ခင်မြဇင်။ ။
YBS ပေါ်တွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေးအတွက် ပိုစတာတချို့ကပ်ထားတာ တွေ့ရ သည်။ ကားပေါ်တွင်ပြသသော တီဗွီအစီအစဉ်တခုမှလည်း ဇာတ်လမ်းတိုလေးတွင် အမျိုးသမီးငယ် တစ် ယောက်ကြုံတွေ့ရဖွယ်ရှိသော လုပ်ငန်းခွင်တွင်း အထက်အရာရှိမှ မဖွယ်မရာပြုမူဖို့ ကြိုးစားခြင်း၊ အိမ်အပြန် လမ်းမှာ လူငယ်အုပ်စုတစုက နှောင့်ယှက်ဖို့ကြိုးစားသဖြင့် တခြားလူ gငယ် တစ်ယောက်က ကူညီတားဆီးပေး ခြင်းစသောပြကွက်များပါဝင်သော ဇာတ်လမ်းတိုတစ်ကားကြည့်ရသည်။ အသိပညာပေးရုံမျှဖြစ်သဖြင့် အနု ပညာ အရည်အသွေးကတော့ သာမန်မျှ။ သို့သော်သိထားသင့်သည်များတော့ တင်ပြသွားကြောင်း တွေ့ရ သည်။ များသောအားဖြင့် YBS ပေါ်မှာထိုင်စရာရလျှင် ကိုယ့်အာရုံနှင့်ကိုယ် လက်ကိုင်ဖုန်းနှိပ်နေတတ်ကြပြီး နေ ရာမရသည့်တိုင် လူငယ်အမျိုးသမီးငယ်အများစုက လက်ကိုင်ဖုန်းပေါ်မှာသာ အာရုံထားကြရာ ဘာပြလို့ပြမှန်း ပင် သိဖို့တော့မလွယ်ပါ။ ကျမပင် နေရာလည်းမရ ပြသနေသည့် တီဗွီနှင့်နီးသောနေရာမှာ မတ်တပ်လိုက်ပါရ သဖြင့်သာကြည့်မိခြင်းပင်။ သို့ရာတွင် တစ်ယောက်မဟုတ် တစ်ယောက်ကြည့်ဖြစ်လျှင်လည်း မဆိုးလို့သာ အောက်မေ့ရမိသည်။ ဒါက နေ့စဉ်လိုကြုံတွေ့ရတတ်သောဘဝနှင့်ဝန်းကျင်မှ သာမန်အမျိုးသမီးငယ်လေး တစ်ယောက်အတွက် ကြုံတွေ့ရတတ်သည့် အခြေအနေအပေါ်တင်ပြထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်လထဲက ဒါရိုက်တာ အောင်ချမ်းလူ၏ ၃(က) ရုပ်ရှင်ကားကြီးကို ကြည့်ခဲ့ရသည်။ ပြည့်တန်ဆာနှိပ် ကွပ်ရေးဥပဒေအရ ထိုသို့အသက်မွေးကြရသော အမျိုးသမီးငယ်လေးများအပေါ် ဥပဒေကို လက်တလုံးခြား ပြုလုပ်ကာ အခွင့်အရေးယူသူရဲဝန်ထမ်းတချို့ကြောင့် ပိုနစ်မွန်းသွားရသော အမျိုးသမီးလေးတစ်ယောက် အကြောင်း ဖြစ်သည်။ ရသမြောက်အောင်ရိုက်ပြနိုင်သဖြင့်ရော၊ သရုပ်ဆောင်များ၏ပီပြင်မှုကြောင့်ပါ စတင် ကြည့်စဉ်က ဘာမှန်းမသိသော ၃(က)သည် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မဖြစ်ကြောင်းသိရသည်။
၁၉၄၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ပြည့်တန်ဆာပပျောက်ရေးဥပဒေကို ၁၉၅၆ ခုနှစ်တွင် ပြည့်တန်ဆာ နှိပ် ကွပ်ရေးဥပဒေအဖြစ် ပြောင်းလဲပြဌာန်းပြီး ပြစ်ဒဏ်များပါထပ်တိုးခဲ့ကြောင်း သိရှိရသည်။ အနည်းဆုံးထောင် ဒဏ်တစ်နှစ်မှ အများဆုံး(၃)နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဟု ပြင်ခဲ့သည်။ ထိုဥပဒေအရ မသကာၤဖွယ်ရှိမှ ဖမ်းဆီးနိုင်ရာ အသွင်ယူဖမ်းဆီးမှုများက ဥပဒေနှင့်လျော်ညီပါသလားဟု DVB တီဗွီအစီအစဉ်၏ DVB TV Law Lab ဥပဒေရေးရာဆွေးနွေးခန်းတွင် ရှေ့နေဦးကျော်ဇေယျနှင့် မေးမြန်းဖြေကြားထားသည်ကို တွေ့ရသည်။ ထို ဥပဒေမှာ ခေတ်နှင့်မလျှော်ညီတော့သော ဥပဒေတခုဖြစ်သည့်အပြင် အသွင်ယူဖမ်းဆီးမှုများတွင် ဥပဒေထက် ကျော်လွန်၍ ထောင်ချောက်သက်သေအဖြစ် ကိုယ်တိုင်ပျော်ပါးပြီးမှ ဖမ်းဆီးခြင်းသည် ဥပဒေနှင့်ညီပါသလား ဟူသောမေးခွန်းကို ဖမ်းဆီးရာတွင် ဥပဒေက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၄ – ၅၅နှင့်အညီ ဖမ်းဆီးရမည်ဖြစ် သဖြင့် နစ်နာသူမှတရားပြန်စွဲနိုင်သည့် အခွင့်အရေးရှိကြောင်း ဆွေးနွေးသွားခဲ့သည်။
သို့ရာတွင် ကျော်ဇောသတင်းရှိရုံဖြင့် ဖမ်းဆီးနိုင်ရာ ထိုဥပဒေက ပြည့်တန်ဆာအမျိုးသမီးများအပေါ် ဥပဒေ ဘောင်ထက်ကျော်လွန်လုပ်ဆောင်မှုများအတွက် အကာအကွယ်မပေးနိုင်ပဲ ဖြစ်ရသည်။ တခါက အစစ်အဆေး၊ အမေးအမြန်းထူထပ်သော စစ်အစိုးရခေတ်တွင် မဟာဗန္ဓုလပန်းခြံကိုဖြတ်၍ မဟာဗန္တုလပန်းခြံလမ်းသို့သွားခဲ့ ရာ ကျမ၏ လက်ကိုင်အိတ်ကို အမျိုးသမီးရဲများကဖွင့်၍ ရှာခဲ့ပါသည်။
ထိုစဉ်က ရုံးဝန်ထမ်းတို့ထုံးစံ ပရိတ်ကြီးစာအုပ်နှင့် ဘောပင်၊ ပိုက်ဆံ၊ မိတ်ကပ်ဗူးမျှသာပါရာ ကျမ၏အိတ်မှာ စိတ်ဝင်စားဖွယ် မရှိခဲ့ပါ။ ထိုခေတ်က လိင်လုပ်သားအမျိုးသမီးတို့ လက်ကိုင်အိတ်ထဲတွင် အဝတ်ပိုတစုံနှင့် မိတ် ကပ်နှုတ်၊ ခမ်းနီပါလေ့ရှိသည်ဟု ကြားဖူးသည်။ ထိုသို့တွေ့ပါက မသင်္ကာမှုနှင့် အရေးယူမည်လားမသိ၊ ထိုခေတ် က ကွန်ဒုံးသုံးစွဲမှုများ ခေတ်မစားသေးပါ။
၃(က)ရုပ်ရှင်ထဲတွင် ရှမ်းခေါက်ဆွဲရောင်းကာ ဘဝကိုပြုပြင်အသက်မွေးဖို့ကြိုးစားနေဆဲ အမျိုးသမီးလေးအား အရပ်ဝတ်နှင့် ရဲဝန်ထမ်းက ကွန်ဒုံးတခုပြကာ ထောင်ချောက်ဆင်ပြီး သူ့လူတစ်ယောက်နှင့်ပျော်ပါးစေခဲ့ပါ သည်။
အင်ဂျီအိုများက အေ့စ်ရောဂါ ကာကွယ်ရေးအတွက် ကွန်ဒုံးများဝေခြင်း၊ လိင်လုပ်သားတို့အတွက် ကျန်းမာရေး အသိပညာပေးခြင်းတို့ ပြုလုပ်ပေးကြသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း (၆၀) ကျော်က ထုတ်ခဲ့သော ပြည့်တန် ဆာနှိပ်ကွပ်ရေးဥပဒေအရ ကျော်စောသတင်းနှင့် မသင်္ကာဖွယ်တွင် ကွန်ဒုံးတခုက သက်သေခံပစ္စည်းတစ်ခု ဖြစ်ရမည်ဆိုလျှင် ရင်နာဖွယ်ဖြစ်ပါသည်။ တရားဥပဒေများမှာ နိုင်ငံသားတို့ကို အကာအကွယ်တစ်ခုအဖြစ် ထုတ်ပြန်ထားသော်လည်း ကိုယ့်ကိုယ်ကိုအတွက် အကာအကွယ်မဲ့ရှာသော မိန်းမသားတို့ကို ရေနစ်သူဝါးကူ ထိုးသလိုသာဖြစ်နေခဲ့ရသည်။
၂၀၀၅ ခုနှစ်ခန့်က ထိုင်းနိုင်ငံသို့ NG0 တစ်ခုမှဖိတ်သဖြင့် သွားရောက်ခဲ့ရရာ ဘန်ကောက်မြို့၏ Red Light ဧရိယာတစ်ခုဖြစ်သော ပက်ပုံးသို့ရောက်ရှိခဲ့ပါသည်။ ၁၉၆၅-၇၀ ဝန်းကျင် ဗီယက်နမ်စစ်ပွဲအတွက် အမေရိကန် စစ်အခြေစိုက်စခန်းထားခဲ့ရာမှ စတင်ပေါ်ပေါက်ခဲ့သော လိင်ဈေးကွက်သည် နှစ် ၃၀-၄၀ အကြာမှာတော့ နိုင်ငံ တကာခရီးသွား၊ လိင်အပျော်အပါးမက်သူများအတွက် အိပ်မက်ဘုံပမာဖြစ်လာခဲ့ပါသည်။
တစားပွဲတည်းအတူစားအဆင့်၊ လက်ကလေးကိုင်ရုံအဆင့်မှ လိင်မှုအမြင့်ဆုံးအဆင့်ထိ ဈေးနှုန်းအမျိုးမျိုးမျိုးရှိ သည့်ပြင် မမကြီးများ၊ အန်တီကြီးများအတွက်ပါ လတ်လတ်ဆတ်ဆတ်လူသစ်လူငယ်လေးများ (fresh Boys) ရှိကြောင်းသိရသည်။ ကျမတို့ကိုဖိတ်သည့် ထိုင်း NG0 မှ မိတ်ဆွေများက ပက်ပုံးတွင် လိင်လုပ်သား အမျိုး သမီးများကို စောင့်ရှောက်ကူညီနေသော INPOWERMENT အဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးများနှင့် မိတ် ဆက်ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် လိင်အရောင်းအဝယ်ဈေးကွက်မှာ တရားဝင်မဟုတ်သေးသော်လည်း INPOWERMENT အဖွဲ့ဝင်များကို ဥပဒေအသိပညာပေးခြင်း၊ ရောဂါကာကွယ်နိုင်အောင်ကူညီခြင်း ပိုက်ဆံစုဖို့ ဘဏ်စာရင်းထားစေခြင်း တခြားအလုပ်သို့ ပြောင်းလဲလုပ်လိုက ကူညီခြင်းတို့ဆောင်ရွက်ပေးနေကြောင်း သိခဲ့ ရသည်။ ထို့အပြင် လိင်မှုဆိုင်ရာအလုပ်ကို တခြားအလုပ်များကဲ့သို့ အမျိုးသမီးတို့၏ အသက်မွေးမှုတစ်ခုအဖြစ် ရွေးချယ်ခြင်းအဖြစ် လက်ခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောပြခဲ့သည်။ ထိုအလုပ်ဖြင့် အသက်မွေးရင်း နိုင်ငံခြား သားနှင့်လက်ထပ်ကာ တခြားနိုင်ငံတွင် ဘဝအခြေတကျ ဖြစ်သွားသူတွေရှိသလို ပညာရေးအတွက် အသက် မွေးလုပ်ကိုင်ရင်း တက္ကသိုလ်မှ ဘွဲ့ရသူတွေရှိကြောင်း တချို့ဆိုလျှင် ဥပဒေပညာရှင်အဖြစ် အသက်မွေးကာ တခါက ဘဝတူများကိုပင် ကူညီနေကြောင်း ပြောပြခဲ့သည်။
INPOWERMENTအဖွဲ့မှ အမျိုးသမီးများ၏ စကားအရ အချို့သောလိင်လုပ်သားများနှင့် ဆက်ဆံရေးသည် အိမ် ထောင်ရေးအဆင်မပြေသူယောကျ်ားတို့က ရင်ဖွင့်စရာနေရာတစ်ခုအဖြစ်သဘောထားခြင်း၊ မိတ်ဆွေကောင်း အဖြစ် လေးလေးစားစားရှိခြင်းများကို ပြောပြခဲ့ရာ အထီးကျန်လူသားတယောက်၏ လိုအပ်ချက်မှာ လိင်ဆန္ဒ သက်သက်မျှမဟုတ်ဟု နားလည်ခဲ့ရသည်။
သို့သော် ကျမသည် အမျိုးသမီးငယ်များအတွက် ဆင်းရဲခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းမဲ့မှု၏ ထောင် ခြောက်တစ်ခုအဖြစ် ထိုဘဝထဲသို့ သက်ဆင်းခဲ့ရခြင်းကိုတော့ စိတ်မကောင်းဖြစ်မိသည်။ ကျေးလက်တွင် အလုပ်အကိုင်ရှားပါးခြင်း၊ ရရှိသည့်အလုပ်များတွင် အမျိုးသမီးဖြစ်၍ လုပ်အားခနည်းလွန်းခြင်းကလည်း လိင် လုပ်သားဘဝသို့တွန်းပို့နေသည့် အခြေအနေများပင်။ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကြောင့် ရန်ကုန်မန္တလေး နေပြည်တော်စသည့်မြို့ကြီးတွေမှာ Red Light ဧရိယာတွေ ကင်းစင်ပပျောက်ခဲ့ပြီလားဟုတွေးရင်း google မှာ ရှာကြည့်ရာ ကြောက်ခမန်းလိလိ တိုးပွားနေသော အနီရောင်ဇုံများကို တွေ့ရသည်။ ဘယ်နေရာ ဘယ်လိုဆို တာတော့ ကိုယ့်ဖာကိုယ်သာရှာကြပါလို့ပြောချင်သည်။
ယောကျ်ားသားတို့ အသုံးချစရာပစ္စည်းတခုအဖြစ် အမျိုးသမီးများကို အခကြေးငွေပေးပျော်ပါးသည့်စနစ် မရှိ သင့်ပါ။ ပပျောက်ဖို့အဓိကဖြစ်သော် လက်ရှိအခြေအနေအရလည်း ဆင်းရဲမှုနွံနှင့် ပျော်ပါးမှုမှာမွေ့လျှော်သော ယောကျ်ားတို့သဘာဝအရ လိင်အသက်မွေးမှုများကို လုံးဝပပျောက်အောင် ထိန်းချုပ်သွားဖို့ မလွယ်လှပါ။
ထို့ကြောင့် အမျိုးသမီးတို့အတွက် လုပ်ခလစာကို အမျိုးသားများနှင့်တန်းတူရရှိရေးနှင့် ကုန်ဈေးနှုန်းနှင့် လျော် ညီသောလုပ်ခလစာဖြစ်ရေး၊ အလုပ်ခွင်အတွင်း လိင်ကွဲပြားမှုကိုအခြေခံ၍ အဖိနှိပ်မခံရစေရေး၊ အလုပ်သမတို့ ရပိုင်ခွင့်နှင့် နိုင်ငံသားတစ်ယောက်၏အခြေခံအခွင့်အရေးများကို အလေးထားဆောင်ရွက်ပေးဖို့ လိုနေပြီ ဖြစ်ပါ သည်။
ထို့အတူပင် လိင်လုပ်သားတစ်ဦးအဖြစ် အသက်မွေးဝမ်းပြုသူအမျိုးသမီးတို့အပေါ် ကျန်းမာရေးစောင့်ရှောက်ေ ပးခြင်း၊ အခကြေးငွေပေးပြီးဖျော်ဖြေရသည့်တိုင် မမျှမတ အနိုင်ကျင့်ခံရမှုများမှ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးဖို့လိုနေပြီဖြစ်သည်။
လိင်ဆက်ဆံရာတွင် ကွန်ဒုံအသုံးပြုခွင့်ရရေး၊ အသုံးပြုရန်တောင်းဆိုနိုင်ခွင့်နှင့်အတူ ကွန်ဒုံတွေ့ရုံမျှဖြင့် ဖမ်း ဆီးအရေးယူခြင်းမျိုးများမှာ မဖြစ်သင့်ပါ။ မလိုချင်ပဲ ရရှိလာသောသန္ဓေသားကို အဓမ္မအကျင့်ခံရပြီး ရရှိလာ သော ကိုယ်ဝန်ကဲ့သို့အသိအမှတ်ပြုဖျက်ချခွင့်ပြုရေး၊ တရားဥပဒေအရ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုအဖြစ် အသိအမှတ်ပြုရေး၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေကြမ်းအရ ဥပဒေပုဒ်မ(၁၅)နှင့် အညီ အကြမ်းဖက်ခံရသူသည် မိမိဆန္ဒဖြင့် ပဋိသန္ဓေတားခြင်းအပါအဝင် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင် မှုများ ခံစားခွင့်ရရှိရေးတို့ကို ဥပဒေနှင့်အညီ မျှတစွာခံစားနိုင်ဖို့လိုအပ်နေဆဲဖြစ်ပါသည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးဥပဒေကြမ်းတွင် လိုအပ်ချက်များရှိနေသည့်တိုင် အိမ် တွင်းအကြမ်းဖက်မှုတွေကြောင့်ရော၊ လိင်လုပ်သားအဖြစ် လုပ်ကိုင်ရင်း မလျှော်သြဇာ၊ ဘမ်းပြပြီး မတရားဖိနှိပ် ခံရမှုတွေအပေါ် အကာအကွယ်ပြုပေးမည့်အချက်တွေ ပါလာတာတွေ့ရလို့ စိတ်သက်သာရာရမိသော်လည်း ဥပဒေကြမ်းက အသက်ဝင်ဖို့ လိုအပ်နေသေးပါသည်။ မြန်မြန်အသက်ဝင်ဖို့လိုသလို အမှန်တကယ်ဥပဒေနှင့် အညီ အရေးယူပေးဖို့ကလည်း လိုအပ်ဦးမှာဖြစ်သည်။ ထို့ပြင် ဥပဒေပါအချက်များကို အမျိုးသမီးတို့ သိရှိနိုင် အောင်လည်း ဆောင်ရွက်ပေးဖို့ ပို၍လိုအပ်နေဦးမှာဖြစ်ပါသည်။