ပရဟိတ ဆရာမတစ်ယောက်ရဲ့ ပြန်လိုချင်တဲ့ ငြိမ်းချမ်းနေ့ရက်များ
” ပညာရေး ကျန်းမာရေး လူမှုရေးကအစ တိုင်းရင်းသားတွေထဲမှာ ဖြစ်ပျက်နေတဲ့ဟာက တော်တော်ကြောက်ဖို့ကောင်းနေပြီ။ အားလုံးထဲမှာ ရခိုင်ပြည်သူတွေက အနိမ့်ကျဆုံး ကျန်ခဲ့တော့မယ်။ ရခိုင်ပြည်နယ်ထဲမှာ ချင်း၊ မြို၊ သက်၊ ဒိုင်းနက် လူမျိုးပေါင်းစုံ ရှိတယ်လေ။ အားလုံးခံစားနေရတာကိုပြောတာပါ။ ဒီလူတွေရဲ့ ခံစားချက်ကို ဦးစားပေးပြီးတော့ နည်းနည်းဖြေလျော့ပြီးတော့ စဉ်းစားပေးကြပါ”


