Tag Archive for: လိင်အကြမ်းဖက်မှု

ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ရဲ့အချုပ်စခန်း (၂) မှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုကို ၂ နှစ် ကျော်ကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရေးမယူနိုင်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ လ ၃၁ ရက်နေ့က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB နဲ့အတူ အမျိုးသမီးအဖွဲ့အစည်း (၇) ဖွဲ့ကထုတ် ပြန်ကြေညာ ခဲ့ပါတယ်။

NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု

“ဒါမျိုးတွေ ပစ်ထားရင် အစိုးရမဟုတ်တော့ဘူး၊ အစိုးရဂုဏ်သိက္ခာကို ထိန်းချင်လို့ ကာလေ ပိုပြီးတော့ သိက္ခာကျလေပဲ။”

အကြမ်းမဖက်လူထုလှုပ်ရှားမှုလုပ်နေတဲ့ ရေဘဝဲအမျိုးသမီးတွေ ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်ခံနေရ 

“သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။