တွေအတွက် မိခင်တွေရဲ့ပေးဆပ်မှုဟာ ဘယ်လောက်ထိ ကြီးမားခဲ့လဲဆိုတာ ပေါက်ကွဲမှုမှာဆုံးပါးသွားတဲ့ မိခင်တွေရဲ့လုပ်ရပ်တွေက သက်သေခံလျှက် ရှိ တယ်။

ဒီထဲမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ဂျိမ်းစ်ရဲ့မိခင်ဖြစ်သူ အသက် ၅၄ နှစ် အရွယ် ဒေါ်ကြီးမြင့် (ခ) အမေကြည်ဆိုရင် ထောင်ကျနေတဲ့ သားအတွက်သာမက မြေးဖြစ်သူပြန်ရရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့သူပါ။

စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့လို့ လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတဲ့အချိန်မှာ ဂျိမ်းစ်နဲ့ အတူ အသက် ၂ နှစ်အရွယ်ကလေးပါ အဖမ်းခံလိုက်ရပြီး မြေးအငယ်နဲ့ ချွေးမဖြစ်သူကတော့ လွတ်မြောက်သွား ပါတယ်။

သို့ပေမယ့် မြေးအကြီး လွတ်မြောက်ရေးအတွက် ချွေးမဖြစ်သူက ချိတ်ဆက်ဆောင်ရွက်နေတာရှိပေမယ့် အမေ ကြည်ကတော့ ရဲစခန်းနဲ့ သွားလို့ရတဲ့နေရာတွေကို အဖမ်းခံထားရတဲ့ ၇၂ နာရီလုံးလုံးမှာ တောက်လျှောက်လိုက် လုပ်ခဲ့တာဖြစ်တယ်။

တစ်ဖက်မှာ စစ်တပ်က ဂျိမ်းစ်ရဲ့အမျိုးသမီးဖြစ်သူ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ မဖြိုးဖြိုး အောင် လာရောက်အဖမ်းခံမှ ကလေးကိုပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းစကားရှိနေပါတယ်။

“အဲ့တုန်းက သူကိုယ်တိုင် စိတ်ရော၊ ကိုယ်ပါ အပင်ပန်းခံလုပ်ခဲ့တာ။ သားအဖမ်းခံရတာကို အာရုံမစိုက်နိုင်ဘဲ မြေး ပြန်ရရေးကို အစွမ်းကုန်ကြိုးစားခဲ့တယ်”လို့ ဂျိမ်းစ်ရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အမေကြည်ရဲ့ အခုလို ကြိုးစားအားထုတ်မှုကြောင့်မို့ မြေးဖြစ်သူ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

တကယ်တော့ အမေကြည့်ဘဝက အဆုံးမလှခဲ့သလို အစမှာလည်း မိခင်တစ်ယောက်ထဲရဲ့အားနဲ့ ခက်ခက်ခဲခဲ ရုန်း ကန်ခဲ့ရပါတယ်။

သူဟာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြိုကွဲခဲ့ရပေမယ့် ရပ်ကွက်ထိပ်မှာ မုန့်ရောင်းရင်း သားနှစ်ယောက်ကို တ ဝမ်းတခါး လှအောင်၊ ပညာရေးဆုံးခန်းတိုင်အောင် အစွမ်းကုန် ရှာဖွေကျွေးမွေး ပံ့ပိုးပေးခဲ့ပါတယ်။

“ဂျိမ်းစ်စ်ရဲ့အမေက ဘဝတလျှောက်လုံး အတော်လေး ခက်ခဲပင်ပန်းခဲ့ရတယ်။ အခုနောက်ပိုင်းလည်း စားဝတ်နေ ရေးကတော့ ရုန်းကန်နေရဆဲပါ”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ငွေအင်အားရှိသူတွေတောင် ထောင်ဝင်စာအမြဲပို့ဖို့ မလွယ်ကူရင် နွမ်းပါးသူတွေအနေနဲ့ ပိုလို့တောင် ခက်ခဲနိုင်ပါ သေးတယ်။

အနည်းဆုံးတော့ သွားလာစရိတ်တွေရှိမယ်။ စားဖို့အတွက် ဇွန်း၊ ခွက်ကအစ ဆပ်ပြာ၊ ခေါင်းလျှော်ရည်အဆုံး ဝယ် ရမယ်။ သောက်နေကျဆေးတွေ၊ ခေါက်ဆွဲခြောက်၊ ကြော်လှော်ချက်ပြုတ်ဖို့ သား၊ ငါး၊ ဆေးဝါး စတာတွေ ဝယ်ပို့ ကြရတယ်။

အဲ့ဒါတွေအပြင် အမျိုးသားတွေအတွက်ဆို ကော်ဖီ၊ ဆေးလိပ်ကအစ ပို့ပေးရသလို အမျိုးသမီးတွေဆိုရင် အချဉ် ပေါင်း၊ နေကြာစေ့အပြင် အတွင်းခံနဲ့ လစဉ်သုံးတွေကအစ တစ်လစာပို့နေရတာကြောင့် လက်ရှိကုန်ဈေးနှုန်းအရ ဆိုရင် တစ်လကို ငွေကျပ် ၃ သိန်းကျော် ကုန်ကျစရိတ်ရှိပါတယ်။

ဒီကုန်ကျစရိတ်တွေအတွက် အမေတွေဟာ ရှိတဲ့လက်ဝတ်လက်စားလေးတွေ၊ စုထားတဲ့ငွေကြေးတွေ ပေါင်နှံ ရောင်းချပြီး ထောင်ဝင်စာပို့ကြရတာပါ။ တချို့မိခင်တွေဆိုရင် အိမ်၊ ခြံတွေရောင်းကာ ထောင်ဝင်စာပို့နေသူတွေ လည်း ရှိပါတယ်။

နောက် ဒီနွေဦးတော်လှန်ရေးဟာ အချိန်ကြာလာတာကတစ်ကြောင်း၊ ကုန်ဈေးနှုန်းတွေက အဆမတန် မြင့်မားနေ တာကတစ်ကြောင်းကြောင့် နယ်ထောင်တွေပြောင်းသွားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ မိသားစုဝင်တွေဆိုရင် ထောင်ဝင်စာ မပို့နိုင်ကြတော့ပါဘူး။

ဂျိမ်းစ်ရဲ့မိခင် အမေကြည်ကတော့ သားထောင်ဝင်စာပို့နိုင်ဖို့ ရပ်ကွက်ထိပ်မှာ မနက်စာမုန့်ရောင်းပြီး ပို့ပေးနေရ တာပါ။

သူဟာ သားဖြစ်သူ ဘယ်ထောင်ပြောင်းပြောင်း၊ ပြောင်းတဲ့ထောင်လိုက်ပြီး ထောင်ဝင်စာပို့ပါတယ်။ ၂၀၁၆ လောက်က ဂျိမ်းစ်အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို အရွှေ့ခံရတော့လည်း ကျန်းမာရေးမကောင်းတဲ့ကြား က အပတ်စဉ်မပြတ် ထောင်ဝင်စာပို့ခဲ့ပါတယ်။

ဒီလိုထောင်ဝင်စာပို့ရာမှာ သားအတွက်သာမက သားသူငယ်ချင်းတွေအတွက် ပို့ပေးတတ်သူပါ။

ထောင်ဝင်စာပို့သူအများစုဟာ မိခင်တွေဖြစ်လို့ ထောင်ဝင်စာပို့ရင်း အမေတွေဟာ အချင်းချင်းရင်းနှီး၊ ဖေးမကူညီ ကာ ကိုယ့်သားသမီး၊ သူ့သားသမီးရယ်မခွဲဘဲ လိုအပ်တာတွေကို ဝိုင်းဝန်းဖြည့်ဆည်းလေ့ ရှိကြတယ်။

စီးပွားရေး၊ လူမူရေး စတဲ့အကြောင်းကြောင်းတွေကြောင့် ထောင်ဝင်စာမပို့နိုင်ရင် ရှိတာလေးနဲ့ မျှဝေပေးတတ်တာ က အမေတွေရဲ့ မေတ္တာတွေပါ။

ဒီအတွက် ထောင်ဝင်စာပို့ရတဲ့အမေဟာ ဘယ်သူ့အမေ၊ ဘယ်ဝါ့အမေရယ် မဟုတ်တော့ဘဲ အားလုံးရဲ့အမေ ဖြစ် လာခဲ့တယ်။ အမေကြည်ဆိုလည်း သားရဲ့ထောင်ဝင်စာတွေပို့ရင်း အားလုံးရဲ့အမေ ဖြစ်လာခဲ့တယ်။

ပန်းပဲတန်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုစည်သူမောင်ဆိုရင် သူရဲ့လူမူကွန်ရက် စာမျက်နှာမှာ “ဂျိမ်းစ်ရဲ့အမေ ဆိုတာထက် ကျနော်တို့အားလုံးရဲ့ အမေပါဗျာ”လို့ မှတ်ချက်ပြု ရေးသားထားပါတယ်။

၂၀၀၇ ကာလထဲကနေ ခုလိုခေတ်ဆိုးအချိန်ထိ ထောင်ဗူးဝရှေ့မှာ ထောင်ဝင်စာထုတ်လေးတွေကိုင်ပြီး တန်းစီ စောင့်ခဲ့ရတဲ့ ဘဝတွေပါလို့လည်း အမေကြည်ရဲ့ဘဝကို ရည်ညွှန်းပြီး သူက ဆိုပါတယ်။

အမေကြည့်မှာ သားနှစ်ယောက်ရှိတဲ့အထဲ ဂျိမ်းစ်နဲ့ သူရဲ့မေတ္တာတရားကလည်း အင်မတန်မှ လေးနက်ထူးခြား လွန်းလှပါတယ်။ ဂျိမ်းစ်ဟာ ငယ်စဉ်ကတည်းက အဖေနဲ့မနေရသလို ညီဖြစ်သူနဲ့လည်း ၁၀ နှစ်လောက်ကွာတာ ကြောင့် အမေသာ သူ့ဘဝရဲ့ အရင်းနှီးဆုံးလူသား ဖြစ်ခဲ့တယ်။

အမေကြည်ကလည်း သူ့အပေါ် အရွယ်နဲ့မလိုက်အောင် အလိုက်သိလွန်းတဲ့ဂျိမ်းစ်ကို ဘယ်လောက်ထိ အချစ်ပိုခဲ့ လဲဆိုရင် သူ့သားက သူ့အပေါ်ထားတဲ့မေတ္တာစာကို သူရဲ့ဖေ့ဘွတ် ပရိုဖိုင်မှာ အခုလိုတင်ထားတာကို တွေ့ရပါ တယ်။

“မေမေ ဈေးရောင်းကောင်းပါစေ။ ကျနော့်အမေက လမ်းဘေးမှာဈေးရောင်းပြီး ကျနော့်ကို တက္ကသိုလ်ပို့ခဲ့တယ်။ ကျနော်က အစိုးရတက္ကသိုလ်ကနေ ဘဝတက္ကသိုလ်ကို ပြောင်းတက်တော့ ထောင်ဝင်စာအတွက် ဒီလိုဈေးရောင်း ပြီး ပို့ပေးရှာတယ်။ အခုထိ ကျနော့်အမေ လမ်းဘေးဈေးသည်ဘဝကနေ အိမ်မှာအေးအေးဆေးဆေးနေရအောင် ကျနော်ဘာမှ မလုပ်ပေးနိုင်ပါဘူး။ အခုကျနော် ထောင်နှုတ်ခမ်းဝကို နင်းနေရပြီး ဝရမ်းပြေးဆိုတော့ မေမေရေ လမ်းဘေးမှာ ဈေးရောင်းကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်” ဆိုတဲ့စာသားက သားအပေါ်ထားတဲ့ အမေကြည်ရဲ့ မေတ္တာရားကို မြင်ရမှာပါ။

ဂျိမ်းစ်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ နိုင်ငံရေးလှုပ်ရှားမှုထဲ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး သူဟာ ၂၀၀၈ မှာတစ်ကြိမ်၊ ၂၀၁၆ မှာတစ်ကြိမ်၊ ၂၀၂၀ တစ်ကြိမ်နဲ့ လက်ရှိအကြိမ်ပါဆိုရင် စုစုပေါင်း ၄ ကြိမ် အကျဉ်းကျခဲ့တာ ဖြစ်တယ်။

၂၀၁၆ ခုနှစ်၊ ဂျိမ်းစ်အင်းစိန်ထောင်ကနေ တောင်ငူထောင်အရွှေ့ခံရပြီး ထိန်းသိမ်းခံထားရတဲ့ကာလမှာပဲ သူရဲ့ဖခင် ဆုံးပါးသွားလို့ နောက်ဆုံးအခြေအနေကို တွေ့ခွင့်မရခဲ့ပါဘူး။

အခုလည်း မိခင်ဇာပနာကို ဂါရဝပြုခွင့်တောင်းဆိုပေမယ့် လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ခွင့်မပြုခဲ့တာ ကြောင့် ဂျိမ်းစ်ဟာ သူ့ချစ်ခင်အားကိုးရတဲ့မိခင်ရဲ့ နောက်ဆုံးအခြေအနေကို တွေ့ခွင့်မရခဲ့သလို နှုတ်ဆက်ခွင့် လည်း မရခဲ့ပြန်ပါဘူး။

အင်းစိန်ထောင်ဗုံးကွဲမှုမှာ ဂျိမ်းစ်ရဲ့မိခင်အပြင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကိုဟိန်းမင်းထက်ရဲ့မိခင်လည်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ် တယ်။

ကိုဟိန်းမင်းထက်ဟာ လက်ရှိမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် အင်းစိန်၊ ပြည်၊ သာယာဝတီ၊ အိုးဘို၊ တောင်ငူ၊ သရက်၊ ပဲခူး စတဲ့အကျဉ်းထောင် ၇ ခုကို ထောင်ဝင်စာပိတ်လိုက်တဲ့အပြင် အထူးတရားရုံးတွေနဲ့ အပြင်တရားရုံးတွေက စစ်ဆေးဆဲအမှုတွေကိုပါ ရပ်နား ထားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်အပါအဝင် ထောင်အများစုက အစားအသောက်တွေဟာ မသန့်ရှင်းတဲ့အပြင် ဝက်စာသာ သာ ထမင်း၊ ဟင်းတွေဖြစ်လို့ အကျဉ်းသားတွေဟာ နှစ်ပတ်တစ်ကြိမ် အပြင်ကပို့တဲ့ထောင်ဝင်စာကို မျှော်ကိုးစား သောက် နေကြရတာပါ။

အခုလိုထောင်ဝင်စာပိတ်လိုက်တာဟာ အကျဉ်းသားတွေ စားသောက်ရေးမှာ ခက်ခဲလာနိုင်သလို စည်းကမ်းတွေ တင်းကြပ်တာတွေ၊ မတရားနှိပ်စက်တာတွေ ရှိလာနိုင်တယ်လို့ Generation Wave က အထွေထွေအတွင်းရေးမှူး မအိအိမိုးက ထောက်ပြပါတယ်။

မအိအိမိုးဟာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြရာမှာ ပါဝင်လို့ ထောင် ၇ လကျပြီး ပြန်လည်လွတ်မြောက်လာသူပါ။

အင်းစိန်ထောင်ဝင်စာပို့ရင်း ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်ရွှေလေးကလည်း ထောင် ဝင်စာတွေ ပိတ်လိုက်တာကြောင့် အကျဉ်းကျနေတဲ့သူရဲ့ မိသားစုဝင်လေးဦးအတွက် စိုးရိမ်သောကရောက် နေပါ တယ်။

သူက “ထောင်ဝင်စာတွေ မပို့ရတော့ဘူးဆိုတော့ ထက်ထက်က အစာအိမ်ရှိတော့ အပူအစပ်တွေမစားနိုင်ဘူး။ ကော်ဖီသောက်လို့မရတော့ နွားနို့တို့၊ အိုဗာတင်းတို့ပို့ပေးရတာ။ အဲ့လိုမပို့ရဘူးဆိုတော့ ကလေးတွေက အခက် အခဲဖြစ်မှာလေ”လို့ ပြောနေတဲ့အသံဟာ ဝမ်းနည်းစိတ်ကြောင့် တိမ်ဝင်သွားပါတယ်။

မထက်ထက်ဟာ ကိုယ်တိုင်လည်း သတင်းသမားဖြစ်သလို သင်္ဃန်းကျွန်းပို့စ်ဆိုတဲ့ မီဒီယာတစ်ခု ထူထောင်ထားပါ တယ်။ စစ်တပ်က သူတို့လင်မယားနှစ်ယောက်ကို အာဏာသိမ်းပြီးတဲ့နောက် ပေါက်ကွဲစေတတ်တဲ့ ဥပဒေပုဒ်မနဲ့ ဖမ်းဆီးချုပ်နှောင် ခံထားရတာပါ။

ဒေါ်ရွှေလေးမှာ သားသမီး ၄ ယောက်ရှိတဲ့အနက် သမီးအကြီးဆုံးက သာယာဝတီထောင်မှာ အကျဉ်းကျနေသလို သမီးအငယ်၊ သားမက်နဲ့ အသက် ၁၉ နှစ်အရွယ် မြေးဖြစ်သူတို့က အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်း ကျနေပါတယ်။

တကယ်တော့ ဒေါ်ရွှေလေးရဲ့သမီးကြီးကိုတော့ အိမ်မှာ ဓါတ်ဆီတိုင်ဂီ နှစ်လုံးတွေ့လို့ တစ်နိုင်ငံလုံးကို ဆီဖြန့်တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်။ မြေးဖြစ်သူကတော့ တောင်ကြီးမြို့မှာ Gym သင်ပေး နေတဲ့ ဆရာတစ်ဦးပါ။

ကိုဗစ်ကြောင့် အလုပ်တွေပိတ်၊ ရပ်နားလိုက်တော့ မိဘတွေရှိတဲ့ ရန်ကုန်မြို့ကို ပြန်လာခဲ့တာဖြစ်တယ်။ အဲ့ဒီနေ့က မြေးဖြစ်သူဟာ သူငယ်ချင်းဖြစ်သူကို သွားတွေ့ရင်း ကားမှတ်တိုင်မှာစောင့်နေစဉ် သပိတ်စစ်ကြောင်းဖြိုခွင်းမှု ကြောင့် ပြေးလာတဲ့လူငယ်တွေနဲ့ရောပြီး သူ့ကိုဖမ်းသွားခဲ့တာပါ။

ဒါပေမဲ့အမှုလုပ်တော့ သူ့ကို သပိတ်ခေါင်းဆောင်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့တာဖြစ်တယ်။

“တရားမျှတမှုကတော့ ဘယ်ရှိမလဲ။ မဟုတ်ကဟုတ်ကတွေနဲ့ စွပ်စွဲဖမ်းတာဆိုတော့ ခံစားရတာပေါ့။ အမေ့ရင်ထဲ မှာလေ သူတို့အတွက် ပူရတာက မီးတောက်ကြီး ရင်ထဲထည့်ထားရသလိုပါပဲ။ တရက်မှစိတ်မအေးရဘူး”လို့ ဒေါ် ရွှေလေးက အကျဉ်းကျနေတဲ့ သူ့သားသမီးတွေအတွက် ပူပန်ရမှုကို ပြောပြပါတယ်။

ထမင်းဆိုင်ဖွင့်ပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့တဲ့ဒေါ်ရွှေလေးဟာ သားသမီးတွေက အကျဉ်းထောင်ကျ တော့ ထမင်းဆိုင်မဖွင့်နိုင်တော့သလို နေအိမ်ကိုလည်း စစ်တပ်က မကြာခဏလာဝိုင်းတာကြောင့် လုံခြုံတဲ့နေရာ ကို ပြောင်းရွှေ့နေခဲ့ရပါတယ်။

“စီးပွားပျက်တာကမှ အိုးပျက်အိမ်ပျက်ပါပဲ။ သူတို့လည်း ထောင်ဝင်စာပို့နိုင်အောင် ရုန်းကန်နေရလို့ အိမ်ရှိတဲ့အိမ် ထောင် ပရိဘောဂတွေကအစ ဘာမှမရှိတော့ဘူး။ အကုန်ရောင်းပြီး ထောင်ဝင်စာပို့နေရတာ”လို့ ဒေါ်ရွှေလေးက ဆိုပါတယ်။

လက်ရှိငှားနေတဲ့နေရာမှာလည်း မိသားစုစားဝတ်နေရေးအတွက် ထမင်းဆိုင်အသေးလေး ဖွင့်ထားပါတယ်။ ဒီက နေ မိသားစု ထမင်းစားလောက်ရုံသာရတာမို့ ထောင်ဝင်စာအတွက်တော့ ဆွေမျိုးတွေနဲ့ ကူညီပေးသူတွေရဲ့ အထောက်အပံ့နဲ့ ပို့ပေးနေရတာဖြစ်တယ်။

ဒီလို မိသားစုတွေရဲ့ စားဝတ်နေရေး ကြပ်တည်းနေတဲ့ကြားက ဒေါ်ရွှေလေးဟာ အကျဉ်းကျနေတဲ့ သူတို့မိသားစု ဝင်တွေကို စိတ်ဓါတ်မကျအောင်၊ စားသောက်ရေးအဆင်ပြေအောင် ထောင်ဝင်စာကိုမဖြစ်၊ ဖြစ်အောင် ပို့နေတာ ပါ။

ခုထောင်ဝင်စာပို့တာ ပိတ်လိုက်တာကြောင့် အကျဉ်းကျနေတဲ့ ဒေါ်ရွှေလေးရဲ့သားသမီးတွေ နေထိုင်စားသောက် ရေးတွေမှာ အဆင်မပြေမှာကို များစွာစိုးရိမ်ပူပန်နေပုံ ရပါတယ်။

“ပူပန်သောကရောက်ရတာက ပြောတောင်မပြောပြနိုင်တော့ပါဘူး။ ထောင်ဝင်စာပို့နေရင် သူနဲ့သင့်တော်တာ လေးတွေ ချက်ပြုတ်ပေးလို့ရတယ်။ အခုမပို့ရဘူးဆိုတော့ သူတို့တွေအခက်အခဲဖြစ်မှာ။ စိတ်လည်းမချမ်းသာ ဘူး။ အခုဆိုတွေးပြီးတော့ ညဆိုအိပ်လို့တောင်မပျော်ဘူး”လို့ ဒေါ်ရွှေလေးက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ Generation Wave က မအိအိမိုးကတော့ အခုလိုထောင်ဝင်စာပိတ်လိုက်တာဟာ အကျဉ်းသား တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေကို ချိုးပစ်လိုက်တာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ကတော့ ကျန်းမာရေးထိ ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက်က Special Task Agency of Burma (STA) အဖွဲ့မှ အင်းစိန်ဗဟို အကျဉ်းထောင်မှာ ထောင်မှူးအားဦးတည်ပြီး ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဖြင့် သေဒဏ်ပေးခဲ့တယ်လို့ စာထုတ် ထားပါတယ်။

STA အဖွဲ့ဟာ စစ်အာဏာရှင်အား အမြစ်ဖျက်ခြေမှုန်းဖို့ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ မြို့ပြစစ်သည်တော်အဖွဲ့ ဖြစ်တယ်။ သူတို့အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်နဲ့အတူ လက်ပါးစေတွေနဲ့တကွ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေကို ရှင်းလင်းဖျက်စီးမယ့် လုပ်ငန်းတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့လည်း ဆိုထားပါတယ်။

“တော်လှန်ရေးအရပဲကြည့်ကြည့် ထောင်တွင်းက ရဲဘော်တွေအတွက်ပဲဖြစ်ဖြစ် ဘယ်သူ၊ ဘာကြောင့်လုပ်လုပ် လက်ခံဖို့ ခက်ပါတယ်”လို့ မအိအိမိုးက သူ့သဘောထားကို ပြောပါတယ်။

နောက် မတရားဖမ်းဆီးခံထားရတဲ့ သားသမီးဆီလာတဲ့မိဘတွေ ထိခိုက်သေဆုံးကြရတာဖြစ်ပြီး ထောင်ထဲက သားသမီးတွေနေရာက ခံစားကြည့်ကြဖို့ကိုလည်း သူက ထောက်ပြနေပါတယ်။

အကျဉ်းထောင်တွင်း ရဲဘော်တွေအတွက် လုပ်ဆောင်ပေးတဲ့အခါ ထောင်တွင်းမှာ ရန်သူ့လက်ထဲကသားကောင် လို ဘယ်ချိန်၊ ဘာလုပ်လုပ် ခံကြရမယ့်၊ တုံ့ပြန်ခွင့်မရကြမယ့် ရဲဘော်တွေအတွက် အဓိကထား စဉ်းစားလုပ် ဆောင်ကြဖို့ မအိအိမိုးက သတိပေးထားပါသေးတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက ဒီတိုက်ခိုက်မှုကို ကန့်ကွက် ထားပြီး အရပ်သားတွေ ထိခိုက်ခဲ့တဲ့အပေါ် တာဝန်ယူမှုရှိဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အရပ်သားပြည်သူတွေ ထိခိုက်စေတဲ့ ဘယ်လိုလုပ်ရပ်တွေမဆို ကျူးလွန် တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထိုနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ ၂၀၂၂ အာဏာသိမ်းပြီး လ ၂၀ ကျော်ထဲမှာ ၁၂,၇၀၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဒါ့ကြောင့် ဒေါ်ရွှေလေးအနေနဲ့ကတော့ သူ့သားသမီးတွေအပါအဝင် နိုင်ငံရေးနဲ့ ထောင်ကျနေသူအားလုံးကို အမြန် ဆုံး လွတ်မြောက်ဖို့ ဆုတောင်းနေပြီး သားသမီးတွေလွတ်လာမယ့်အချိန်ကို မျှော်လင့်နေတယ်လို့ အခုလိုပြော လိုက်ပါတယ်။

“သတင်းတွေနားထောင်ပြီး ငါ့သားသမီးတွေ လွတ်ဖို့အချိန်တွေ နီးနေပြီ၊ နီးနေပြီနဲ့ အဲ့လိုပဲအားတင်းရတာပေါ့”

Author:

Related Articles