၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (လွိုင်ကော်)
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်သော ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများမှ လွမ်းသူ့ပန်းခွေများဖြင့် တက်ရောက်ခဲ့ရာ အမျိုးသမီးများ ထက်ဝက်ခန့်ပါဝင်ခဲ့ကြပါသည်။ အခမ်းအနားကို လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် တောင်ကွဲစေတီရှေ့ အာဇာနည်ကျောက်တိုင်တွင် ပြုလုပ်ခဲ့ပါသည်။ “ဗမာ့သွေးဗမာ့စိတ်ဓာတ်” သီချင်းဖြင့် အခမ်းအနားကိုစတင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကယားပြည်နယ်) ဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူမှ သဝဏ်လွှာဖတ်ကြားခဲ့ပါသည်။ အခမ်းအနားသို့ အဖွဲ့အစည်း ၁၁ ဖွဲ့မှ စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။













