ဝိုင်းမော်လယ်သူမများ လယ်ယာမြေရရှိရေး ဆန္ဒပြတောင်းဆို
ကချင်မလေး။
စက်တင်ဘာ ၁၀ရက်နေ့တွင် ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာ၊ မုတ်ကျိတ် ကျေးရွာ၊ လမြန်ကျေးရွာမှ တောင်သူလယ်သမားများ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းမှုပြုလုပ်ခဲ့ကြသည်။ ထိုထဲတွင် အမျိုးသမီး လယ်သူမများ ၁၇၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ ဆန္ဒပြမှုကို မနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဝိုင်းမိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ဆောက်လုပ်ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာနမှူးရုံး ရှေ့တွင် ပြုလုပ်ခဲ့ကြသည်။









