Tag Archive for: ဆင်းရဲမွဲတေမှု

ဖောင်းပွလာတဲ့ဈေးနှုန်းတွေနဲ့ကျဉ်းကြပ်လာတဲ့မြန်မာ့လူနေမှုဘဝတွေ

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်ပွမှု ၂၅ ရာခိုင်နှုန်းနီးပါးမြင့်တက်နေပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအဆင့် တိုးတက်သွားတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။ ဆင်းရဲကြပ်တည်းမှုနဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်က ပြည်သူတချို့ရဲ့ အသံ

စစ်ဇုန်ပြင်ပ ခေတ်ကြပ်ထဲမှာ

မိခင်နို့ အစားထိုးဖြည့်စွက်နို့မှုန့်တွေ၊ ဒိုင်ဘာတွေနဲ့ သရေစာမုန့်တွေက အာဏာမသိမ်းခင် ကာလထက် ၃ဆကျော်၊ ၄ဆအထထိ မြင့်တက်လာတယ်။ အရင်က တသောင်းစွန်းစွန်းတန် ဖြည့်စွက်နို့မှုန့် တောင် လက်ရှိချိန်မှာ ၅သောင်းကျော်ရှိသလို၊ အာဏာမသိမ်းခင်က ၅ထောင်၊ ၆ထောင်ဝန်းကျင်ရှိတဲ့ ကလေးဒိုင်ဘာဆိုလည်း တသောင်းခွဲ၊ ၂သောင်းနီးပါး ဖြစ်လာတယ်။