ဒီဇင်ဘာလ ၉ ရက်မှ ၁၄ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို
ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းကျင့်ခဲ့တဲ့ MNDAA အရာရှိကို သေဒဏ် ပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ် အရွယ်ကလေးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့အရာရှိတစ်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီ ဝန်းကျင်မှာ အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက် တရုတ်နယ်စပ် ချောင်း ဘေးတစ်နေရာမှာ မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ် ပြီးတော့ နယ်စပ်ချောင်းနားမှာ မုဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေတရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်းအမျိုး သားသုတ်ရည်တွေပါနေတာကြောင့် ကလေးအမေကကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape case ဆိုတော့ပန်ဆိုင်းမှာ လက်မခံဘူး၊ လားရှိုးဆေးရုံကို ခေါ်သွားပေးတယ်။ ကလေးမိန်းမကိုယ်က အားလုံးစုတ်ပြဲသွားလို့ သုံးဆင့်ထပ်ပြီးချုပ်ခဲ့ရတယ်လို့ပြောပါတယ်။”လို့ ပြောပါတယ်။
သက်ငယ်မုဒိမ်းပြစ်မှု ကျူးလွန်သူဟာ ကိုးကန့် MNDAA တပ်ဖွဲ့ထဲကကားဆရာ အသက် ၅၅ နှစ်အရွယ် ဦးရှောက်ချိဆိုသူ ဖြစ်ပြီး ဇနီး၊ သား၊ သမီး၊ မြေးတွေရှိတဲ့အပြင် MNDAA အရာရှိတစ်ဦးလည်းဖြစ်ပြီး ကလေးငယ်မိသားစုနေအိမ်နဲ့ အိမ်နီး ချင်းကပ်ရပ်ဖြစ်တဲ့အပြင် ပုံမှန်ဝင်ထွက်လေ့ရှိကာအချင်းချင်း ခင်မင်ရင်းနှီးကြသူတွေဖြစ်ပါတယ်။
ဒါကြောင့် ကလေးငယ်ကိုကားလျှောက်ပတ်စီးဖို့ခေါ်သွားတာဖြစ်ပြီး နေအိမ်ကနေ ၁ ဖာလုံလောက်အကွာ တရုတ်နယ်စပ် ချောင်းဘေးမှာ မုဒိမ်းကျင့်လိုက်တာပါ။
Source – Kachin News Group
အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး လူ့အခွင့်အရေးနေ့ကျင်းပ
oက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ အမျိုးသမီးမဟာမိတ်အင်အားစု (WAB) တို့ ပူးပေါင်းပြီး ဒီ ဇင်ဘာ ၁၂ ရက်ကဝက်လက်မြို့နယ်အနောက်ခြမ်း၊ ကြားကာလပညာရေးစာသင်ကျောင်း တစ်ကျောင်းမှာ လူ့အခွင့်အရေး ဟောပြောပွဲနဲ့ စာစောင်တွေ ဖြန့်ဝေတာ၊ ကျန်းမာရေးနဲ့ လိင်ပညာပေးတာ၊ ကျောင်းကျန်းမာရေးစစ်ဆေးပေးတာတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
Source – DVB
စန်းကားကျေးရွာမှာ ၃ ရက်အတွင်း လက်နက်ကြီးကျလို့ အမျိုးသမီးတွေအပါအဝင် အရပ်သားလေးဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေ ဆုံးသူ ၄ ဦး ထိရှိလာတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ညနေ ၄ နာရီဝန်းကျင် ခိုင်မြဲငှက်ပျော်လုပ်ကွက် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၂၄ နှစ်အရွယ် မပန်းအိဖြူပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက်၂၇ နှစ်အရွယ် ကိုခိုင်မြဲကနောက်ကျောဒဏ်ရာစိုးရိမ်ရ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ဝင်းဝင်းသန်းပေါင်ထိဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံလုပ်ကွက်မှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မအေးနွယ်အခြေအနေကစိုးရိမ်ရတဲ့အတွက် ဝိုင်းမော်ဆေးရုံကြီးကတစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးကို ပြန်လည်လွှဲပြောင်းပေးပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Source – Kachin News Group
ကရင်မှာ နှစ်လအတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သားသုံးဦးသေဆုံး နှစ်ဆယ်ကျော်ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ဆောထိမြို့နယ် တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် အမျိုး သမီးတွေအပါအဝင် အရပ်သားအနည်းဆုံး ၃ ယောက်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားမယ်လို့ လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကွဲမှုအောက်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်၊ ကြည်းတပ်နဲ့ လေတပ်တွေက ကျေးရွာတွေ ထဲကိုလက်နက်ကြီးအလုံးရေ ၂၄ လုံးနဲ့ လေတပ်ကနေ ဗုံး ၂ လုံးကြဲချခဲ့သလို အော်လီဂန်းနဲ့ ၄ ကြိမ် ဒရုန်းနဲ့ ၃၇ ကြိမ်ထက် မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သောင်ပုကျေးရွာသား စောကျော်သူထွန်း (၃၅) နှစ်၊ စောဆဲဂေး (၄၁) နှစ်နဲ့ နော်သွန်း ရနာထွန်း (၁) နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ်တစ်စီး ပျက်စီးခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့်ရာဘာအစေးခြစ်နေ တဲ့ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒသထုံခရိုင် ကျိုက်ထိုမြို့နယ်အခြေစိုက် အမှတ် (၃၁၀) သိမ်ဇရပ်အမြောက်တပ်အနေနဲ့ ဒေသခံတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
Source – DVB
မြင်းခြံနဲ့ ငါန်းဇွန်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၁၉ ဦးအထိရှိလာ
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပြီလို့ဒေသခံတွေ ကပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် မနေ့က တောင်သာမြို့နယ်၊ မိုးနှောင်းခင်းရွာကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲ ချတိုက်ခိုက်တာကြောင့် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်သွားပါတယ်။
ဒီရွာမှာ ကာကွယ်ရေးတပ်အခြေစိုက်တာမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာလို့လည်းတောင်သာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တရုတ် စီမံကိန်းတွေနဲ့ ရွာတွေကိုဘက်ကိုလည်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
Source – RFA
နွားနို့သွားပို့တဲ့ အမျိုးသမီးကို စစ်ကောင်စီပစ်သတ်
ထားဝယ်မြို့၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာမှာဒီဇင်ဘာလ ၁၃ ရက် နံနက် ၅ နာရီခန့်မှာအမျိုးသမီးတစ်ဦးအင်း ဇောက်ရွာဈေးသို့ နွားနို့ပို့ဖို့အသွား ရွာထဲမှာ စစ်ကြောင်းနဲ့ တွေ့ပြီးပစ်သတ်ခံရတာဖြစ်ပါတယ်။
“ဖြစ်ဖြစ်ချင်းဆေးရုံသွားဖို့ ကားငှားတာ လိုက်မယ့်သူမရှိတော့သွေးလွန်ပြီးဆုံးသွားတာ။အလောင်းကတော့ သူ့အိမ်ပြန် သယ် သွားလိုက်ကြပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းက ဒီဇင်ဘာလ ၁၂ရက်ကစပြီး လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက် လာ ခဲ့ရာ အဲ့ဒီနေ့မှာပဲမင်းရပ်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်းဒေသခံအချို့ထံမှ သိရပါတယ်။
Dawei Watch က ရရှိထားတဲ့ဓာတ်ပုံမှတ်တမ်းမှာ ကတ္တာရာလမ်းပေါ် ရှိ ဆိုင်ကယ်နံဘေးမှာ အမျိုးသမီးတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေတာဖြစ်ပါတယ်။
Source – Dawei Watch
ရေဘေးသင့် ကလေးသူငယ်နဲ့အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး အိန္ဒိယမှ ဆန်လှူဒါန်း
ရေဘေးသင့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ အကူအညီလိုနေတဲ့ မြန်မာပြည်သူ တစ်သိန်းလေးသောင်းအတွက် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံက ဆန်တန်ချိန် နှစ်ထောင်ကျော် ( ၂၂၀၀ ) လှူဒါန်းတယ်လို့ သိရပါတယ်။
ကွန်တိန်နာ ၈၆ လုံးနဲ့ ဆန်တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောဟာ ဒီဇင်ဘာ ၇ ရက်နေ့က အိန္ဒိယဆိပ်ကမ်းကနေ ထွက်ခွာပြီး ဒီဇင်ဘာ ၁၁ ရက်မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်ရှိခဲ့တာပါ။ ရန်ကုန်ဆိပ်ကမ်းမှာ စစ်ကောင်စီနဲ့ မြန်မာနိုင်ငံကြက်ခြေနီအ သင်းထံ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက အဲဒီဆန်တွေကိုလွှဲပြောင်းပေးခဲ့ပါတယ်။
ဒီလှူဒါန်းမှုဟာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ အကူအညီလိုနေတဲ့ မြန်မာပြည်သူ တစ်သိန်းလေး သောင်းအတွက် ရည်ရွယ်တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ရာဂီမုန်တိုင်းသင့်သူတွေကို ရေဘေးကူညီထောက်ပံရေးအတွက် စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယ အစိုးရက အခုလို လှူဒါန်းတာဖြစ်ပါတယ်။
Source – RFA
တောင်ကုတ်မှာ ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်
တောင်ကုတ်မြို့နယ်ခရိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့စစ်ဘေးရှောင်အရပ်သားနှစ်ဦးသေဆုံး ပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ ခရိုင်ရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ကြဲချခဲ့တာ ဖြစ်ပြီး အဲဒီရွာမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေနဲ့ ရွာခံအရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့ကြတာပါ။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသူနှစ်ဦးဟာ တောင်ကုတ်မြို့ဆေးရုံကွက်သစ်ရပ်ကွက်က အသက် ၇၁ နှစ် အ ရွယ် ဒေါ်မသိန်းနဲ့ သာယာအေးရွာက ၁၇ နှစ်အရွယ် မောင်ကျော်သက်နိုင်တို့ ဖြစ်တယ်လို့ ရခိုင်အခြေစိုက်သတင်း ဌာန တစ် ခုဖြစ်တဲ့ Arakan Princess Media မှာ ရေးသားထားပါတယ်။
ဒဏ်ရာရသူတွေဟာလည်း စစ်ရှောင်တွေနဲ့ ရွာခံတွေဖြစ်ကြပြီး အဲဒီဒဏ်ရာရသူတွေထဲ ကလေးငယ်နဲ့ အမျိုးသမီးတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။
Source – DNA
စကျင်ရွာမှာ လက်နက်ကြီးကြောင့် အမျိုးသမီး နှစ်ဦးသေဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကျင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသမီး နှစ် ဦး၊ အမျိုးသားနှစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မတ္တရာမြို့ပေါ်နဲ့ မြို့အနီးတစ်ဝိုက်မှာ အထိုင်ချထားတဲ့ စစ်တပ်က ရွာတွေဘက်ကို နေ့စဉ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် နေချိန် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေက အသက် ၁၂ နှစ်အရွယ် မယွန်းသီရိကျော်၊ ၃၄ နှစ်အရွယ် ကိုဇေယျာမောင်၊ အသက် ၃၀ အရွယ် မအေး အေးစန်းနဲ့အသက် ၄၁ နှစ်အရွယ် ကိုအောင်သူဌေးတို့ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ၈ ဦး လည်းဆေးကုသနေရတယ်လို့သိရ ပါတယ်။
Source – RFA
ဆောမှာ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး
မကွေးတိုင်း ဆောမြို့နယ်မှာ စစ်တပ်က ရွာတွေကို ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက် ခိုက်တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဆောမြို့နယ် ကျောက်ထုမြို့ အမြောက်တပ်ထဲကနေ အနီးပတ်ဝန်းကျင်ရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကံကြီးရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်လှဝင်း၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်တိုးကြည်တို့သေ ဆုံး ပြီး အသက် ၃၀ အရွယ် ကိုမျိုးကို ဒဏ်ရာရခဲ့တာပါ။ နတ်ရဲရွာကတော့ အသက် ၃၅ နှစ်အရွယ် ကိုဝင်းသန်းဦး သေဆုံးခဲ့သလို လေးဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
Source – RFA
ကလေးမြို့နယ်မှာ လက်နက်ကြီး ကျည်ထိလို့ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်မြောင်းရွာမှာ ဒီဇင်ဘာ ၁၂ရက်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံအမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါ တယ်။
စစ်ကောင်စီက ကလေးမြို့အမြောက်တပ်နဲ့ လက်အောက်ခံ ကံပုလဲရွာတွေဘက်ကနေ လက်နက်ကြီး ၁၅၅ မမ အပါအဝင် မစ်ဇိုင်း၊ ဟောင်ဝစ်ဇာလက်နက်တွေနဲ့ပါ တောက်လျှောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အသက် ၃၉နှစ်အရွယ် ဒေါ်ဥမ္မာဝင်း၊ အသက် ၇၀ အရွယ်ဒေါ်ကြင်စိန်နဲ့ အသက် ၂၃ နှစ် အရွယ် ကိုယ်ဝန်ဆောင်မိခင်ဒေါ်နွေးနွေးလှိုင်တို့ဟာ နေအိမ်မှာနေရင်း လက်နက်ကြီးထိမှန်ခဲ့ကြတာပါ။
လက်နက်ကြီးထိမှန်ထားတဲ့ဒေသခံတွေကတော့ဆေးကုသမှုခံယူနေရပြီးကလေးမြို့နယ်လူသားစာနာတာဝန်ခံကလက်နက်ကြီးထိမှန်တဲ့အမျိုးသမီး ၃ ဦးကို ၅၀,၀၀၀ ကျပ်စီထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။
Source – မြေလတ်အသံ
ဆင်လူးရွာမှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံး
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပျူစောထီးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဆင်လူးကျေးရွာမှာ ဒရုန်းဗုံးကျရောက် ပေါက် ကွဲခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေမှာ ဆင်လူး(မြောက်)ရွာမှာနေထိုင်တဲ့ အသက် ၈၀ နှစ်ကျော်ရှိ ဒေါ်သန်းရင်နဲ့ အသက် ၆၇ နှစ် ဒေါ်မှီတို့ ၂ ဦး ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီ၎င်းတို့နေအိမ်မှာရှိနေချိန် ဒရုန်းဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကာ ဗုံးစထိမှန်သေ ဆုံးခဲ့တာဖြစ်ပါတယ်။
ဒရုန်းဗုံးကျရောက်ပေါက်ကွဲတဲ့နေအိမ်ဟာ ဆင်လူးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်နဲ့ ဆွေမျိုးတော်စပ်တဲ့ ၎င်းရဲ့ လက်အောက် ပျူစောထီးတပ်ဖွဲ့ဝင် ဇော်ဝင်းမောင်ရဲ့ နေအိမ်ဖြစ်ပြီး သေဆုံးသူတွေမှာ ပျူစောထီး ရဲ့ မိသားစုဝင်အမျိုးသမီးတွေလို့ ဆိုပါတယ်။
Source – မြေလတ်အသံ
တောင်သာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ လူငါးဦးဒဏ်ရာရ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မူကြောင့်အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်မှာ စစ်ကောင်စီတပ်က မိုးနှောင်းခင်းကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံးသီးနှစ် လုံးလာရောက်ကြဲချခဲ့တာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မူကြောင့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Source – ဖက်ဒရယ် FM
ဟားခါးမြို့ ချွန်ကျုံးရွာဗုံးကြဲခံရလို့ အမျိုးသမီးနှစ်ဦးအပါအဝင် မိသားစုဝင်လေးဦး သေဆုံး
ချင်းပြည်နယ်မြို့တော် ဟားခါးမြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးသွားကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
မိသားစုဝင်ခြောက်ဦး နေထိုင်တဲ့နေအိမ်ကို ဗုံးနှစ်လုံး ထိမှန်ခဲ့ကြောင်း၊ အသက် ၆၀ ကျော်အရွယ် ဦးရမ်ကျုံးနဲ့ သူရဲ့ဇနီး၊ သမီးနဲ့ ဆယ်ကျော်သက်အရွယ် မြေးဖြစ်သူတို့ သေဆုံးသွားပြီး ကလေးငယ်နှစ်ဦး ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က ဒဏ်ရာရသူ အရေအတွက် ၁၀ ဦးထက်မနည်းရှိနိုင်ကြောင်း ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဟားခါး – ထန်တလန်လမ်းပိုင်း တွင် စစ်ရေးပြင်းထန်နေသော်လည်း မြို့မြောက်ဘက်ခြမ်း ချွန်ကျုံးရွာအနီးဝန်းကျင်တွင် မြေ ပြင် တိုက်ပွဲ မရှိဟုဒေသခံများကပြောပါတယ်။
Source – Myanmar Now