Home သတင်း မုန်းပေါ်ဈေး မီးလောင်၊ ကျပ် သိန်း ထောင်ချီဆုံးရှုံး

မုန်းပေါ်ဈေး မီးလောင်၊ ကျပ် သိန်း ထောင်ချီဆုံးရှုံး

ယမန်နေ့ နံနက်က မုန်းပေါ်ဈေး မီးလောင်နေစဉ်

ယမန်နေ့ နံနက်က မုန်းပေါ်ဈေး မီးလောင်နေစဉ်

Anna/ Cherry

ယမန်နေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၄နာရီခွဲအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် အနီး မုံးပေါ်မြို့တွင် ဈေးတန်းစတင် မီးလောင် မှုဖြစ်ပွားရာဆိုင်ခန်း ၃၀၅ခန်း ရှိသည့်အနက် ရ၂ခန်းမီးလောင်ပျက်စီး၍ ကျပ်သန်းပေါင်း ၁၀၀ကျော် ဆုံးရှုံးခဲ့ရကြောင်း မြို့နယ် အုပ်ချုပ်ရေးမူးမှ သိရှိရပါသည်။

မီးငြိမ်းသတ်နေကြစဉ်

မီးငြိမ်းသတ်နေကြစဉ်

မီးမှာ ၃ နာရီခန့် လောင်ကျွမ်းခဲ့ပြီး နံနက် ၇နာရီ ၁၅မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ မီးငြိမ်းသတ်ရာသို့ ပြည်သူလူထု ၁၀၀ကျော်၊ ပန်ဆိုင်းမီးသတ်ကား ၁စင်း၊ မူဆယ်မီးသတ်ကား ၂စင်း၊ အရန်မီးသတ်အင်အား ၃၀၊ စစ်ကြောင်း (ခမရ ၇၈)၅၀ဦး၊ မုံးပေါ်ပြည်သူ့စစ် ၃၀ဦး ဖြင့်မီးငြင်းသတ်ရာလူသူထိခိုက်မှု မရှိပဲ ကယ်ဆယ် နိုင်ခဲ့ကြောင်းသိရသည်။

သုံးနာရီခန့်အကြာတွင် မီးညွန့်ကျိုးသွားခဲ့သည်။

သုံးနာရီခန့်အကြာတွင် မီးညွန့်ကျိုးသွားခဲ့သည်။

မုံးပေါ်မြို့ဈေးတန်းသည် အမျိုးသမီးများအများစု၏ စီးပွားရှာနေရာဖြစ်ပြီးမုံးပေါ်မြို့နယ် အုပ်စု(၁၁)စုသည် လမ်းပန်းဆက်သွယ်ရေးကြောင့်အခြားမြို့ပေါ်သို့မသွားနိုင်ဘဲမုံးပေါ်မြို့ ဈေးတွေသာအားကိုးနေရကြောင်းကိုဈေးလာဝယ်သူအမျိုးတစ်ဦးက ပြောပြသည်။

Related Articles