“ ဒီလို မိုးတွင်းကာလကတော့ အခက်အခဲအများဆုံးပေါ့။ စစ်ရှောင်ရင်လည်း ခက်၊ နေစရာလည်းမရှိ၊ အဓိကလေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြေးစရာနေရာမရှိတော့ဘူး။ နေစရာလည်း အတိအကျမရတော့ တော်တော်ခက်ခဲတယ်” TWO က တာဝန်ရှိသူက စစ်ရှောင်တွေရဲ့ စိန်ခေါ်မှုကို ပြောလာပါတယ်။
၁၀၂၇စစ်ဆင်ရေး
-
-
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း
by webmaster205 viewsTNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။
-
“ကျမ ပြောချင်တာက တိုက်ပွဲတွေ ရပ်ပေးစေချင်ပါတယ်။ အခုဖြစ်နေတာကလည်း မြို့ပေါ်ပျက်စီးမှုတွေကလည်း များနေပြီ။ ပြည်သူတွေအထိနာဆုံးပါပဲ။ မြန်မြန် အေးချမ်းချင်တယ်” လို့ ပါ့ဆိုင်စိန်က ပြောဆိုလိုက်ပါတယ်။
-
လောက်ကိုင်မြို့ ဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်မှာတော့ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)၊ ကာစီနို၊ ဖဲရှိုး၊ ဖဲဝေတဲ့ လုပ်ငန်းတွေ၊ ပန်းရံလုပ်သားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်သားတွေနဲ့ အသက်အရွယ်အစုံ ဝင်ငွေ ရှာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
-
တိုက်ပွဲဖြစ်တိုင်းမှာ စစ်တပ်ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာ၊ အတင်းအဓ္ဓမ ခိုင်းစေတာ ပေါ်တာဆွဲခံရတာ စတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ ခံနေကြရတယ်။
-
“ကျမတို့ စစ်ပွဲမှာ ပိတ်မိချိန်ကဆိုရင် နေ့နေ့ ညညည လက်နက်ကြီးသံတွေ၊ လေယာဥ်သံတွေ ကြားရတယ်။ လက်နက်ကြီး ထိလို့ သေဆုံးတဲ့သူတွေဆိုရင် အလောင်းတောင် မသင်္ဂြိုဟ်နိုင်တဲ့အထိတွေပဲ။ ကိုယ်အလှည့် ဘယ်တော့ ရောက်မလဲဆိုတဲ့ စိတ်နဲ့ နေရတယ်”
-
“တိုက်ပွဲက ၁ ရက်နဲ့ မပြီးတော့ နေ့တိုင်း သေနတ်သံတွေ၊ ဗုံးကြဲသံတွေကြောင့် မနေရဲတော့ဘူး။ စစ်သားတွေကလည်း အိမ်တွေထဲဝင် လုယက်စားသောက်တာတွေ လုပ်တော့ ကြောက်တယ်။”လို့ ဒေါ်ကြာကြုတ်က ပြောပါတယ်။