ရှင်းပြစည်းရုံးဖို့ လိုအပ်နေတဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ ဂျဲန်ဒါမူဘောင်

ဒေဝီ

ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည် အတိုင်ပင်ခံကောင်စီက ထုတ်ပြန်တဲ့ ဂျဲန်ဒါမူဘောင်မှာ ဂျဲန်ဒါလို့ ရည်ညွှန်းပေမယ့် အခြား သော လိင်စိတ်ခံယူမှုကွဲပြားသူတွေအရေး ထည့်သွင်းမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေညံခဲ့ပါတယ်၊

ကရင်နီပြည် အတိုင်ပင်ခံကောင်စီက အတည်ပြုပြဌာန်းခဲ့တဲ ဂျဲန်ဒါမူဝါဒမူဘောင်မှာ အမျိုးသမီး၊ အမျိုးသားတန်းတူ ညီမျှ ရေးကို အကောင်အထည်ဖော်ဆောင်ရွက်မယ့် အကြောင်းအရာအချက်အလက်၊ အမျိုးသမီးနဲ့ အမျိုးသားလိင်နှစ်မျိုးကို အသိအမှတ်ပြုရာရောက်စေတဲ့ ညွှန်းဆိုမှုတွေသာတွေ့ရပြီး LGBT+ တွေအတွက် တစုံတရာ ထည့်သွင်းစဉ်းစားခြင်း မပြုတာ တွေကို LGBT+ အသိုင်းအဝန်းက ‌ထောက်ပြကြတယ်။

 “အမျိုးသားနဲ့ အမျိုးသမီးသာရှိတယ်ဆိုတဲ့ အယူအဆကို တမင်မရည်ရွယ်‌ပေမယ့် ပါဝင်ရေးသားကြတဲ့သူတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့အပေါ်မှာ လုံလောက်တဲ့ အသိပညာဗဟုသုတ ကန့်သတ်ချက်ရှိခဲ့တဲ့အတွက် (intentionally မရည်ရွယ်ဘဲ) အမျိုးသား၊ အမျိုးသမီးလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ပုံပေါက်တယ်လို့ ယူဆပါတယ်”လို့ Civil Authorize Negotiate Organiza-tion (CAN-Myanmar) ရဲ့  Founder ဖြစ်သူ စောဇင်မောင်စိုးကပြောပါတယ်။

မူဝါဒအရ အမျိုးသမီးတွေအပေါ်မှာ ခွဲခြားမှုကင်းတဲ့မူဘောင်ဖြစ်ပေမယ့် ကိုယ့်ပြည်နယ်တွင်းနေထိုင်တဲ့ ပြည်သူတွေကို စဉ်း စားရာမှာ အမျိုးသမီး၊ အမျိုးသားတင်မက အခြားသော လိင်၊ မသန်စွမ်း၊ မတူကွဲပြားတဲ့ဘာသာရေးအယူအဆ စသဖြင့် ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့သူဆိုတယ်။

 “ပထမဆင့်မှာကတည်းက အုတ်မြစ်ချလုပ်မယ်ဆိုကတည်းက ဒါတွေထည့်လိုက်မယ်ဆိုရင် ပြီးနေပြီလေ၊ အစောကတည်း က မပါဘဲနောက်မှ ထည့်တာပိုခက်တယ်”လို့ စောဇင်မောင်စိုးက ထောက်ပြပါတယ်၊

 ကရင်နီပြည်နယ် ဂျဲန်ဒါမူဝါဒမူဘောင်‌က လိင်စိတ်ခံယူမှုကွဲပြားသူတွေ (LGBT+ Lesbian မိန်းကလေးချင်း ချစ်ခင်စုံမက်သူ၊ Gay ယောကျာ်းလေးချင်း ချစ်ခင်စုံမက်သူ၊  Bisexual – လိင်တူဖြစ်စေ လိင်ကွဲဖြစ်စေ ချစ်ခင်စုံမက်သူ၊  Transgender- ဆန့် ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူစသဖြင့်) အတွက် ထိထိရောက်ရောက် စဉ်းစားမှုမရှိသေးဘူးဆိုတာက ထင်ရှားနေ ပြီး ဒီလိုချန်လှပ်ထားခြင်းက LGBT တွေဟာ သူတို့ဘဝထဲမှာ ကြုံတွေ့နေရတဲ့ ချို့တဲ့မှုတွေ၊ ခွဲခြားမှုတွေကို ဆက်လက်ခံနေ ရတာမျိုး ဖြစ်နေတတ်တယ်လို့ Transgender (ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲနေထိုင်သူ)  တဦးဖြစ်တဲ့အတာက ဆိုပါ တယ်။

မူဝါဒရေးသူတွေဟာ LGBT လူစုအသိုင်းအဝိုင်းကိုပါ မြင်ပေးဖို့၊ သူတို့ရဲ့လိုအပ်ချက်တွေကိုစဉ်းစားဖို့ အရေးကြီးသလို ကျန်း မာရေးဝန်ဆောင်မှု ရယူမှုကစပြီး ပညာရေး၊ လုံခြုံရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာတောင် LGBTတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ မူဝါဒထဲမှာ ပါသင့်တယ်လို့သူက အကြံပြုပါတယ်။

ကရင်နီဂျဲန်ဒါမူဝါဒမူဘောင်ကို ကရင်နီဒေသအတွင်းမှာ ဆွေးနွေးတိုင်ပင်ခဲ့တဲ့ ရလာဒ်တွေ၊ ပြည်နယ်အတွင်းက အမျိုးသမီး အစုအဖွဲ့တွေရဲ့ အချက်အလက်တွေအပေါ် အခြေခံရေးဆွဲပြီး ၂၀၂၅ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှာ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီက အတည်ပြုခဲ့တာဖြစ်ပါတယ်၊      

 ဂျဲန်ဒါမူဝါဒမူဘောင်က လူမျိုး၊ ကိုးကွယ်ယုံကြည်တဲ့ဘာသာနဲ့ လိင်အပေါ်အခြေခံကာ ဖိနှိပ်ခွဲခြားဆက်ဆံပြီး လူတစ်ဦးတစ် ယောက်စီရဲ့တန်ဖိုးကို ဆုံးဖြတ်တဲ့ လူမှုအဆောက်အအုံတွေကို မြေလှန်ပြောင်းလဲချင်တာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ် အတွင်းက အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေအပေါ်အခြေခံပြီး လက်ရှိ ကရင်နီရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ပြုပြင် ပြောင်းလဲရမယ့် ဥပဒေပိုင်းဆိုင်ရာ လမ်းညွှန်မှုတွေ၊ ယန္တရားတည်ဆောက်မှုအပိုင်းတွေမှာ လိုအပ်တဲ့ အပြောင်းအလဲတွေ စလုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ-KSCC ရဲ့ အထွေထွေအတွင်းရေးမှူး မော်ဒေးမြာက ဆိုပါတယ်။

 “နောက်ထပ်အရေးကြီးတဲ့ အခြေခံစဥ်းစားချက်တစ်ခုကတော့ ကရင်နီဟာ စစ်အာဏာရှင်စနစ်အပြင် ကျားစံနှုန်းကို ဗဟိုပြု ထားတဲ့ဖိုဝါဒကိုလည်း တိုက်ဖျက်နေရတာဟာ လက်တွေ့အရှိတရား ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကရင်နီမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့အခြေအနေတွေ တိုးတက်ပြောင်းလဲဖို့အတွက် ကနဦးခြေလှမ်းအနေနဲ့ ဦးတည်အစပြုလိုက်ခြင်းဖြစ် ပါတယ်”လို့လည်း မော်ဒေးမြာက ပြောပါတယ်။

အမျိုးသမီးတွေရဲ့အခြေအနေကို အခြေပြုပြီး စဥ်းစားထားရတဲ့အတွက်လည်း ဂျန်ဒါလို့ပြောရင် အမျိုးသမီးအရေးသာဖြစ် တယ်ဆိုတာ အလွယ်မတွေးဖို့ မူဘောင်ရဲ့ နိဒါန်းမှာ ဖော်ပြထားတယ်လို့ သူက ဆက်ပြောတယ်။

ဒါအပြင် နိုင်ငံရေး၊ လူမှုရေး၊ ​စီးပွားရေးစတဲ့ ကဏ္ဍအသီးသီးမှာ လူ့အသိုင်းဝိုင်းတစ်ခုလုံးက ကျားစံနှုန်းကို ဗဟိုပြုပြီး လည် ပတ်နေတဲ့အတွက် ကျားစံနှုန်းမမှီတဲ့ ဂျဲန်ဒါဝိသေသလက္ခဏာတွေဖြစ်တဲ့ LGBT+ တွေနဲ့ အမျိုးသမီးတွေက ရည်ရွယ်ချက်ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေတ်အဆက်ဆက်မှာ ခွဲခြားဖိနှိပ်ခံခဲ့ရသလို ဖိုဝါဒအခြေခံထားတဲ့ နိုင်ငံရေးအာဏာတည် ဆောက်မှုတွေကို လူ့အသိုင်းအဝိုင်းတခုလုံးရဲ့ ပြဿနာတခုအနေနဲ့ မူဘောင်က စဥ်းစားထောက်ပြထားတယ်လို့ ဆိုပါတယ်။

“ဒီမူဘောင်ထုတ်ပြန်လိုက်တဲ့အပေါ်မှာ စိတ်ဝင်စားမှုတွေ အားကောင်းသလို ဂျဲန်ဒါအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုမျိုး ရှိလာတာ အရမ်းကောင်းပါတယ်။ ဒီလိုဆွေးနွေးမှုတွေကတဆင့်လည်း ကရင်နီမှာ အမြစ်စွဲနေတဲ့ ဂျဲန်ဒါအမြင်တွေ (“ကျား” ဖြစ်လို့ “မ” ဖြစ်လို့ဆိုတဲ့ ဘောင်ထဲကနေ သတ်မှတ်ထားတဲ့ပုံသေကားချပ်တွေ)၊ internalized misogyny (အမျိုးသမီးတွေ အပေါ်အတွင်းစိတ်(မသိစိတ်)ထဲကကြိတ်ပြီးမုန်းတီးမှု) တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန်မြင်သာလာပြီး ဒီအမြင်တွေကို စိန် ခေါ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်”လို့ မော်ဒေးမြာကပြောတယ်။

မူဘောင်က ဂျန်ဒါအရေး ကိစ္စထဲကတစ်ခုဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံရတဲ့အခြေအနေကို ပြောင်းလဲဖို့ကြိုးပမ်းတဲ့ ကနဦး ခြေလှမ်းဖြစ်တဲ့အတွက် ဒီထက်ပိုကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေနဲ့ လက်ရှိအနေအထားထက် ပိုကောင်းအောင် တဆင့် ပြီးတဆင့် ဆက်လုပ်ရမှာဖြစ်တာကြောင့် LGBTIQ တွေရဲ့ ခွဲခြားဖိနှိပ်ခံရတဲ့အတွေ့အကြုံတွေ၊ အသံတွေက လက်ရှိမူဝါဒ ဖြစ်စဥ်တွေမှာ အားကောင်းကောင်းနဲ့ ပါဝင်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ဖို့ လိုတယ်လို့ဆိုပါတယ်။

 ဒါ့အပြင် မူဘောင်ရဲ့ နောက်ထပ်ခြေလှမ်းအနေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဦးဆောင်ပြီး ကရင်နီ ပြည်အတွက် ဂျန်ဒါမူဝါဒတခု ဆက်လက်ရေးဆွဲသွားမှာဖြစ်တဲ့အတွက် ရှေ့လုပ်ငန်းစဥ်တွေမှာ ကရင်နီမှာရှိတဲ့ အမျိုးသမီး အပါအဝင် LGBTIQ+ အရေးလှုပ်ရှားနေသူတွေဆီက အသံတွေကို စုစည်းပြီး သီးခြားလိုအပ်ချက်တွေအတွက် လိုအပ်တဲ့ အစီအမံတွေကို မူဝါဒထဲမှာ ရေးဆွဲနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောတယ်။

ဒီအတွက်ကြောင့်​ စုံလင်ကွဲပြားတဲ့ ဂျဲန်ဒါဝိသေသလက္ခဏာကို လူ့အသိုင်းအဝိုင်းက ပိုမိုနားလည်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ၊ သုတေသနနဲ့ လေ့လာမှုတွေ ဆက်လုပ်သွားရမှာဖြစ်ပြီး၊ ကရင်နီမှာရှိတဲ့ ဂျဲန်ဒါအရေး လှုပ်ရှားနေသူများနဲ့ လည်း အတူတူဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို လိုအပ်ချက်တွေကို ဆက်လက်အကြံပြုပြီး ပူးပေါင်းဆောင် ရွက်ပေးဖို့လည်း ဖိတ်ခေါ်လိုပါတယ်လို့ သူကဆိုတယ်။​

ဂျဲန်ဒါမူဝါဒမူဘောင်က ကရင်နီပြည်တွင်း ဂျဲန်ဒါတန်းတူညီမျှရေးကိုအစပြုတဲ့ ပထမခြေလှမ်းဖြစ်တဲ့အတွက် ဝေဖန်ထောက် ပြမှုတွေကနေ ကရင်နီဒေသရဲ့ အဖွဲ့အစည်းအသီးသီးက ဒီမူဘောင်ကို အသေးစိပ်ပြန်ပြီး မူဝါဒချမှတ်တဲ့အခါမျိုးတွေမှာ ပိုကျယ်ပြန့်တဲ့ ဂျဲန်ဒါဝိသေသလက္ခဏာတွေကို ထည့်သွင်းပြဌာန်းနိုင်ဖို့နဲ့၊ မူဝါဒရေးဆွဲရေးတွေမှာ အခြားသောလိင်စိတ်ခံယူ မှုရှိသူတွေရဲ့အသံတွေကို ပိုစုဆောင်းနိုင်ဖို့လမ်းညွှန်တစ်ခုဖြစ်မယ်လို့မျှော်လင့်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဂျန်ဒါတန်းတူညီမျှရေးဌာန၊ ဌာနမှုး မူအန်နာကလည်း ပြောပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှလည်း တပြည်နယ်လုံးအတိုင်းအတာနဲ့ ဂျဲန်ဒါမူဝါဒကို ရေးဆွဲဖို့ရှိတာ ကြောင့် အခြားလိင်စိတ်ခံယူမှုရှိသူတွေအရေးတွေ၊ အသုံးအနှုန်းတွေကို ပိုထည့်သွင်းဖို့ မျှော်လင့်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အနေနဲ့လည်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးလမ်းညွှန်မှုအောက်မှာ ရှိနေတဲ့တပ်ဖွဲ့ဖြစ်တာ ကြောင့် ဒီမူဘောင်ထွက်လာတဲ့နောက်ပိုင်းမှာ တပ်တွင်းရဲ့ မူဝါဒတွေကိုရေးဆွဲတဲ့အခါ ဂျဲန်ဒါတန်းတူရေးတွေကို ပိုထည့်ဝင် လာနိုင်မှာရှိပါတယ် လို့ သူကဆက်ပြောတယ်။

 “ကျွန်မတို့နားလည်ထားတဲ့ ဂျဲန်ဒါက binary/non binary (ကျား-မ နှစ်မျိုးတည်း / ကျား၊ မ ကန့်သတ်ချက်အပြင် ဘယ် ဂျဲန်ဒါမှ မဟုတ်သူများ) ဖြစ်တဲ့အတွက် တန်းတူညီမျှရေးလို့ပြောတဲ့အခါမှ ဘယ်ဂျဲန်ဒါကိုမှ ချန်လှပ်မထားရဘူးဆိုတာတွေ လည်း တိုက်တိုက်တွန်းတွန်းလုပ်နေကြတာတွေ ရှိပါတယ်” လို့ မူအန်နာက ဆိုတယ်။

ဂျဲန်ဒါအကြောင်းပြောတဲ့အခါ လိင် (Sex) နဲ့ ဂျဲန်ဒါ (Gender) ကို အများစုက ရောထွေးပြီး ဂျဲန်ဒါဆိုတာ အမျိုးသားနဲ့ အမျိုး သမီးဆိုပြီး နှစ်မျိုးတည်းပဲရှိတယ်၊ အမျိုးသမီးအရေးပဲဖြစ်တယ်လို့ မှားယွင်းစွာ နားလည်ထားကြပါတယ်။

လိင် (Sex) ဆိုတာ မွေးရာပါလိင်သဘာဝအတိုင်း ယောကျ်ားနဲ့ မိန်းမလို့ သတ်မှတ်ထားတာဖြစ်သလို၊ ဂျဲန်ဒါ (Gender) က တော့ လူမှုဝန်းကျင်နဲ့ ထုံးတမ်းအစဉ်အလာတွေအရ ယောက်ျားဆိုရင် ဘယ်လိုဝတ်စားနေထိုင်ရမယ်၊ သားကောင်လိုက်ရ မယ်၊ စစ်တိုက်ရမယ်၊ ဒါမှယောက်ျားဆန်မယ်၊ မိန်းမဆိုရင်တော့ ယောကျာ်းတွေနဲ့မတူပဲ ဘယ်လိုဝတ်စားနေထိုင်ပြုမူပြော ဆိုရမယ်၊ အိမ်တွင်းအလုပ်ဖြစ်တဲ့ မီးဖိုချောင်အလုပ်နိုင်နင်းရမယ်၊ နှူးညံ့သိမ်မွေ့ရမယ်၊ ဒါမှမိန်းမဆန်မယ်ဆိုတဲ့ လူတွေရဲ့ ပုံသေသတ်မှတ်ချက်ကို ညွှန်းဆိုတာ ဖြစ်ပါတယ်။

လူမှုအဖွဲ့အစည်းမှာ “ကျား-မ နှစ်မျိုးတည်း” (Gender Binary) ဆိုတဲ့ အတွေးအခေါ်က အမြစ်တွယ်နေတာကြောင့် ဒီစံနှုန်း တွေကနေ သွေဖယ်တဲ့  အခြားသောလိင်စိတ်ခံယူမှုရှိသူတွေကို လက်သင့်မခံတာ၊ ခွဲခြားဆက်ဆံတာတွေ၊ အမုန်းထားရန်လို တာတွေ ကြုံတွေ့နေရပါတယ်။

အဲဒီအတွက်လည်း လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT+) တွေမှာ  အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ လူမှုရေးအရ ဖယ်ကြဉ်ခံရမှု တွေ နေရာတိုင်းမှာ ကြုံတွေ့နေရတာကြောင့် သူတို့ရဲ့ ဂျန်ဒါဆိုင်ရာ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေကို အများပြည်သူ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ခက်ခဲစေပြီး၊ ဒီအပေါ် နားလည်ပေးမယ့်သူတွေလည်း ပိုမိုနည်းပါးစေပါတယ်။

 ဂျဲန်ဒါမူဝါဒတွေအကြောင်း ပြောတဲ့အခါမှာ “ဂျဲန်ဒါ” ဆိုတဲ့စကားကို အများစုက အမျိုးသမီးတွေနဲ့ ပတ်သက်နေတယ်လို့သာ နားလည်ထားကြပေမဲ့ ဂျဲန်ဒါတန်းတူရေးဆိုတာကို အနက်ဖွင့်ကြည့်မယ်ဆိုရင် LGBT+ လူတွေဟာလည်း ဒီစနစ်ထဲမှာပါဝင် နေသူတွေ ဖြစ်တယ်လို့ အတာကပြောပါတယ်။

“အမျိုးသမီးတမျိုးတည်းလို့ မဆိုလိုပါဘူး၊ ဆန့်ကျင်ဖက်လိင်ကဲ့သို့ပြောင်းလဲနေထိုင်သူ မိန်းကလေးတွေ၊ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူမိန်းကလေးတွေကလည်း အမျိုးသမီးတွေပါပဲ။ ဒါကြောင့်ဂျဲန်ဒါတန်းတူညီမျှရေးဆိုတာထဲမှာ  လိင်စိတ်ခံယူ မှု ကွဲပြားသူတွေအရေးကို ထည့်ဖို့ မဖြစ်မနေလိုပါတယ်”လို့သူက ဆက်ပြောတယ်။

ဂျဲန်ဒါနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေ လုပ်ဆောင်တဲ့အချိန်က စစ်အာဏာရှင် အုပ်စိုးမှုအကူးအ‌ပြောင်းကာလလည်း ဖြစ်၊ ကန့်သတ်မှုတွေကြားက လုပ်ခွင့်ရသလောက်နဲ့ လုပ်ဆောင်ရာမှာ အမျိုးသမီးအရေးကိုသာ ဉီးစားပေးခဲ့သလိုဖြစ်ပြီး အခြား လိင်စိတ်ခံယူမှုကွဲပြားသူတွေကဲ့သို့ အားလုံးတန်းတူပါဝင်နိုင်ရေးအတွက် ထည့်သွင်းမစဉ်းစားနိုင်ခဲ့တာတွေကြောင့် ဂျဲန်ဒါ အရေးဆိုရင် အမျိုးသမီးအရေးလို့ မြင်သွားတာမျိုးရှိတယ်လို့ စောဇင်မောင်စိုးကလည်း ပြောပါတယ်။

ဒီလိုလုပ်ခွင့်ရတဲ့အနေအထားကနေ အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ရတဲ့အတွက် တချို့ကလည်း ဂျဲန်ဒါနဲ့ပတ်သက်ပြီး မသိနားမလည်ကြလို့ ခွဲခြားဆက်ဆံတာတွေရှိသလို၊ တချို့မှာလည်း ဂျဲန်ဒါအရေးနားလည်တတ်ကျွမ်းပေမယ့် ရှေ့မှာဦး ဆောင်လုပ်နေတဲ့  ဖိုဝါဒကြီးစိုးသူတွေရဲ့အသံတွေကို မကျော်လွှားနိုင်သေးတဲ့အတွက် ထိရောက်တဲ့ပြောဆိုမှုတွေ မလုပ်နိုင် တာတွေရှိခဲ့ပါတယ်။

 ဒီအတွက်လည်း ဂျဲန်ဒါနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်နေရာယူပြီး အသိပညာပေးမှုတွေလုပ်ဖို့ လိုသလို စနစ်တကျဖြစ်အောင်လည်း လုပ်ဆောင်သင့်ပြီလို့ သူကဆိုတယ်။

ဂျဲန်ဒါအရေးလို့ပြောတဲ့အခါ ဂျဲန်ဒါ‌ကို မသိရှိသူတွေ၊ ဖိုဝါဒအမြင်ရှိသူတွေက အမျိုးသမီးအရေးကိစ္စလို့ မြင်ကြသလို၊ အချို့ မှာလည်း အမျိုးသမီးအရေးပြောတာတွေက ဂျဲန်ဒါအရေးမဟုတ်ဘူးလို့ ယူဆသူတွေလည်းရှိကြပြီး အမှန်တကယ်အားဖြင့် ဂျဲန်ဒါက အမျိုးသမီး၊ အမျိုးသား၊ LGBT+  စသဖြင့်အားလုံးအကျုံးဝင်တဲ့ အလွှာပေါင်းစုံအခြေအနေအရပ်ရပ်ကို ဆိုလိုတာ ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့  အတွင်းရေးမှုး (၁) ဖြစ်သူ ဇူးပဒုမ္မာက ပြောပါတယ်။

အမျိုးသမီးအခွင့်အရေး၊ ဂျဲန်ဒါတန်းတူညီမျှရေး၊ LGBT+  စသဖြင့် အလွှာပေါင်းစုံအသီးသီးက အတွေးအခေါ် အယူအဆ တွေ တန်းတူညီမျှဖို့ဆိုရင် စနစ်တခုလုံးကို ပြောင်းရမှာဖြစ်သလို လူမှုဝန်းကျင်မှာ လှိုက်စားနေတဲ့ ခွဲခြားဆက်ဆံမှု အယူဝါဒ တွေပျောက်မှ တန်းတူညီမျှမှုဆိုတဲ့ အခြေအနေကို ရောက်မှာလို့ သူကဆိုပါတယ်။

လက်ရှိမှာ တိုင်းရင်းသားတန်းတူညီမျှရေးကို ဉီးဆောင်လုပ်လာတဲ့ တိုင်းရင်းသားတွေက တိုင်းရင်သားတန်းတူညီမျှရေးကို ပြောတဲ့အခါ တခြားသူတွေရဲ့အခွင့်အရေးကျန်ခဲ့တာ၊ လူမျိုးကြီးတွေကို တမင်ကျဉ်ဖယ်တယ် ပြောတာတွေရှိသလို အမျိုး သမီးတွေက အမျိုးသမီးရေးကို ပြောနေတဲ့အခါမှာ တခြားသောလူအုပ်စုတွေရဲ့အရေးကို ကျန်နေတယ် စသဖြင့် ဝေဖန်သုံး သပ်ကြတာတွေ ရှိနေပေမယ့်လည်း အားလုံးမျှော်မှန်းတဲ့ဂျဲန်ဒါ တန်းတူညီမျှမှုတွေဖြစ်ဖို့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရ မှာဖြစ်တယ်လို့ ဆိုပါတယ်။

 LGBT+ အရေးကို မထည့်သွင်းမစဉ်းစားတာက မူဝါဒတွေရေးဆွဲမှုတွေမှာတင်မက အမျိုးသမီးအရေး၊ ဂျဲန်ဒါရေးကို လုပ်နေ တဲ့အဖွဲ့တွေထဲမှာတောင် LGBT+ တွေအတွက် နေရာမပေးတာတွေ ရှိနေတယ်လို့ LGBT+အသိုင်းအဝိုင်းကဆိုပါတယ်။

 “အမျိုးသမီးတွေအတွက်တောင် တန်းတူအခွင့်အရေးရဖို့ တောင်းနေရတဲ့အချိန်မှာ LGBT+ ရဲ့အခွင့်အရေးကို ပြောတာက နောက်ကျသေးတယ်ဆိုပြီး ပြောကြပေမယ့် တန်းတူညီမျှမှုက တစုံတယောက်ပြီးမှ တခြားသူရဖို့စောင့်နေရတဲ့ အရာမဟုတ် ဘဲ တချိန်တည်းမှာလူတိုင်းအတွက် ရှိရမယ့်အရာ” လို့ အတာကပြောတယ်။

LGBT+ တွေဟာ တော်လှန်ရေးမှာပါဝင်တဲ့အခါ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ညှင်းပန်းသတ်ဖြတ်ခံရတာ၊ စစ်ကြောရေးတွေ မှာလည်း အရှက်ရအောင် နှိပ်စက်ပြုမှုတာ၊ ပြည်တွင်းမှာလည်း LGBT စာပေတွေကို ညစ်ညမ်းစာပေတွေအဖြစ် သတ်မှတ် ပြီး ရေးသားသူတွေနဲ့ ပုံနှိပ်ထုတ်ဝေသူတွေကိုဖမ်းဆီးတာစသဖြင့် အဖက်ဖက်က ဖိနှိပ်မှုတွေကြုံရသလို အပြောင်းအလဲတွေ အတူတကွဖော်ဆောင်နေတဲ့ တော်လှန်ရေးနယ်ပယ်က အဖွဲ့အစည်းတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ကြုံရပြန်တဲ့အခါ ထပ်ဆင့်နစ်နာနေရပါတယ်။

 အပြောင်းအလဲကာလမှာ မတရားမှုကို တော်လှန်ရမယ်ဆိုတာ နှုတ်အားဖြင့်ပြောကြပေမယ့် တကယ်လက်တွေ့ လုပ်ဆောင် ကြတဲ့အခါ နှောင့်နှေးနေလျက်ရှိပြီး၊ ကိုယ့်ရဲ့အဖွဲ့အစည်းတွေ မူဝါဒတွေမှာ လူနည်းစုတွေ တန်းတူညီမျှစွာ ပါဝင်ခွင့်ရဖို့  အဟန့်အတားဖြစ်စေတဲ့ အခြေအနေတွေကို ပြန်သုံးသပ်စေချင်တယ်လို့ စောဇင်မောင်စိုးက ဆိုတယ်။

“တော်လှန်ရေးနယ်ပယ်ကဖြစ်စေ အမျိုးသမီးအဖွဲအစည်းတွေကဖြစ်စေ ကိုယ်တိုင်က ခွဲခြားဖိနှိပ်တာကို လက်မခံနိုင်လို့ မတ ရားမှုကို လက်မခံနိုင်လို့ တော်လှန်နေချိန်၊ အပြောင်းအလဲတွေကို ဖော်ဆောင်နေချိန်မှာ လူနည်းစုဖြစ်လို့ LGBT ဖြစ်လို့ လက် မခံနိုင်ဘူးဆိုတာက ဒီလူတွေအပေါ် ရသလောက် ဖိနှိပ်တဲ့သဘောသက်ရောက်နေတယ်” လို့   သူကပြောတယ်။

“authorization power (လုပ်ပိုင်ခွင့်အာဏာ) မရှိသေးတဲ့အချိန်မှာ ကိုယ်နဲ့ မတူတဲ့သူတွေအပေါ် အမြင်မတူ လက်မခံနိုင်ရင် ဒီလူတွေသာ လုပ်ပိုင်ခွင့်အာဏာရှိသွားလည်း ဘာထူးမှာလဲ၊ သူတို့ကသာလွတ်မြောက်သွားပြီး ကျွန်တော်တို့က ဆက်ပြီးခွဲ ခြားခံနေရဦးမယ့်အနေအထားမှာ ဆက်ရှိနေဦးမယ်၊ ခွဲခြားတဲ့လူနဲ့အဖွဲ့အစည်းဘဲ ပြောင်းသွားမယ့်သဘော၊ ကျွန်တော်တို့က ဒုံရင်းအတိုင်းပဲ ဆက်ပြီးခွဲခြားဖိနှိပ်ခံနေရဦးမှာဘဲ “လို့ စောဇင်မောင်စိုးက ဆက်ပြောတယ်။

တချို့နေရာတွေမှာ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို အကြောင်းပြပြီး LGBT+ တွေကို မဖော်ပြဘဲနဲ့လစ်လျူရှုတာမျိုးတွေဖြစ် နေတတ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအနေနဲ့ကြည့်မယ်ဆိုရင်တော့ လူတိုင်းမှာ တန်းတူခွင့်အရေးရှိတယ်ဆိုတဲ့ အမြင် နဲ့ မူဝါဒရေးဆွဲဖို့ တကယ်အရေးကြီးတယ်လို့ LGBT+အသိုင်းအဝိုင်းကဆိုတယ်။

“ဂျဲန်ဒါဆိုတာက အမျိုးသား၊ အမျိုးသမီးကို ရည်ညွှန်းတာ၊ အထူးသဖြင့် အမျိုးသမီးတွေကို ကာကွယ်ပြီး၊ အမျိုးသမီးတွေ အခွင့်အရေးရဖို့ ဆောင်ရွက်တာက ဂျန်ဒါအရေး လုပ်ဆောင်တာဖြစ်တယ်” လို့  အသက် ၃၀ အရွယ် ကိုအောင်က ပြောပါ တယ်။

 အသက် ၂၇ နှစ်အရွယ် ဒီဇိုင်းနာမနွယ်ကတော့ ဂျန်ဒါဆိုတာ အမျိုးသားအမျိုးသမီးလိင်သတ်မှတ်ချက်ကို ရည်ညွှန်းတာ ဖြစ်ပြီး ကျန်တာတော့ မသိဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးဆိုတာ မတရားမှုတွေအပေါ်တုံ့ပြန်တာဖြစ်ပြီး LGBT+ တွေကို ခွဲခြားမှုတွေ၊ နှိပ်စက်မှုတွေ ခံနေရတာဟာ မတရားမှုတခုဖြစ်သလို၊ အဖွဲ့အစည်းအချို့မှာ LGBT+ အရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြောင်းလဲမှုလုပ်ဆောင်တယ် ဆိုတာက အပြင်အဆင်သာလှပြီး အနံ့မလှတဲ့အင်္ကျီတထည်နဲ့တူတယ်လို့ အတာကပြောပါတယ်။

“ကိုယ့်လှုပ်ရှားမှုအထဲမှာ တစုံတယောက်ကို ခွဲခြားနေရင် ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲမှုဟာ တကယ်ပြောင်းလဲမှု မဖြစ်နိုင်ဘူး” လို့ အတာက ပြောတာပါ။

ဂျဲန်ဒါဆိုတာ လူတိုင်းနဲ့သက်ဆိုင်တဲ့အတွက်  LGBT+ တွေကိုပါ အသိအမှတ်ပြုဖို့၊ ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူအခွင့် အရေးရဖို့လည်း လိုအပ်ပါတယ်။ သူတို့တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်ပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်း တခုလုံး ပိုမိုတရားမျှတပြီး အားလုံးပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာစေမှာပါ။  

“ကျွန်တော်/ကျွန်မတို့အနေနဲ့ တောင်းဆိုချင်တာက တော်လှန်ရေးဆိုတာ တကယ်တန်ဖိုးရှိအောင် LGBT+ တွေကိုလည်း မျှတ တဲ့နေရာကနေမြင်ဖို့ပါ။ လူ့အခွင့်အရေးဆိုတာ တဖက်နဲ့တဖက်အတွက်သာမဟုတ်ဘူး။ အားလုံးအတွက်ဖြစ်ဖို့ လုပ်ဆောင်ဖို့ ပဲ” လို့ အတာက ဆိုပါတယ်။

ခေတ်စနစ်တခုကို ပြောင်းလဲတော်လှန်မှုတွေဟာ လူ့သက်တမ်းအတွင်း ပျော်ရွှင်အောင်နေထိုင်ဖို့ လိုအပ်တဲ့ အသိပညာတွေနဲ့ သင်ကြားမှုများ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ လူသားတဦးချင်းစီရဲ့ ကောင်းမွန်တဲ့လူအဖွဲ့အစည်း၊ မိသားစုဘဝ၊ စီးပွားရေး ဘဝ၊ ကျန်းမာရေးဘဝတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စည်းကမ်းရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ နေထိုင်ကြဖို့ဆိုရင်  ဂျဲန်ဒါမူဘောင် တွေ ရေးဆွဲနိုင်ဖို့ လိုအပ်နေပါတယ်။

မည်သို့ပင်ဖြစ်စေ ပြောင်းလဲပြုပြင်စရာ အတွေးအမြင်ဟောင်းတွေ အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံမှာ ကရင်နီပြည်၊ အတိုင် ပင်ခံကောင်စီရဲ့ ဂျဲန်ဒါမူဘောင်ထွက်ပေါ်လာခြင်းကို အစပျိုးခြေလှမ်းတခုအဖြစ် ကြိုဆိုရမှာဖြစ်ပြီး ပိုမိုပြည့်စုံသော မူဘောင်၊ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာဖို့ လူထုနဲ့ တော်လှန်ရေးခေါင်းဆောင်တွေကို စဉ်ဆက်မပြတ် စည်းရုံး လှုံ့ဆော်မှုတွေ လုပ်ဆောင်သွားကြရဦးမှာတော့ အသေအချာပဲဖြစ်ပါတယ်။

Author: