Honest Information (HI)
ရခိုင်မျိုးနွယ်စုတခုဖြစ်တဲ့ သက်လူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဒီကနေ့ မေလ ၁ ရက်မှာ မောင်တောမြို့နယ် မကျည်းကုန်းကျေးရွာမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
သက်လူမျိုးတွေဟာ ဘိုးဘွားအစဉ်လာအရ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသူတွေဖြစ်ပြီးတော့ မေလဟာ အလုပ်တွေ အားလပ်တဲ့ကာလဖြစ်တာကြောင့် သက်အမျိုးသားနေ့ကို ကျင်းပရာတာဖြစ်တယ်လို့ သက်အမျိုးသားနေ့ကျင်းပရေး ကော်မတီ နာယက ဦးလှထွန်းကျော်က ပြောပါတယ်။
သက်အမျိုးသားနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားရေး လက္ခဏာတွေ မပျောက်ပျက်ဖို့၊ သက်လူမျိုးရဲ့ ဘာသာစကားနဲ့ စာပေတွေတည်တံ့ခိုင်မြဲလာစေဖို့နှင့် ကိုယ့်လူမျိုးချစ်ခင်စိတ်တွေ၊ သက် လူမျိုးတွေ တည်တံ့အောင် နှိုးဆော်တိုက်တွန်းနိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
သက်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ လူဦးရေ သုံးထောင်ခန့်သာ ကျန်ရှိတော့တဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပြီးတော့ ရခိုင်မျိုးနွယ်စုထဲမှာ လူဦးရေအနည်းဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။
သက်လူမျိုးတွေဟာ ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦးနှင့် အမ်းမြို့နယ်တွေမှာ ပျံ့နှံ့နေထိုင်လျက်ရှိပါတယ်။
- ခွဲခြားမှုတွေကိုပါ တစ်ပါတည်းတွန်းလှန်နေကြတဲ့ သက်တန့်ရောင်တွေရဲ့တိုက်ပွဲ - 17/05/2022
- ပညာရေးအလှမ်းဝေးမှာကို ပူပန်နေရတဲ့ မိခင်များ - 15/05/2022
- မွေးရပ်မြေကိုစွန့်ခွာချိန် - 12/05/2022