Tag Archive for: ထိုင်းနိုင်ငံ

“ကိုယ်က ပြည်သူ့စစ်မလုပ်ချင်လို့ ပြေးလာပါတယ်ဆိုမှ ဖမ်းမိရင်လည်း ထိုင်းက မြန်မာပြည်ကိုပြန်ပို့မယ် ပြီးတော့ စစ်တပ် ကိုအပ်တာဆိုတော့ဒါလည်းအပူတစ်ခုပဲ။ နောက် ထိုင်းအလုပ်ရှင်တွေ စိတ်ကြည်အောင်ပေါင်းရတယ်။ ကျမတို့ အရာရာ ကြောက်နေရတဲ့အချိန်”

ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး

တရားဝင်လက်ထပ်ခွင့်ပြုခဲ့ပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းအရ လက်ထပ်မယ့်သူတွေဟာ အိမ်ထောင်မရှိလွတ်လပ်သူ ဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းတွေ၊ တရားရုံးနဲ့ သံရုံးဆိုင်ရာ ထောက်ခံချက်တွေ လိုအပ်တာကြောင့် မြန်မာနိုင်ငံအခြေအနေနဲ့ဆို မလွယ်ကူနိုင်သေးဘူးလို့ August Mon က ဆိုပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ

“စက်ရုံမှာ အလုပ်ခေါ်တယ်ဟေ့ဆို လုပ်မယ့်သူတွေက တပုံကြီး၊ ကိုယ်တွေက တရားဝင်မဟုတ်တော့ မခန့်ချင်ကြတာများတယ်၊ အဆင်မပြေလို့ ပြန်ဖို့ကြတော့လည်း ကိုယ့်နိုင်ငံအခြေအနေကပိုဆိုးနေတော့ ရတာလုပ်ပြီးနေရတယ်လို့”ဆိုပါတယ်။