Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “ တစ်ယောက်တည်းဆိုတော့ သတ္တိမွေးရတယ်။ သင်တန်းသူ ၁၄ ဦးဆိုတာက တော်ရုံဆရာမတွေက လက်ခံမှာ မဟုတ် ဘူး။ ကျမကတော့ သူတို့တွေကို တတ်စေချင်တဲ့စိတ်ရှိတာကြောင့် ပင်ပန်းရင်လည်း ကိုယ်တတ်သလောက်ကို အကုန် သင်ပေးနေတာပါ”

  • နိုင်ငံရေးနဲ့ ရောဂါအခြေအနေတွေမရှိခင်ကာလကတည်းက single mother အချို့ဟာရုန်းကန်ကြရပါတယ်။ ကလေး ကြည့်ပေးမယ့်သူရှိရင် အလုပ်ထွက်လုပ်နိုင်တဲ့သူတွေရှိသလို အလုပ်ထွက်လုပ်တဲ့အခါမှာလည်း အိမ်စရိတ်နဲ့ ကလေးစရိတ်နဲ့ မလောက်ငှသူတွေလည်းရှိတယ်လို့ single mother တချို့ကပြောပြပါတယ်။ လက်ရှိ တိုင်းပြည်မှာ စစ်ဘေး ရောဂါဘေးတွေ ကြုံနေရတဲ့အချိန်မှာတော့ မိဘစုံလင်တဲ့ မိသားစုတွေမှာတောင် အခက် အခဲတွေကြုံနေကြရပြီး Single Mother မှာဆို ပိုလို့တောင် ခက်ခဲနေရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ရုန်းကန်နေ ရပေမယ့်လည်း Single Mother တွေဟာ အားမလျော့သွားကြပါဘူး။

  • “ အခုက တိုင်းပြည်ကမကောင်း၊ ကိုဗစ်ကဖြစ်လာတော့ အိမ်လခမပေးနိုင်တော့ ဆင်းတော့ဆိုပြီး အိမ်ထဲရှိတာတွေ အကုန်ဆွဲထုတ်တာ။ ခြေသလုံးဖက်တောင်းပန်တာတောင်မရဘူး”

  • “ကျမတို့က မနက်မိုးလင်းရင် ဈေးဝယ်ထွက်ရတယ်။ တစ်ချို့ကျတော့လည်း ဝင်ငွေရဖို့ အလုပ်သွားလုပ်ရတာ တွေရှိတယ်။ ပြန်လာချိန်ကျရင်လည်း ဒီအတိုင်းပဲ နေထိုင်ကြတာများတယ်။ ကိုဗစ်စည်းကမ်းတွေကို သိပ်သတိမထားမိကြဘူး”

  • ” ငွေရေးကြေးရေးမတတ်နိုင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာ။ ဒီအချိန်မှာ အကုန် လုံးက ခက်ခဲနေတာဆိုတော့ ဝင်ကူညီဖြစ်တာ”

  • “ အမျိုးသမီးတွေ ညဘက် မပေးစောင့်ဘူး အမျိုးသားဘဲ စောင့်ရတယ် မိုးလင်းပေါက်ထိစောင့်ရတယ်။ ဝင်ငွေကမရှိ လူထပ်ငှားရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ သွားလို့ အဆင်ပြေနေသေးတယ်ဆိုရင် ကိုယ်တိုင် သွားလိုက်တယ်”

  • “ အရင်တုန်းကလူတွေလည်းစီးပွားရေး မကျပ်တည်းကြတဲ့အခါကျတော့ လုပ်ငန်းတွေကအဆင်ပြေကြတဲ့အတွက် PPE တွေ Mark တွေလိုအပ်ရင်လည်းလာထောက်ပံ့ကြတယ်။ အခုက မလှူနိုင်ကြဘူး ရောဂါအကူးခံပြီးလုပ်နေရတဲ့သဘော။ အခုကစိတ်ပိုပင်ပန်းတယ်။ ဘာကြောင့်ပိုပင်ပန်းတာလဲဆိုတော့ လူတိုင်းကိုမကယ်နိုင်တော့ဘူး။”

  • “အစကတော့ ပင်ပန်းလွန်းလို့၊ မိသားစုအတွက် စိုးရိမ်လွန်းလို့ အလုပ်ထွက်မယ် နားမယ်လို့ တွေးပေမယ့် သတင်းထောက်မှန်းသိနေတာဆိုတော့ မထူးဘူးလေ။ ကိုယ့်ပြည်နယ်အတွက် သတင်းအမှန်တွေ စီးဆင်းနိုင်ဖို့၊ ကိုယ့်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်နေတာတွေကို တခြားသူတွေသိရှိနိုင်ဖို့ ဆိုတဲ့စိတ်က ပိုပြီးပြင်းထန်လာတယ်။ ဒီအချိန်မှာကသတင်းအချက်အလက်အမှန်တွေ စီးဆင်းနိုင်ဖို့၊ လက်လှမ်းမီသလောက်ကို ကိုယ့်လူထုတွေအတွက် ဖော်ထုတ်သွားမယ်ဆိုတဲ့ ခံယူချက်ပိုဖြစ်လာတယ်။”

  • “ခေါင်းတွေမူးပြီး ထတောင်မထနိုင်ပေမယ့် နို့စို့အရွယ်သားလေးရှိနေတော့ ကလေးကိုတော့ နို့ချိုတိုက်ရသေးတယ်။ နို့တိုက်တဲ့အချိန် Mask တပ်ထားတယ်။ ပြောမယ်ဆို ခါတိုင်းလိုတော့ဏခဏ နို့မတိုက်နိုင်တော့ဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ်ပဲ တိုက်တော့တယ်။ နေ့ဘက်တွေ သူ့အဖေကြီးအမေကြီးတွေလက်ထဲ ကလေးကိုအပ်ပြီး အခန်းထဲသီးသန့် နေတယ်။ ညဘက်ရောက်မှ ကလေးကိုအခန်းထဲခေါ်သိပ်တယ်။ အိပ်ချိန်မှာလည်း Maskတပ်ပြီးပဲအိပ်တယ်။”

  • “ဆရာဝန်တွေ CDM လုပ်လို့ ရောဂါကူးစက်နှုန်းများသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ CDM လုပ်တဲ့ ဆရာဝန်တွေ၊ ပရဟိတ ကူညီရေးအသင်းတွေ၊ အလှူရှင်တွေနဲ့ ဗော်လန်တီယာလေးတွေကို ဘယ်သူတွေက လိုက်ဖမ်းနေတာလဲ။ စစ်တပ်သာလိုက်မဖမ်းခဲ့ရင် CDM လုပ်ရင်း ဆေးကုပေးလို့ရတယ်”