Home ဗီဒီယို ချွတ်ခြုံကျလာတဲ့ နိုင်ငံကနေ ထွက်ခွာဖို့ကြိုးစားနေကြတဲ့ အမျိုးသမီးအလုပ်သမများ

ချွတ်ခြုံကျလာတဲ့ နိုင်ငံကနေ ထွက်ခွာဖို့ကြိုးစားနေကြတဲ့ အမျိုးသမီးအလုပ်သမများ

ရိုက်ကူး၊တည်းဖြတ် – HI

စစ်တပ် အာဏာသိမ်းပြီး ၁၈ လအကြာမှာ မြန်မာနိုင်ငံဟာ အလုပ်အကိုင်ဆုံးရှုံးမှုများနဲ့ အလုပ်အကိုင် ရှားပါးမှုဟာ မြင့်တက်လာပါတယ်။

ILO Myanmar ရဲ့ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်ကနေ ယခုနှစ် ပထမလဝက်မှာ အမျိုးသမီးများနဲ့ အမျိုးသားတွေ အလုပ်အကိုင် ၁.၁ သန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာအမျိုးသမီးများရဲ့ အလုပ်အကိုင်ဆုံးရှုံးမှုဟာ ပိုမိုမြင့်မားလျက်ရှိတယ်လို့ ILO Myanmar ရဲ့ ၂၀၂၂ ပထမလဝက် မြန်မာနိုင်ငံ အလုပ်အကိုင်အခြေအနေအစီရင်ခံစာက ဆိုပါတယ်။

ရန်ကုန်က နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ရုံးမှာလည်း နေ့စဉ်လူထောင်ဂဏန်းခန့်ဟာ ကြိတ်ကြိတ်တိုး တန်းစီကာ နိုင်ငံကူးလက်မှတ် ပြုလုပ်နေကြတာကို တွေ့ရပါတယ်။

တရားဝင်သွားကြတဲ့သူတွေမှာ လုပ်ငန်းခွင်ဆိုင်ရာပြဿနာတွေကို သက်ဆိုင်ရာအေဂျင်စီများနှင့် ဖြေရှင်း ဆောင်ရွက်နိုင်ပေမယ့် တရားမဝင် မှောင်ခိုလမ်းက သွားကြသူတွေမှာတော့ ပွဲစားပြဿနာနဲ့ ဖမ်းဆီး ခံရ တာတွေကြုံတွေ့နေရပါတယ်။

ဒီလိုပြဿနာတွေကြုံတွေ့နေရပေမယ့်လည်း တဖြေးဖြေးချွတ်ခြုံကျလာတဲ့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြသူတွေဟာ နေ့စဉ်နဲ့အမျှပါပဲ။

Author:

Related Articles