Home Author
Author

Moe Zaw

  • ထိုဆန္ဒပြပွဲတွင် မေရာပိုက်ဘီး အမျိုးသမီး ( ၁၂ )ဦးခန့်က အမှတ် (၁၇ )အာသံရိုင်ဖယ် ဂိတ် ရှေ့သို့ သွားရောက်ကာ အဝတ်အစားများချွတ်၍ ဆန့်ကျင်ဆန္ဒပြမှုသည် အမြင့်မားဆုံးအခြေအနေ သို့ရောက်ရှိခဲ့သည်။ ၎င်းတို့က “Indian Army Rape Us” “Indian Army Take Our Flash” ဟူသော စာတမ်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။

  • မဏိပူရီ အမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ် အသီးသီးတွင် အမျိုးသားများနှင့်ရင်ဘောင် တန်း၍ ဆောင်ရွက်နိုင်ကြရုံမျှမကဘဲ မဏိပူရီလူမျိုးတို့၏ အမျိုးသားရေးလှုပ်ရှားမှုများကို ၎င်းတို့က ဦးဆောင်၍ လမ်းဖွင့်ပေးခဲ့ကြသည်ဟု နိုင်ငံရေးနှင့် သမိုင်းသုတေသီများ သုံးသပ်ပါသည်။ ယင်းအမျိုး သမီးလှုပ်ရှားမှုများသည် အိန္ဒိယနိုင်ငံအတွင်းရှိ ဤပြည်နယ်ငယ်လေး၏ ထူးခြားမှုတခုဟုပင် ဆိုနိုင် ပါ သည်။