နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး

ရှင်ငြိမ်း စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနှင့် နန်းယွန်းမြို့နယ်ရှိ ကျေးရွာများတွင် ကျန်းမာရေး ဝန်ထမ်းနှင့် ဆရာဝန် လုံးဝမရှိသည့်အတွက် လွန်ခဲ့သည့် ၂ လအတွင်း မီးဖွားစဉ် အချင်းမကျခြင်းနှင့် သွေးလွန် ခြင်းတို့ကြောင့် မိခင် ၅ ဦး မသေသင့်ဘဲ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “အရင်ကတည်းက ဆရာဝန်စုံစုံလင်လင် မရှိတာ၊ ခုဆို ပိုဆိုးတာပေါ့၊ မီးဖွားတဲ့အခါမှာ အချင်းမကျတာတို့၊ ဘယ်လိုလုပ်ရမယ် သူနာပြု ဆရာမတွေ မရှိတော့ မွေးလို့မရဘူး၊ နန်းယွန်းတို့ လေရှီးတို့မှာ ဆေးရုံရှိတယ်ဆို ပေမဲ့ ရွာတွေနဲ့က အရမ်းဝေးတော့ ဆိုင်ကယ်နဲ့သွားဖို့တောင် မလွယ်ဘူး”ဟု လေရှီးမြို့နယ်အပိုင်ကျေးရွာတရွာမှ ဒေသခံ ဒေါ်မာဂရက်က HI – Honest Information သို့ ပြောသည်။ အဆိုပါဒေသတွင် အာဏာမသိမ်းမီကတည်းက … Continue reading နာဂဒေသတွင် ဆရာဝန်မရှိ၍ ၂ လအတွင်း မီးဖွားမိခင် ၅ ဦးသေဆုံး