
စစ်ဘေးရှောင်စခန်းက အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် အလင်းတစက်
“ကိုယ်မျှော်လင့်ထားတဲ့ ဘဝအခြေအနေ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးမှာ လုပ်နေရတာ မဟုတ်တော့စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ အခါတိုင်းတော့ကိုယ့်နားမှာရှိတဲ့ သူတွေထဲစစ်ရှောင်တွေရှိမယ်။ ကိုယ်နဲ့ရွယ်တူ ကိုယ့်လက်ထဲမှာတင် အသက်ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ်။ အမျိုးသမီးငယ်လေးတွေ ရှိတယ်။ သူတို့တွေကိုတွေးပြီးတော့ ပိုပြီးအားယူတယ်”

တော်လှန်ရေးကာလမှာ မုဒိမ်းမှုကိုရေငုံနှုတ်ပိတ်နေရမလား
“ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အာဏာသိမ်းပြီးနောက်မှာ အင်မတန်မှများလာတယ်။ အဲ့ဒီသက်ငယ်မုဒိမ်းမှုတွေကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ မိသားစုကိစ္စဆိုပြီး အမှု ပျောက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ သက်ငယ်မုဒိမ်းမှုတွေကို ထိန်းသိမ်းဖို့ကခက်ခဲလာတဲ့အနေအထားဖြစ်လာပါတယ်။”

တန်းတူအခွင့်အရေးရဖို့ အလှမ်းဝေးနေဆဲ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ
“တော်လှန်ရေးနဲ Transgender တွေကမသက်ဆိုင်ဘူးဆိုပြီး ပါဝင်လာတဲ့အခါမှာလည်းဖမ်းဆီးခံရတာ၊ အပြင်းအထန်ညှင်း ပန်းနှိပ်စက်တာ စစ်ကြောရေးကိုရောက်တဲ့အခါမျိုးမှာလည်း လိင်အမြတ်ထုတ်တာ ရင်သားတွေကိုဆေးလိပ်မီးနဲ့ထိုးတာ၊ စအိုထဲကိုပုလင်းနဲ့ထိုးတာ အကြမ်းဖက်ဆက်ဆံခံရတာတွေကြုံခဲ့ရတာ”

စိတ်ပိုင်းဆိုင်ရာ ထိခိုက်စိန်ခေါ်မှုတွေကြား ကြံ့ကြံ့ခိုင်ရပ်တည်နေတဲ့ အမျိုးသမီးသတင်းသမားတွေ
“သတင်းသမားတယောက်အနေနဲ့ အခုချိန်မှာလူသေတယ်လို့ပြောလိုက်ရင် မထူးဆန်းတော့ဘူး။ လူသေအလောင်းတွေတွေ့ရင် စိတ်ထဲမှာထုံပြီးတော့ ဘယ်လိုမှမခံစားရဘူး။ ထုံထုံကြီးဖြစ်သွားတာ အဲ့လို ခံစားချက်တွေဖြစ်သွားတယ်”

မိသားစုစိတ်ဓာတ်ဆိုသည်ကို တလွဲအသုံးချပြီး လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှုခံနေရသည့် လုပ်ငန်းခွင်မှအမျိုးသမီးများ
“ ကျမဘယ်သူ့ကိုပြောပြရမှာလဲ။ လက်ကိုင်တာ ပုခုံးဖက်တာက ဗိုက်ကြီးတာမှမဟုတ်တာလို့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ပြောကြတယ်။ နောက်ပြီးတစ်ခုခုပြောရင်လည်း အပြစ်မရှိအပြစ်ရှာ အလုပ်ထုတ်ခံရမှာလည်း ကြောက်ရတယ်။ အလုပ်က ရှားပါးတယ်လေ”

တော်လှန်ရေးကို ကျမတို့လက်ထက်မှာ အဆုံးသတ်ချင်ပြီ
“ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”

သန္ဓေတားဆေးများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မြို့ပြတွေပါခက်ခဲနေ
“ကိုယ်လုပ်သမျှ အရာမထင်တော့တဲ့ကာလမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းထားဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ ခေါ်ပြီး မနိုင်ဝန်ထမ်းမယ့်အတူတူ ငါတို့တော့ ကလေးထပ်မယူတော့ဘူးလို့ မိန်းမနဲ့လည်း တိုင်ပင်ထားတယ်၊ သူလည်း ဆေးထိုး ဆေးသောက်မလုပ်ချင်ဘူးဆိုတာနဲ့ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် ”

အကြမ်းဖက်မှုတွေ တုံ့ပြန်နိုင်ဖို့ အမျိုးသမီးတွေကို ကိုယ်ခံပညာသင်ပေးနေသူ
“မိန်းကလေးဆိုတာ အချိန်တန်လို့ယောကျာ်းယူရင် လုံခြုံပြီလို့ထင်တာ အဲ့လိုအတွေးလောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။ မိန်းကလေးတယောက်က သူ့ကိုယ်သူကာကွယ်နိုင်ရင် ပိုလုံခြုံမယ်ဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိမနေဘူး။ အဲ့ကြောင့် ညီမဒီသင်တန်းတက်ချင်တာ။ ဘာတွေပြောင်းသွားလဲဆိုတာ မိဘတွေကိုပြချင်တယ်။”လို့ မိဆုက ဆိုပါတယ်။

မသန်ပေမယ့် အောင်မြင်မှုကို ထွေးပိုက်နိုင်ခဲ့တဲ့ ချင်းဒီဇိုင်နာ လားလျန်မွဲ
“ငယ်ငယ်တုန်းက နားမကြားတဲ့အတွက် လူတွေက အမကို အရူးလို့ လက်ညှိုးထိုးကြလို့ လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသွားတိုင်း သူအမြဲတမ်းငိုတယ်။ အဲ့အချိန်က သူစာအရမ်းသင်ချင်ခဲ့တယ်လို့ ကျွန်တော် ကို ပြောပြတယ်။”လို့ မောင်ဖြစ်သူက ရှင်းပြပါတယ်။

ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ထောင်တွင်းကနိုင်ကျဉ်းအမျိုးသမီးတွေ
“ပြီးတော့ ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီတမောဆေးတမျိုးပဲပေးနိုင်တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ၂၀၂၁ မှာ လည်ပင်းမှာ ကြက်ရိုးဆူးတဲ့သူကို ပါရာကတ်ဆေးလေးလာပေးတယ်။ ဒါလေးသောက်ထားပါတဲ့။ အဲ့ဒါက မြန်မာတနိုင်ငံလုံးကအကျဉ်းထောင်တွေမှာ ဖြစ်နေတဲ့အခြေအနေပါ။”လို့ သူကရှင်းပြပါတယ်။


