သတင်းဆောင်းပါး
“ဈေးနှုန်းမရှိတာတစ်ဖက်၊ ရောင်းမရတာ တစ်ဖက်၊ ပိုးကျလို့ ဆုံးရှုံးမူတဖက်၊ ဝင်ငွေလည်း နည်းပါးသွားပြီး စားရေးသောက်ရေးကို ချွေတာစွာ စားသုံးနေရတယ်။ အရင်းအနှီးအတွက် ချေးထားတဲ့အကြွေးလည်းဆပ်ဖို့ အဆင်မပြေ တော့တဲ့ အထိပါပဲ။”
သတင်းဆောင်းပါး
“ဈေးနှုန်းမရှိတာတစ်ဖက်၊ ရောင်းမရတာ တစ်ဖက်၊ ပိုးကျလို့ ဆုံးရှုံးမူတဖက်၊ ဝင်ငွေလည်း နည်းပါးသွားပြီး စားရေးသောက်ရေးကို ချွေတာစွာ စားသုံးနေရတယ်။ အရင်းအနှီးအတွက် ချေးထားတဲ့အကြွေးလည်းဆပ်ဖို့ အဆင်မပြေ တော့တဲ့ အထိပါပဲ။”
“၈၈ တုန်းကရောအခုလက်ရှိ နွေဦးတော်လှန်ရေးမှာပါ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ရပါဝင်ရ၊ ဘယ်လိုပဲပေးဆပ်ရပေးဆပ်ရ၊ အောင်မြင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေတယ်”
“ကျမအပေါ်မှာ မလိုလားတဲ့သူတွေ ရှိမှာကိုလည်း ကြိုတွေးပြီးသားပါ။ ကိုယ့်အတွက် အသက်အန္တရာယ် အချိန်မရွေးရှိနိုင် တယ်လို့လည်း တွေးထားပါတယ်။ မလိုတဲ့ စကားတွေ တိုက်ခိုက်ဝေဖန်တာတွေလည်း ရှိမှာကို တွက်ဆထားပြီးသားပါ။ ကျမ ဒါတွေကိုမကြောက်ပါဘူး။ ဒီအလုပ်ကို ဆက်ပြီး မလုပ်နိုင်မှာကိုပဲ ကြောက်တာပါ”
“ဘာသာလည်းမခွဲခြားဘူး။ လူမျိုးလည်းမခွဲခြားဘူး။ ချစ်ချစ်ခင်ခင်နေမယ်။ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်ရှိရင်လည်း လက်တွဲခေါ်မယ်။ ကိုယ်နိုင်သလောက် စည်းစည်းလုံးလုံးနဲ့ လက်တွဲပြီးကြိုးစားမှပဲ ဒီကပ်ရောဂါကနေလွတ်မြောက်နိုင်မယ်”
“ ပူတာမှလေ နေခုနစ်စင်း ရင်မှာပိုက်ထားရသလိုပဲ။ ခုမွေးလူနာတွေကို ဘယ်ဆေးရုံ၊ ဆေးခန်းမှ လက်မခံလို့ သေတာ တွေမြင်ရတော့ ကျမလည်းမွေးခါနီးဆိုတော့ တွေးပူပြီး အရမ်းစိတ်ဖိစီးရတယ်”
“ပြည်သူတွေအားလုံး စစ်အာဏာရှင်ကို မလိုချင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်လာအောင် ဘာလုပ်နိုင်လဲလို့ တွေးတဲ့အခါကျတော့ ပြည်သူလူထုကို အသိပညာပေးတဲ့နေရာမျိုး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်တဲ့နေရာမျိုးမှာ လုပ်နိုင်တာ သေချာတဲ့အတွက် အဲ့လုပ်ငန်းတွေကို ဖမ်းခံရနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ဆက်လုပ်တယ်။ စစ်အာဏာရှင် လက်အောက်မှာ မနေချင်ဘူး။ အဲ့အတွက်ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က စည်းရုံးလှုံ့ဆော်တဲ့ သဘောပဲ”
” ဆရာလေးတို့က ဗာဟီရအစုံ ခက်ခဲနေတာ စားစရာနဲ့ ပြင်ပကုန်ကျစရိတ်တွေက ရပ်ထားလို့မရဘူး။ အရင်က မပြေလည် ဘူးဆိုရင် ကလေးတွေကို ကျောင်းလေးတော့မတက်နဲ့ဦးဟေ့ ဆွမ်းခံသွားပြီးနေ့လည်မှတက်ပါ ကိုယ်တိုင်လည်း ရန်ကုန် သွားပြီး ဒါယိကာမတွေဆီ သွားအလှူခံရင် အဆင်ပြေတယ်။ အခုကအဲ့ဒီလို မရတော့ဘူး။”
“ ရောဂါကပ်ဘေးကြီး အမြန်ဆုံးပြီးစေချင်ပါတယ်။ နိုင်ငံရေးတွေနဲ့ စစ်ရေးတွေကိုလည်း အမြန်ဆုံးြငိမ်း ချမ်းစေချင်ပါပြီ အရင်ကလိုဈေးရောင်းကောင်းစေချင်ပါတယ်။ ကပ်ဘေးကြားထဲက ကျွန်မတို့လိုမုဆိုးမတွေရဲ့ ဘဝခါးခါး နေ့ရက်တွေကို အမြန်ဆုံး အဆုံးသတ်ခွင့်ရချင်ပါတယ် ။ ”
မိသားစုတွေမှာ တစ်စုံတစ်ယောက်နာမကျန်းဖြစ်ရင် ပင်ပန်းရတာ အိမ်ရှင်မ တာဝန်ယူထားတဲ့ မိခင်တွေ ၊ဇနီးတွေ ၊သမီး တွေပါ။ ဖျားနာနေတဲ့ အိမ်သားကို ပြုစုစောင့်ရှောက်ရတာ၊ အဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမဲ့ အစားစာတွေ ချက်ပြုတ် ကျွေးမွေးရတာ၊ လျှော်ဖွတ်သန့်ရှင်းရတာတွေကလည်း အိမ်ရှင်မတွေပါပဲ။ တချို့အိမ်ရှင်မတွေဆို အိမ်အတွက် ဝင်ငွေ ရှာဖွေတာလည်းမပြတ်စေဘဲ တဖက်က အိမ်သားတွေ ကို ပြုစုရတာတွေလည်း ရှိပါတယ်။
ကိုဗစ်ဖြစ်ပွားတဲ့အခါမှာလည်း အိမ်မှာတစ်ယောက်ဖြစ်ရင် တစ်မိသားစုလုံး ကူးစက်နိုင်တယ်ဆိုတာသိပေမဲ့ နာမကျန်းတဲ့ အိမ်သားကို မျက်နှာမလွှဲဘဲ ပြုစုစောင့်ရှောက်ပေး၊ချက်ပြုတ်ကျွေးမွေး၊ လိုအပ်တာ တကိုယ်တည်းထွက်ဝယ်ရပြီး အိမ်မှာ အောက်ဆီဂျင်လိုတယ်ဆို ညအချိန်မတော် နေရာပေါင်းစုံသွား အောက်ဆီဂျင်အရှာထွက်ရတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေလည်း အများအပြားပါ။
“အမျိုးသမီးဝန်ကြီးဌာနဖွဲ့ထားတာ သုံးလကျော်အတွင်းမှာ ထုတ်ပြန်ချက်တစောင်ပဲထုတ်တယ်။ ဒီလိင်ကိစ္စနဲ့ ပတ်သက် လို့ပေါ့။ ကျမတို့ဖြစ်စေချင်တာက ဒီအပေါ်မှာသူတို့အင်တိုက်အားတိုက်ဘယ်လိုလုပ်နေတယ်ဆိုတာမျိုး ဥပမာ ဘယ်မှာ ဘယ်လိုပုံစံမျိုးကျူးလွန်ခံနေရတယ်။ စုံစမ်းစစ်ဆေးနေတယ်ဆိုရင်လည်း ဘယ်အခြေအနေရောက်ပြီပေါ့။”