စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တောင်းဆိုလိုက်ပါတယ်။
လိင်အကြမ်းဖက်မှု
-
-
ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ
by webmaster134 viewsစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ရဲ့အချုပ်စခန်း (၂) မှာဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုကို ၂ နှစ် ကျော်ကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အရေးမယူနိုင်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ လ ၃၁ ရက်နေ့က အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နဲ့အတူ အမျိုးသမီးအဖွဲ့အစည်း (၇) ဖွဲ့ကထုတ် ပြန်ကြေညာ ခဲ့ပါတယ်။
-
“ဒါမျိုးတွေ ပစ်ထားရင် အစိုးရမဟုတ်တော့ဘူး၊ အစိုးရဂုဏ်သိက္ခာကို ထိန်းချင်လို့ ကာလေ ပိုပြီးတော့ သိက္ခာကျလေပဲ။”
-
အကြမ်းမဖက်လူထုလှုပ်ရှားမှုလုပ်နေတဲ့ ရေဘဝဲအမျိုးသမီးတွေ ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်ခံနေရ
by webmaster256 views“သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။