Home Tags Posts tagged with "မသန်စွမ်း"
Tag:

မသန်စွမ်း

  • “လူတိုင်းမှာကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကိုအသုံးချပြီး စွမ်းအားအဖြစ်ပြောင်းနိုင်ရင် ဘဝမှာ အောင်မြင်မှုတွေရမှာပါ။ ဝါသနာပါရုံနဲ့မပြီးဘူး။ လုပ်ကြည့်ရမယ်၊ဇွဲရှိရှိနဲ့ကြိုးစားပြီး လုပ်ရင်အောင်မြင်မှာပါ။”

  • “ ကိုဗစ်ဖြစ်တော့ ဘယ်သူမှအလုပ်မရှိကြဘူး။ အဲ့မှာအထည်ချုပ်စက်ရုံတွေကတော့ ဖွင့်တယ်။ ၁၀ တန်းအောင်တဲ့ကလေး တွေ အလုပ်မရှိကြဘူး။ အလုပ်မရှိတော့ မိဘနဲ့ကလေးတွေ စကားများရန်ဖြစ်တာနေ့တိုင်းကြားနေရတော့။ အဲ့ကနေ နွမ်းပါး တဲ့အမျိုးသမီးလေးတွေကို စက်ချုပ်သင်ပေးဖြစ်ခဲ့တယ်။”

  • “ စိတ်ညစ်နေရုံနဲ့ဘာမှဖြစ်မလာပါဘူး။ အိပ်မက်တွေကိုအကောင်အထည်ဖော်ပါ။ လိုအပ်တဲ့အရည်အချင်းတွေကိုဖြည့်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာတွေအပေါ်မှာ ရူးသွပ်ပါ။ စိတ်ဓာတ်မာကြောပါလို့ပြောချင်ပါတယ်။”

  • “ မိသားစုကတော့ ဘာပဲလုပ်လုပ် ကန့်ကွက်တာမျိုးတွေသိပ်မရှိပေမယ့် ပန်းချီဆွဲတာကျတော့ မျက်လုံးအာရုံ အရမ်းစိုက် ရတာဖြစ်တဲ့အတွက် မျက်လုံးပိုပြီးထိခိုက်မှာဆိုးလို့ အစပိုင်းတော့ မဆွဲစေချင်ပါဘူး။ ဒါပေမယ့်ဝါသနာအရမ်းပါတာမို့လို့ နားနား နေနေပဲလုပ်ဖို့‌‌ပြောပါတယ်။ တခြားလဲ အထူးတလည်ပံ့ပိုးပေးစရာမရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပဲအပြည့်အဝ ပံ့ပိုး ပေးမှုရတယ်။”