Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “ ပြန်ရင်လည်း အရင်ကဆို စပါးစိုက်၊ ပြောင်းစိုက်၊ တောင်ယာလုပ်၊ အထည်လေးဘာလေး လက်လီလက်ကားယူပြီး ပြန် ရောင်း စတာတွေ လုပ်လို့ရပေမယ့် အခုချိန်ကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြန်ရောက်တာနဲ့ ကိုယ့်မှာရှိတာ ချွေတာစားရုံပဲဆိုတော့ ရေရှည်ဆို ငတ်သေဖို့ပဲရှိတယ်”

  • “ အခုလိုခက်ခဲနေတဲ့ကာလမှာ မရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီတဲ့အနေနဲ့ ဈေးတင်ရောင်းတာ၊ ကုန်ဈေးနှုန်း ထိန်းချုပ်တာတွေက မလုပ်သင့်ပါဘူး။ ဘာလို့ဆို အားလုံးခက်ခဲနေတဲ့အချိန်မှာ အမြတ်မယူဘဲရောင်းပေးတာကိုက ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်”

  • “ထွက်ပေါ်လာတဲ့ ဆေးမြီးတိုတွေဟာ အမျိုးအစားစုံလင်လှပြီး တမာရွက်(သို့)လောက်သေရွက်ပြုတ်ရည်၊ ချင်း(ဂျင်း) ပြုတ်ရည်၊ ပင်စိမ်းရွက်ပြုတ်၊ ဗီးစပ်ရွက်ပြုတ်၊ ကြက်သွန်အစိမ်းကိုရေမဆေးဘဲ အလုံးလိုက်ကိုက်စားတာ၊ ထုံးနဲ့ လျှက်ဆား ကိုရောမွှေပြီးရှုတာ၊ နံနွှင်း မှိုင်းခံတာ၊ ဆားငွေ့ (ဒါမှမဟုတ်)ရေနွေးငွေ့ရှုတာ အစရှိတဲ့ နည်းမျိုးစုံကို အသုံးပြုပြီး ကုသနေကြတာ ဖြစ်ပါတယ်။ ”

  • “ ကိုယ့်အလုပ်က တစ်ရက်နှစ်ရက်မဟုတ်ဘူး၊ အနှစ်နှစ်ဆယ်လောက်ဆိုတော့ သံယောဇဉ်ရှိတယ်။ စိတ်မကောင်းတော့ တော်တော်ဖြစ်တယ်။ အရုပ်ကြိုးပြတ်ပဲ။ ဘယ်ဆက်သွယ်လို့ဆက်သွယ်ရမှန်းလဲမသိ ကိုယ်ကလည်း ကျွမ်းကျွမ်းကျင်ကျင် မသိဘူး။ ထောက်ပံ့မှုမရဖူးဘူး”

  • “ထမင်းရယ်လို့ သေချာမစားရတာ ငါးလလောက်တောင်ရှိတော့မလားဘဲ၊ အလှူရှင်တွေရှိရင်တော့စားဖို့ရတယ်။ အလှူကလည်းအမြဲရှိမနေတော့ ဘာမှရှာလို့ဖွေလို့မရရင် ဒီအမှိုက်ပုံပဲ လာရတော့တာပဲ၊ အမှိုက်ပုံကစားစရာရနေလို့သာ အခုထိအသက်ရှင်နိုင်တာပေါ့”

  • “ကိုဗစ်ကာလမှာ ကျမတို့ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပိုလို့ဝေးသွားခဲ့ပြီ။ ရောဂါကို ခုခံဖို့အတွက် ကိုယ်ခံအားကောင်းဖို့
    လိုတယ်ဆိုပေမယ့် အသားငါးတွေ ဝယ်စားဖို့အတွက်ကျတော့လည်း ပိုက်ဆံမှမရှိကြတာ။ ကျမ နေမကောင်းရင် ဗိုက်ထဲကကလေးပါ ထိခိုက်သွားနိုင်တဲ့အတွက် ကလေးမွေးဖို့ကိစ္စကို တွေးရင် ငိုချင်တယ်။”

  • “အရေးပေါ်ယာဉ်ပေါ်မှာမို့ မီးနေခန်းကို ထွေထွေထူးထူး ပြင်ဆင်မပေးနိုင်ပါ။ ကားမှန်ပြူတင်းက လိုက်ကာများကို အကာ အရံအဖြစ် ချထားလိုက်သည်။ ထို့နောက် လူနာစောင့်များလိုက်ပါသည့်အခါထိုင်ရသည့် ဘေးခုံတန်းနှစ်ခုမှ တစ်ခုကိုဖြုတ် ကာ ကျန်တစ်ခုကိုမူ အလယ်တည့်တည့်ရွှေ့သည်။ ပြီးသည်နှင့် ထိုခုံပေါ်သို့ လူနာအား မ တင်ကာ မီးဖွားနိုင်ရန်ပြင်ဆင် ရ၏။”

  • “အောက်ဆီဂျင်ရဖို့အရေး ယောက်ျားလေး မိန်းကလေးမခွဲ တန်းတူတန်းစီစောင့်ဆိုင်းသလို ၁၀ လီတာ၊ ၁၅ လီတာ ဆန့်တဲ့အိုးတွေကို ကိုယ်တိုင်ဝင်မတာ သယ်ဆောင်တာမျိုးလုပ်ပါတယ်၊ အောက်ဆီဂျင်အိုးတွေက လေးလံပြီးပြုတ်ကျရင် လူကိုထိခိုက်တာတွေရှိနိုင်ပေမယ့် အောက်ဆီဂျင်ရမှ အသက်ရှင်သန်နိုင်မယ့် လူနာတွေအတွက် စဉ်းစားပြီး စနစ်တကျ နဲ့လုပ်ဆောင်ကြရပါတယ်။”

  • “မုဒိမ်းမှုတွေက ဆင်းရဲလို့၊ အလုပ်အကိုင်ရှားလို့ဆိုတဲ့ အကြောင်းအရာတစ်ချို့ပေါ်မှာမူတည်ပြီး ဖြစ်နေတာ မဟုတ်ဘူး။ အကြောင်းအရာ အမျိုးမျိုးပေါ်မူတည်ပြီးတော့ဖြစ်နေတာ။ ကာမအားကြီးပြီး ပြသနာဖြစ်ချင်နေတဲ့ သူတွေကြောင့် ဖြစ်တာ လို့ပဲမြင်တယ်”

  • “ အရင်က စက်လှေသမား၊ အခုတော့ငါးဖမ်းသမားဖြစ်နေပြီ။ အရင်ကိုဗစ်တုန်းက ဒီလောက်မခက်ခဲဘူး။ အခုကလုပ်စရာ အလုပ်ကို မရှိတာ။ ဘယ်ဝင်ငွေနဲ့စားမလဲ။ ဒီလောက်ကြာတော့ ရှိတာတွေလည်း စားလို့ကုန်ပြီလေ။ အကြွေးမတင်ရင် တောင်ကံကောင်းတယ်”