Home ဗီဒီယို ယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးမှုရဲ့အောက်က ညငှက်တို့ဘဝ

ယိုယွင်းလာတဲ့ တရားဥပဒေစိုးမိုးမှုရဲ့အောက်က ညငှက်တို့ဘဝ

Honest Information (HI)

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ကဏ္ဍအသီးသီးဟာ ယိုယွင်းပျက်စီးခဲ့ပြီး အကျပ်အတည်းကာလကို ရောက်ရှိသွားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် The Economist မဂ္ဂဇင်းရဲ့ သုတေသနနဲ့ သုံးသပ်ရေးပိုင်းဆိုင်ရာ Economist Intelligence Unit (EIU) ရဲ့ ၂၀၂၁ ခုနှစ် လုံခြုံတဲ့မြို့များ စာရင်းမှာ ရန်ကုန်မြို့ဟာ အဖက်ဖက်က လုံခြုံမှုမရှိဆုံး၊ အန္တရာယ်အများဆုံးမြို့ ဖြစ်တယ်လို့ ၂၀၂၁ ခုနှစ် ဧပြီလက ဖော်ပြခဲ့ပါတယ်။

ဒီအထဲမှာ သိသာထင်ရှားတာက နိုင်ငံသားတိုင်းဟာ တရားဥပဒေရဲ့ အစောင့်အရှောက်ကို အပြည့်အဝမရရှိတော့သလို လုံခြုံစွာနေထိုင်ခွင့်လည်း ဆုံးရှံးခဲ့ရပါတယ်။ အထူးသဖြင့် ခန္ဓာရင်းပြီး စီးပွားရှာနေကြတဲ့ လိင်အလုပ်သမတွေမှာ လူဆိုး-လူမိုက်တွေရဲ့ တရားမဲ့အနိုင်ကျင့်မှုတွေကို ခံနေရပြီး ကူရာမဲ့ဘဝကို ကျရောက်နေပါတယ်။

တရားဥပဒေ စိုးမိုးမှုမရှိတော့တာကြောင့် လိင်အလုပ်သမတွေဟာ အနိုင်ကျင့်ခံရပေမယ့် မည်သူ့ကို တိုင်တန်း ရမှန်းမသိတော့ပါဘူး။ ယခင်ကတည်းက ဥပဒေအကာအကွယ်မရရှိတဲ့ လိင်အလုပ်သမတွေ တိုင်တန်းရင်လည်း စစ်ကောက်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေဟာ အရေးတယူ ဆောင်ရွက်ဖို့ မသေချာပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုများလာသလို ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လိင်အလုပ်သမားပိုမိုများပြားလာတယ်လို့ အကူညီပေးနေသူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံမှာ လိင်အလုပ်သမတွေဟာ ကူရာမဲ့နေကြပြီး အန္တရာယ် တွေကြားကနေ မိသားစုစားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင်နေကြရဆဲပါ။

Author:

Related Articles