Tag Archive for: တော်လှန်ရေး

အကြမ်းမဖက်လူထုလှုပ်ရှားမှုလုပ်နေတဲ့ ရေဘဝဲအမျိုးသမီးတွေ ဖမ်းဆီးနှိပ်စက် လိင်အကြမ်းဖက်ခံနေရ
“သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။

အသွေးအသားရင်းကာ တော်လှန်ရေးလုပ်နေတဲ့ နိုင်ကျဉ်းမိခင်သီချင်းရှင်
သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

မယိုင်မလဲတဲ့စိတ်ဓာတ်နဲ့ တော်လှန်ခရီးဆက်နေတဲ့ CDM ကျောင်းဆရာမ
လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။

ယူနီဖောင်းပေါက်ပြဲတာတွေ ချုပ်လုပ်စီမံပေးရင်းနိုင်ရာဝန်ထမ်းနေတဲ့ တော်လှန်ရေးရဲမေများ
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ နေရာပေါင်းစုံ ၊ဘက် ပေါင်း စုံကနေပါဝင်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိလည်း တော်လှန်ရေးရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း (၆၀)ဝန်းကျင်ရှိတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။

တောထဲမှာ နိုင်ရာဝန်ထမ်းနေတဲ့ ကရင်နီက အကဆရာမလေး
ကလေးတွေဟာတောတွင်းနေရာမှာပညာသင်ကြားနေတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျန်းမာကြံခိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ခုလိုသင်ကြားပေးနေတာလို့ သူမကဆိုပါတယ်။ ကလေးတွေပျော်စေချင်တယ်။ ပျော်ရွှင်ဖို့လည်းလိုတယ်။ ပြီးတော့အဖွဲ့နဲ့ပေါင်းစည်းပြီးညီညာစွာလုပ်ဖို့လည်းလိုတယ်။ အကကအများကြီးကို သက်ရောက်မှုရှိတယ်”လို့သူမကပြောပါတယ်။

တော်လှန်ခရီးမှာ လျှောက်လှမ်းနေတဲ့ ထောက်ပို့အမျိုးသမီးငယ်များ
တော်လှန်ရေးအတွက်အားတက်သရောဆောင်ရွက်ပေမယ့်အလှူငွေရှာရခက်တာလည်းအမြဲကြုံနေရတာတွေရှိသလိုသူမတို့ကိုယ်တိုင်အလှူသွားခံတဲ့အခါမှာဆဲဆိုခံရတာ၊သူတောင်းစားလိုဆက်ဆံတဲ့လူတွေနဲ့လည်းကြုံတွေ့ရတာတွေရှိတယ်လို့ပြောပါတယ်။

နာမည်မသေတဲ့ အာဇာနည်အမျိုးသမီး မနိုဘယ်အေး
“ ၉၆ ၉၈ မျိုးဆက်အင်အားစုတွေထဲမှာ သူ့လိုအမျိုးသမီးကရှားတယ်။ သူက နိုင်ငံရေးကို တောက်လျောက် လုပ် လာတာ အခုနွေဦးတော်လှန်ရေးအထိ တကယ်ကိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ လုပ်ခဲ့တယ်။ အာဇာနည်တွေ ထဲမှာဆိုရင် အမျိုးသမီး အာဇာနည်တစ်ဦးပါ။”

တိုက်ပွဲတွေကြား လူနာတွေရဲ့အသက်ကို ကယ်ဆယ်ပေးနေတဲ့ ဒေါက်တာထရေစီ
“ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ မညာတမ်း၊ မညှာတမ်းပါဝင်ပြီး အဆုံးသတ်ကြဖို့လိုတယ်။ အဲ့ဒါကြောင့် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ မပါရသေးရင်လည်း ခုကစပြီးပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”

တော်လှန်ရေးအတွက် ပေးဆပ်နေကြတဲ့ချင်းအမျိုးသမီးတွေ
“လေ့ကျင့်ရေးမှာ အမျိုးသား၊ အမျိုးသမီးအားလုံးအတူတူလေ့ကျင့်ရတယ်။ ဒါပေမဲ့ရှေ့တန်းလွှတ်ရင် အမျိုးသားတွေပဲ လွှတ် တယ်။ အမျိုးသမီးတွေကျတော့ အန္တရာယ်များလို့ စိုးရိမ်လို့ဆိုပြီးမလွှတ်ဘူး။ အဲ့တော့ ကျမတို့ဘယ်လောက်လုပ်နိုင်လဲဆိုတာ သူတို့မသိတော့ဘူးလေ။”
ကရင်နီပြည်က တော်လှန်ပန်းတစ်ပွင့်
“ ဒီတော်လှန်ရေးကိုအရှုံးမပေးချင်လို့ လက်နက်ကိုင်တဲ့လူမှ တော်လှန်ရေးလုပ်တာမဟုတ်တဲ့အတွက်ကြောင့် ကျွန်မဒီဟာကို ဆက်လက်ပြီးထမ်းဆောင်နေတာဖြစ်ပါတယ်။ ထပ်ပြီးထိခိုက်မိမှာတော့စိုးရိမ်တယ်။ ဒါပေမယ့် ပြည်သူရဲဘော်အတွက်ဆိုတဲ့ စိတ်ကိုအဓိကထားပြီး တာဝန် ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။”