Tag Archive for: မသန်စွမ်း

“ခြေထောက်ကို ကြည့်တဲ့အချိန်တိုင်း ကျမစိတ်ပျက်မိတယ်”

ရခိုင်ပြည်အတွင်း မသန်စွမ်းအရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ အခုအချိန်အထိ ကိုယ်လက်အင်္ဂါဆုံးရှုံးသွာသူ ၁၀၀၀နီးပါးရှိနေတာကို တွေ့ရပါတယ်။

ငလျင်ဒဏ်သင့် မသန်စွမ်းအမျိုးသမီးတွေ ဘာတွေလိုအပ်နေသလဲ..

လစဉ်သုံးကပ်ခွာတွေ လဲဖို့တောင် လုံခြုံတဲ့နေရာရှိမနေဘူး။ လမ်းဘေးမှာအိပ်၊ လမ်း ဘေးမှာစား၊ ကြုံသလိုဖျာလေးခင်းပြီး နေရတဲ့အနေအထားဖြစ်တယ်။

မသန်ပေမယ့် အောင်မြင်မှုကို ထွေးပိုက်နိုင်ခဲ့တဲ့ ချင်းဒီဇိုင်နာ လားလျန်မွဲ

“ငယ်ငယ်တုန်းက နားမကြားတဲ့အတွက် လူတွေက အမကို အရူးလို့ လက်ညှိုးထိုးကြလို့ လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသွားတိုင်း  သူအမြဲတမ်းငိုတယ်။ အဲ့အချိန်က သူစာအရမ်းသင်ချင်ခဲ့တယ်လို့ ကျွန်တော် ကို ပြောပြတယ်။”လို့ မောင်ဖြစ်သူက ရှင်းပြပါတယ်။

မသန်စွမ်းမှုကိုတွန်းလှန်ကာ လောကကိုအလှဆင်လိုသူ

“လူတိုင်းမှာကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကိုအသုံးချပြီး စွမ်းအားအဖြစ်ပြောင်းနိုင်ရင် ဘဝမှာ အောင်မြင်မှုတွေရမှာပါ။ ဝါသနာပါရုံနဲ့မပြီးဘူး။ လုပ်ကြည့်ရမယ်၊ဇွဲရှိရှိနဲ့ကြိုးစားပြီး လုပ်ရင်အောင်မြင်မှာပါ။”

မသန်ပေမယ့် စွမ်းကြသူများ

“ ကိုဗစ်ဖြစ်တော့ ဘယ်သူမှအလုပ်မရှိကြဘူး။ အဲ့မှာအထည်ချုပ်စက်ရုံတွေကတော့ ဖွင့်တယ်။ ၁၀ တန်းအောင်တဲ့ကလေး တွေ အလုပ်မရှိကြဘူး။ အလုပ်မရှိတော့ မိဘနဲ့ကလေးတွေ စကားများရန်ဖြစ်တာနေ့တိုင်းကြားနေရတော့။ အဲ့ကနေ နွမ်းပါး တဲ့အမျိုးသမီးလေးတွေကို စက်ချုပ်သင်ပေးဖြစ်ခဲ့တယ်။”

မသန်စွမ်းအမျိုးသမီးတစ်ဦးရဲ့ ဖက်ရှင်အိပ်မက်

“ စိတ်ညစ်နေရုံနဲ့ဘာမှဖြစ်မလာပါဘူး။ အိပ်မက်တွေကိုအကောင်အထည်ဖော်ပါ။ လိုအပ်တဲ့အရည်အချင်းတွေကိုဖြည့်ပါ။ ကိုယ်ဝါသနာပါတဲ့ အရာတွေအပေါ်မှာ ရူးသွပ်ပါ။ စိတ်ဓာတ်မာကြောပါလို့ပြောချင်ပါတယ်။”

အမြင်အာရုံအားနည်းသူအမျိုးသမီးတစ်ဦးရဲ့ ပန်းချီအိပ်မက်

“ မိသားစုကတော့ ဘာပဲလုပ်လုပ် ကန့်ကွက်တာမျိုးတွေသိပ်မရှိပေမယ့် ပန်းချီဆွဲတာကျတော့ မျက်လုံးအာရုံ အရမ်းစိုက် ရတာဖြစ်တဲ့အတွက် မျက်လုံးပိုပြီးထိခိုက်မှာဆိုးလို့ အစပိုင်းတော့ မဆွဲစေချင်ပါဘူး။ ဒါပေမယ့်ဝါသနာအရမ်းပါတာမို့လို့ နားနား နေနေပဲလုပ်ဖို့‌‌ပြောပါတယ်။ တခြားလဲ အထူးတလည်ပံ့ပိုးပေးစရာမရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာပဲအပြည့်အဝ ပံ့ပိုး ပေးမှုရတယ်။”