Home ဆောင်းပါး လစာမဲ့ အိမ်တွင်းလုပ်အား အသိအမှတ်ပြုမှုနည်းပါး

လစာမဲ့ အိမ်တွင်းလုပ်အား အသိအမှတ်ပြုမှုနည်းပါး

မီးဖိုချောင်အတွင်းက ထွက်လာသည့် ‘ဒုံး .. ဒုံး’ ဟူသောငရုပ်ဆုံသံက အိမ်ဦးခန်း၌ စာဖတ်နေသည့် ကိုမောင် သန်းနားထဲသို့ ရထားတစ်စင်း ခုတ်မောင်းနေသည့်အလား တိုးဝင်လာသည်။

ငရုတ်ဆုံသံ သာမန်ထက် ပိုကျယ် နေရခြင်းက အလုပ်ပိတ်ရက်တိုင်း အိမ်မှုကိစ္စတစ်ခုတလေပင် ကူညီပေးခြင်းမရှိသည့် ကိုမောင်သန်းကို ဇနီးဖြစ် သူ မခင်မိတစ်ယောက် စိတ်တိုနေသောကြောင့်ဖြစ်သည်။ 

ခဏအကြာတွင် မခင်မိထွက်လာပြီး ကိုမောင်သန်းအား ကြက်သွန်ဖြူကူခွာပေးရန် ပြောဆိုရာ စာဖတ်နေသည့် အတွက် မအားဟု ငြင်းဆိုလိုက်သည်။ အိမ်မှုကိစ္စထက်အရေးကြီးသော ဝင်ငွေရှာသည့်အလုပ်ကို လုပ်ရသူဖြစ် ၍ အပြည့်အဝအနားယူရန်လိုသည်ဆိုသော ကိုမောင်သန်း၏ခံယူချက်ကြောင့် လင်မယားချင်း စကားအခြေအ တင်ဖြစ်ရာမှ ရန်ပွဲစတော့သည်။

‘ငါတို့က အပြင်ထွက် စီးပွားရှာနေတာကွ။ ပင်ပန်းတယ်။ မင်းတို့လို အိမ်မှာ အေးအေးဆေးဆေး နေနေရတာ မ ဟုတ်ဘူး’ ဆိုသည့် ကိုမောင်သန်း၏လက်သုံးစကားကြောင့် ပြောစရာစကားမရှိလောက်အောင် နာကျင်ရသည် ဟု မခင်မိက မျက်ရည်စတို့ကိုသုတ်ရင်း ပြောဆိုသည်။

HI က သွားရောက်ကွင်းဆင်းမေးမြန်းခဲ့သည့် အသက် ၃၀ မှ အသက် ၄၅  ကြား အိမ်ထောင်သည်အမျိုးသား ၁၀ ဦး တွင် ၇ ဦးက ကိုမောင်သန်းကဲ့သို့ပင် သဘောထားအမြင်ရှိကြောင်း ပြန်လည်ဖြေဆိုခဲ့ကြသည်။

ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဦးစားပေးအလေးထားသည့် မြန်မာ့လူ့အသိုင်းအဝိုင်းတွင် အိမ်ထောင်ထိန်း သိမ်းမှုအလုပ်ကို လုပ်နေကြသည့် အမျိုးသမီးများ၏ လုပ်အားအင်အားကို အသိအမှတ်ပြုမှု မရှိသလောက် နည်းပါးနေသည်ဟု အမျိုးသမီးအရေးတက်ကြွလှုပ်ရှားနေသူများနှင့် အိမ်ထောင်ရှင်မများက ပြောကြသည်။

အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာမထားက အိမ်ထောင်တစ်ခုတွင် အမျိုးသားက စီးပွားရှာရပြီး အမျိုးသမီးက အိမ်မှုကိစ္စလုပ်ရမည်ဟုဆိုခြင်းက ကျား၊ မ ခွဲခြားမှုရှိနေခြင်းကြောင့်ဖြစ်ပြီး တန်းတူအခွင့်အရေးမရရှိခြင်းကို ပြ ဆိုနေကြောင်း ထောက်ပြသည်။

“ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကျား၊ မတန်းတူမညီမှုကြောင့် အမျိုးသမီးသည် အနှိပ်စက်မခံရရင်တောင်မှ တန်း တူမညီတဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်ရတယ်။ ပြီးတော့ ဒုတိယတန်းစားမှာထားတဲ့အတွက် အနိုင်ကျင့် ခံရတာတွေ အများကြီး” ဟု သူက ရှင်းပြသည်။

အိမ်ထောင်သက် ၇ နှစ်ကျော်ရှိပြီဖြစ်သည့် ကိုမောင်သန်းနှင့် မခင်မိတို့တွင် သားနှစ်ဦးရှိသည်။ သူတို့မိသားစု၏ စားဝတ်နေရေးက သွင်းကုန်ထုတ်ကုန်ကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသည့် အိမ်ထောင်ဦးစီးဖြစ် သူ ကိုမောင်သန်း၏ လစာအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်။ 

ကိုမောင်သန်းရသည့် လစာ ၇ သိန်းကျပ်ဆိုသည်မှာ မနည်းလှသောလည်း မခင်မိအတွက်တော့ တလ၊ တလ ဆီဖိုး၊ ဆန်ဖိုး၊ ကလေးအသုံးစရိတ်တို့အပြင် အသေးသုံးများအထိ ဝင်ငွေထွက်ငွေ လည်ပတ်နိုင်အောင် ခေါင်း ခြောက်မတတ် စဉ်းစားတွက်ချက်ရသည်။ ထို့ပြင် နေ့စဉ် အိမ်သားများမနိုးမီ အိပ်ယာထရပြီး ဈေးသွား၊ ထမင်း ချက်၊ အဝတ်လျော်၊ အိမ်သန့်ရှင်းရေးလုပ် စသည့် အလုပ်များကိုလည်း တနေဝင်၊ တနေထွက် မနားတမ်းလုပ် ကိုင်ရသည်။  

ယင်းသို့သော လောကဓံအထုအထောင်းများကြောင့်လည်း ရှိရင်းစွဲအသက်ထက် ပိုမိုရင့်ရော်စေသည့် အရေးအ ကြောင်းတို့က သူ၏မျက်နှာပေါ်တွင် နေရာယူနေကြပြီဖြစ်သည်။ ဖီးလိမ်းခြယ်သမှုမရှိသည့် သူ့ပုံစံကလည်း အ လှအပအပေါ် မည်မျှဥပက္ခာပြုထားကြောင့်ကို သိသာထင်ရှားစေသည်။

ယင်းသို့ အိမ်အလုပ်တာဝန်များကို မနိုင်ဝန်ထမ်းထားရသည့်အမျိုးသမီးတို့မှာ စိတ်ကြည်လင်မှုမရှိတော့ပဲ မြည် တွန်တောက်တီး တတ်လာကြသည်။ ၎င်းတို့၏လုပ်အားကို အသိအမှတ်မပြုသည့်အပြင် ကူညီလုပ်ကိုင်ပေးမှု မ ရှိသည့် အိမ်ထောင်ရှင်အမျိုးသားများကြောင့်လည်း မကြာခဏစကားများပြီး ရန်ပွဲကို ဦးတည်စေသည်ဟု အိမ် ရှင်မများက ပြောကြသည်။

“တခါတရံဆို ပန်းကန်တွေ၊ ဇလုံတွေ လွှင့်လာတဲ့အထိ ဖြစ်တယ်ဗျာ” ဟု ကိုမောင်သန်းက ရယ်ရယ်မောမော ဖြင့် ပြောသည်။

ထိုအိမ်မှုကိစ္စသည် ဝင်ငွေမရသည့်အလုပ်၊ အမျိုးသားများက အသိအမှတ်ပြုခြင်းမရှိသော်လည်း ၎င်းတို့အမျိုး သားလုပ်ငန်းခွင်တွင် စိတ်အေးသက်သာစွာ အလုပ်လုပ်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အကူအညီပေးနေသူအ ဖြစ် အသိအမှတ်ပြုပေးလိုကြောင်း မခင်မိက ရင်ဖွင့်သည်။

မခင်မိက ခင်ပွန်းသည်နှင့် ပတ်သက်၍လည်း “သူကိုယ့်ကိုကူလုပ်ပေးတာက ကိုယ်ကိုချစ်တယ်လို့ အခါတစ် သောင်း၊ တစ်သိန်းပြောတာနဲ့ အတူတူပဲ” ဟု ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှက်ပြုံးလေးဖြင့် ပြောသည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာအရ အမျိုးသမီးများလုပ်သည့် အလုပ်၏ ၅၁ ရာခိုင်နှုန်းသည် လုပ်ခလစာမရသည့် အပြင် တနိုင်ငံလုံး၏ထုတ်ကုန်ပမာဏနှင့် အခြားစာရင်းအချက်အလက်များတွင်လည်း ထည့်သွင်းခံရခြင်းမရှိ ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့လူဦးရေအများဆုံးဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင်လည်း အိမ်မှုကိစ္စကို အလုပ်ဟု အသိအမှတ်ပြုမ ခံရကြောင်း အမျိုးသမီးဆောင်းပါးရှင် Aishwarya Javalgekar ၏ Unpaid Domestic Labour And The Invisibilisation Of Women’s Work ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

ယင်းဆောင်းပါးတွင် ဖော်ပြထားသည့်စစ်တမ်းအရ အိန္ဒိယတွင် အမျိုးသမီးများ၏ ၈၀ ရာခိုင်နှုန်းသည် လုပ်ခမရ သည့် အိမ်တွင်းမှုအလုပ်လုပ်နေကြရပြီး ယင်းလုပ်အားက အမျိုးသားများလုပ်အားထက် ၇ ဆပိုများကြောင်း သိ ရသည်။

အိမ်တွင်းမှုအလုပ်မှ လုပ်ခမရသည့် လုပ်အားများကို အသိအမှတ်ပြုခြင်းသည် စီးပွားရေးအရ အကျိုးရှိရုံသာမ က အိမ်အပြင်က အလုပ်များကိုပါ ပိုမိုချောမွေ့စေသည်ဟု ဆောင်းပါးရှင် Aishwarya Javalgekar က သုံးသပ် ထားပါသည်။

အမျိုးသားများ၌ အိမ်မှုကိစ္စအလုပ်ကို အမျိုးသမီးများ၏အလုပ်ဟု ခံယူထားသူ အများအပြားရှိသကဲ့သို့ အမျိုး သမီးအလုပ်ဟု မမြင်ကြသူအချို့လည်း ရှိနေပါသည်။

ကိုမောင်သန်းကဲ့သို့ အိမ်မှုကိစ္စကို အမျိုးသားအလုပ်မဟုတ်ဟု ခံယူထားသည့် နောက်တစ်ဦးမှာ ဦးမောင်ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်း၏အမျိုးသမီးဖြစ်သူ ဆေးရုံတက်ရသည့်အချိန်တွင် သုံးနှစ်အရွယ်သားငယ်ကို ထိန်းရသည့် အတွေ့အကြုံကြောင့် အိမ်အလုပ်ပေါ်ထားသည့် သူ၏အယူအဆပြောင်းသွားပြီး အမျိုးသမီးများအ ပေါ် ကိုယ်ချင်းစာမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

 “ကလေးရေချိုးပေးတာတစ်ခုနဲ့တင် အတော်လေးမောနေပြီ။ သူတော့ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်နေတာ တွေ့တော့ လွယ်မယ်ထင်တာလေ။ နို့ဗူးတိုက်တော့လည်း ဒီအတိုင်းပဲ။ နောက်ဆုံးမိန်းမကို ဖုန်းဆက်ပြီးမေးမှ သက်ပြင်းချနိုင်တော့တယ်” ဟု သူကြုံခဲ့ရသည့် အခက်အခဲကို ပြန်ပြောင်းပြောပြသည်။

ထို့ကြောင့် ၎င်း၏အမျိုးသမီးကို တစ်ပတ်လျှင်တစ်ရက် လည်ပတ်ခွင့်ပြုထားသည့်အပြင် သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ မုန့်ဝယ်စားကြခြင်း စသည့်တို့ကို ခွင့်ပြုပေးလိုက်ရုံမျှဖြင့် အိမ်ထောင်ရေး သာယာစိုပြေသွားစေသည်ဟု သူကဆိုသည်။

အိမ်ထောင်တစ်ခုတွင် ချစ်ခြင်းမေတ္တာဖြင့်စပြီး နားလည်မှုနှင့် အဆုံးသတ်မှသာ အိမ်ထောင်ရေးသာယာချမ်းမြေ့ မည်ဟုလည်း ဦးမောင်ကြီးက အကြုံပြုသည်။

သင်္ယန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ကျား၊ မခွဲခြားမှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်ကြောင်း ‘အမျိုးသားများပြောသည့် အမျိုးသားများအကြောင်း’ စကားဝိုင်းတွင် ပြောကြားခဲ့သည်။

ဖြတ်သန်းလာခဲ့သည့် ဘုရင်စနစ်၊ ကိုလိုနီစနစ် စသည့်ခေတ်စနစ်များတွင် မဟာဖိုဝါဒထွန်းကားခဲ့သည့်အတွက် အမျိုးသားများက တိုင်းပြည်အုပ်ချုပ်ရသည့်နေရာများတွင် တာဝန်ထမ်းဆောင်ရပြီး အင်အားကြီးသည့် သဘော မျိုးသက်ရောက်ခဲ့သည့်အတွက် ယခုအချိန်ထိ အရိုးစွဲနေခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။

ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက သွန်သင်ဆုံးမလာသည့် အမျိုးသမီးတိုင်းသည် အိမ်မှုကိစ္စကျွမ်းကျင် နိုင်နင်းရမည်ဆိုသည့်အချက်ကလည်း အမျိုးသားများကို အိမ်မှုကိစ္စသည် ၎င်းတို့နှင့်မဆိုင်ဟု ထင်မြင်ယူဆစေ သည်။

မြန်မာ့အယူအဆအရ အိမ်ထောင်စုတစ်ခုတွင် အမျိုးသားများမှာ အင်အားကြီးသည်ဆိုခြင်းထက် မိသားစုကို ရှာဖွေကျွေးမွေးခြင်းကြောင့် အရေးပါသည့်အခန်းကဏ္ဍတွင်ရှိနေခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ်က ပြော ဆိုသည်။

အိမ်ထောင်သည်တစ်ဦးဖြစ်သူ မခင်မိကတော့ လင်မယားရန်ပွဲများတွင် ဝင်ငွေမညီမျှမှုကြောင့် ဖြစ်ရသည်က များပြီး ထိုဝင်ငွေမညီမျှခြင်းကြောင့်လည်း အမျိုးသား၏အနိုင်ကျင့်မှုကို ခံနေရသည်ဟု ဆိုသည်။

ရန်ဖြစ်တိုင်း ‘လုပ်လေ။ နင်အရည်အချင်းရှိရင် လုပ်လေ’ ဆိုသည့် ခင်ပွန်းဖြစ်သူ၏စကားက မခင်မိရင်ကို ခွဲ လိုက်သလို ခံစားရသည်ဟု ခေါင်းလေးငုံကာ ပြောသည်။

ထိုစကားကြောင့် မခံချင်စိတ်ဖြင့် အပြင်ထွက်လုပ်မည်ဟုကြံလေတိုင်း အလုပ်ခေါ်စာများ၏ ကန့်သတ်ချက်အ ချို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုမရှိတော့ကြောင်း သူက ဆက်ပြောသည်။

အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာမထားထားကတော့ ပညာတတ်များအပါအဝင် အမျိုးသမီးများသည် အိမ်မှုကိစ္စ များထဲ၌သာ စိတ်နစ်မြုပ်ထားသည့်အတွက် ထွက်ပေါက်မရှိဖြစ်ပြီး အိမ်ထဲမှာပင် တဖြည်းဖြည်းချင်း အချိန်ကုန် ဆုံးသွားရကြောင်း ရှင်းပြသည်။

Cardno Myanmar မှ HR Coordinator မပန်းဝတ်ရည်ကလည်း “အိမ်ထောင်ရှင်အမျိုးသမီးက အိမ်မှာပဲနေရ မယ်။ ကလေးကိုပဲ ဂရုစိုက်စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးအမြင်တွေရှိနေတဲ့အခါကျ အမျိုးသမီးတွေအနေနဲ့ ဦးဆောင်မှုပိုင်းရောက်ဖို့ နှောင့်နှေးသွားတယ်” ဟု ဝေဖန်ထောက်ပြသည်။ 

ထိုသို့သော အခြေအနေများကြောင့် နိုင်ငံတော်၏ဆုံးဖြတ်ချက်ချမှတ်သည့် နေရာတိုင်းတွင် အမျိုးသမီးများ၏ ပါဝင်မှုနည်းလာခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူအချို့က သုံးသပ်ထားသည်။

အမျိုးသမီးများသည် အိမ်မှုကိစ္စများကြားတွင် ထွက်ပေါက်ပိတ်မိနေသဖြင့် ၎င်းတို့၏လုပ်ဆောင်နိုင်မှု စွမ်းရည် များကျဆင်းသွားရပြီး အင်အားများစွာဆုံးရှုံးသွားရသည်ဟု ဒါရိုက်တာမထားထားက ထောက်ပြသည်။

သူက အမျိုးသမီးများလုပ်ကိုင်နေကြသည့် အိမ်တွင်းအလုပ်နှင့်ပတ်သက်၍လည်း ယခုလို မှတ်ချက်ပြု ပြောဆို သည်။

“ဝင်ငွေမရဘူးဆိုပေမယ့် အဲဒီအမျိုးသားတွေ လုပ်နိုင်ကိုင်နိုင်အောင် ဒီဖက်က အမျိုးသမီးတွေက ထမ်းထားလို့။ အဲဒီအမျိုးသားရဲ့ဝင်ငွေ အနည်းဆုံးတဝက်လောက်က အဲဒီအမျိုးသမီးနဲ့ ဆိုင်တယ်”

Related Articles