တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
This author has not written his bio yet.
But we are proud to say that webmaster contributed 1392 entries already.
သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
သူဟာစာသင်ပေးနေရင်း ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ရင်းနှီးစေဖို့ စာအုပ်တွေ ငှားပေးပြီး ဖတ်ခိုင်းတဲ့ အလေ့အကျင့်လုပ်ပေးတဲ့အတွက် ကလေးတွေက အခုဆိုရင်သူတို့ကိုယ်တိုင်စာအုပ်ကိုရွေးချယ်ဖတ်နိုင်ပြီဖြစ် ပါတယ်။ ဒါ့အပြင် ကလေးတွေ အင်္ဂလိပ်စာရေးဖတ်တာ ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး စာအုပ်တစ်အုပ်ဖတ်ပြီးရင် review ပြန်ရေးခိုင်းတာလည်း လုပ်ဆောင်ပါတယ်။
လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မချိုချိုခိုင်က ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ကော့ပဇားဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပါ။
ဇူလိုင် ၂၈ရက်ကနေ သြဂုတ် ၃ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
ယောကျာ်းလေးလိုနေထိုင်ပေမယ့် အမျိုးသမီးခန္ဓာကိုယ်ပဲဆိုတော့ ဆိုက်ကားနင်းရတာသူ့အတွက်ပင်ပန်းပါတယ်။ တနေကုန် ဆိုက်ကားနင်းရ၊ ခရီးသည်တွေရဲ့ အထုတ်အပိုးတွေကိုသယ်ပေးရ၊ တိုက်ခန်းအပေါ်တွေထိပစ္စည်းတင်ပေးရနဲ့ဆိုတော့ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနာကျင်မှုဒဏ်ခံရတာတွေလည်းရှိပါတယ်။
ကမ်ပိန်းအတွက်ရည်မှန်းထားတဲ့ သတ်မှတ်ချက်(target) မပြည့်မှာ၊ လိုအပ်တာတွေကို အချိန်မီမဖြည့်ဆည်းပေးနိုင်မှာ စတာတွေစိတ်ပူရပါတယ်။ ဒါ့အပြင် မိထော်ရဲ့ပုံတွေကိုယူသုံးကာ အလှူခံတဲ့လူလိမ်တွေရဲ့ အန္တရာယ်က လည်းရှိပါသေးတယ်။ ထောက်ပို့လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကြုံတွေရတဲ့အခက်အခဲများစွာကို အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။
ဇူလိုင်လ (၂၂)ရက်မှ(၂၇)ရက် အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ပါတယ်။
TNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။
အမျိုးသမီးတွေအနေနဲ့ဦးဆောင်သူနေရာကိုရောက်ဖို့ ဌာနရဲ့မူဝါဒအပေါ်မှာမူတည်ပြီး ဌာနရဲ့မူဝါဒထဲမှာခိုင်ခိုင်မာမာချမှတ်ကျင့်သုံးတာမျိုး၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်မယ်ဆိုရင် ဦးဆောင်သူနေရာရောက်ရှိဖို့က မခဲယဉ်းဘူးလို့ နန်းဖော့ဂေက မှတ်ချက်ပေးပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတာက Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။